လူ့အခွင့်အရေး  •  တိုင်းရင်းသားအခွင့်အရေး  •  ဒီမိုကရေစီရေး

ကေအိုင်စီ ဖေ့စ်ဘွတ်စာမျက်နှာအပေါ် အသိပေးခြင်း။

KIC (Karen Information Center) ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ ယခင် Page အဟောင်း တစ်ခုဖြစ်သော်လည်း ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလမှာ အဟက်(တိုက်ခိုက်)ခံလိုက်ရပါတယ်။
ထိုအချိန်မှစ၍ ၎င်းအွန်လိုင်းစာမျက်နှာကို ကေအိုင်စီ-ကရင်သတင်းဌာနမှ ပြန်လည် ထိန်းချုပ် ကိုင်တွယ်နိုင်ခြင်း မရှိတော့ကြောင်းနှင့် လတ်တလောအချိန်ထိ တင်ဆက်ဖော်ပြနေသမျှ သတင်း၊ ဓာတ်ပုံ၊ အချက်အလက်များ အားလုံးမှာ ကေအိုင်စီ-ကရင်သတင်းဌာနမှ ဖော်ပြမှုများ လုံးဝ(လုံးဝ) မဟုတ်ပါကြောင်း သတင်းစာဖတ်ပရိဿတ်များကို ထပ်မံ အသိပေးလိုပါတယ်။

ကေအိုင်စီ၏ ဆိုရှယ်မီဒီယာစာမျက်နှာ အမှန်ကို www.kicnews.org နှင့် Link ချိတ်ဆက်ထား သကဲ့သို့ ယခု ဖေ့စ်ဘွတ်အကောင့် စာလုံးအမှန်မှာ မြန်မာလို (ကေအိုင်စီ – ကရင်သတင်းဌာန) ဖြစ်သည်ကိုလည်း ထပ်မံ အသိပေးလိုက်ပြီး လက်လှမ်းမှီရာ ပရိဿတ်များကို သတင်းစကား ပါးပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါတယ်။

ရိုသေလေးစားစွာဖြင့်
အယ်ဒီတာအဖွဲ့
ကေအိုင်စီ
(သြဂုတ်လ ၂၈ရက်၊ ၂၀၁၇ခုနှစ်)