လူ့အခွင့်အရေး  •  တိုင်းရင်းသားအခွင့်အရေး  •  ဒီမိုကရေစီရေး

ပထမဆုံးအကြိမ် မွန်ပြည်နယ် ကရင်လူငယ်တွေ့ဆုံပွဲ စတင်ကျင်းပ

သြဂုတ် ၁ဝ ရက်၊ ၂ဝ၁၇ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်အတွင်းရှိ ကရင်လူငယ်များ ဦးဆောင်ပြီး ပထမဆုံးအကြိမ်ပြုလုပ်သည့် မွန်ပြည်နယ် ကရင် လူငယ်တွေ့ဆုံပွဲကို မော်လမြိုင်မြို့ Holy Family Church ရိုမန်ကက်သလစ်ဘုရားကျောင်းဝင်းအတွင်း ယနေ့ (သြဂုတ်လ ၁၀ ရက်နေ့)တွင် စတင်ကျင်းပလျှက်ရှိသည်။

၎င်း လူငယ်တွေ့ဆုံပွဲတွင် KNU -ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ပဒိုစောပိုပိုတူးအောင်၊ စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနမှ ပဒိုစောလစ္စတန်၊ မွန်ပြည်နယ် ကရင်စာယဉ် ဒုဥက္ကဌ မန်းကျော်ရွှေ အပါအဝင် မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ ကရင်လူငယ်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

သြဂုတ်လ ၁၁ ရက်နေ့အထိ ပြုလုပ်မည့် နှစ်ရက်တာ ယင်းတွေ့ဆုံဆွေးနွေးမှုတွင် မြို့နယ်အလိုက် ကြုံတွေ့ရသည့် အခြေအနေများအား ချပြဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များဆွေးနွေးချမှတ်ခြင်း၊ မွန်ပြည်နယ် ကရင်လူငယ်ကွန်ယက် တာဝန်ခံများ ရွေးချယ်ဖွဲ့စည်းခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။