Home သတင်း KYO ၏ ပထမဦးဆုံးအကြိမ် လူငယ်‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ (Youth Forum)ကို မယ်လစခန်းတွင် ကျင်းပ

KYO ၏ ပထမဦးဆုံးအကြိမ် လူငယ်‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ (Youth Forum)ကို မယ်လစခန်းတွင် ကျင်းပ

1766

ဇူလိုင် ၂၆ရက်၊ ၂၀၁၇ခုနှစ်။ ‌စောရှား

ကရင်လူငယ်အစည်းအရုံး-KYO(ဗဟို)မှ ဦး‌ဆောင်ကာ ပထမဦးဆုံးအကြိမ် လူငယ်‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတစ်ခုကို ထိုင်း-မြန်မာနယ်စပ်၊ မယ်လဒုက္ခသည်စခန်းရှိ ပိုးကရင် ဘုရား‌ကျောင်းတွင် ဇူလိုင်လ ၂၆ရက်မှ ၂၈ရက်‌နေ့ အထိ ပြုလုပ်လျှက်ရှိသည်။

၎င်းလူငယ်‌တွေ့ဆုံ‌ဆွေး‌နွေးပွဲနှင့်ပတ်သက်၍ ‌ဆွေး‌နွေးပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီ၏ အတွင်း‌ရေးမှူး ‌စောအဲ‌ကော်က “စခန်းအ တွင်းမှာရှိတဲ့လူငယ်‌တွေဟာ လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌တွေဖြစ်တဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်‌တွေ၊ ဒုက္ခသည်များ ‌နေရပ်ပြန် ‌ရေးနဲ့ ပတ်သက်တဲ့အ‌ကြောင်းအရာ‌တွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှု‌တွေ လုပ် ‌ဆောင်နိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု ဇူလိုင်လ ၂၆ရက်(ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

သုံးရက်တာကြာမြင့်မည့် ထို‌ဆွေး‌နွေးပွဲတွင် လူငယ်များအ‌နေဖြင့် ‌ခေါင်း‌ဆောင်မှုနှင့် စီမံခန့်ခွဲမှုကဏ္ဍများအား သိရှိပြီး မိမိပတ် ဝန်းကျင်တွင် ဖြစ်ပွား‌နေ‌သော မူးယစ်‌ဆေးဝါး အပါအဝင် လူမှု‌ရေးပြဿနာများအား ဝိုင်းဝန်းအ‌ဖြေရှာကာ ‌ရှေ့လုပ်ငန်းစဉ်များ ချမှတ်အ‌ကောင်အထည်‌ဖော်နိုင်ရန်၊ ဒုက္ခသည်စခန်းရှိ လုပ်ငန်းတာဝန်များကို ဝိုင်းဝန်းလုပ်‌ဆောင်သွားနိုင်ရန် စသည့်ရည်ရွယ် ချက်များလည်း ပါဝင်‌ကြောင်း KYO တာဝန်ရှိသူများက ‌ပြောသည်။

‌ဆွေး‌နွေးပွဲ ပထမ‌နေ့တွင် ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း၊ မယ်လဒုက္ခသည်စခန်း‌ကော်မတီဝင် ‌စောဆန်း‌ဒေးမှ မယ်လ၏ သမိုင်း ‌ကြောင်းများ၊ လတ်တ‌လောနှင့် ‌နောင်လာမည့်ကာလများတွင် ဒုက္ခသည်များ၏ အခက်အခဲများနှင့် ကြိုတင်ပြင်ဆင်သင့်သည် များကို ရှင်းပြ‌ဆွေး‌နွေးခြင်းများအပြင် ည‌နေပိုင်းတွင် Drug and Alcohol Recovery Education – DARE Network မှ မူးယစ် ‌ဆေးဝါးအ‌ကြောင်းများကို တက်‌ရောက်လာသူ လူငယ်‌မောင်မယ်များနှင့်အတူ ‌ဆွေး‌နွေးခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဗဟိုနှင့် မယ်လဒုုက္ခသည်စခန်းရှိ KYO၊ ကရင်‌ကျောင်းသားများကွန်ယက်-KSNG၊ Dare Network၊ ဒုုက္ခ သည်စခန်း‌ကော်မတီမှ တာဝန်ရှိသူများ၊ မယ်လဒုုက္ခသည်စခန်းရှိ ‌ကောလိပ်‌ကျောင်း ၅‌ကျောင်းမှ ‌ကျောင်းအုပ်ဆရာများ၊ ‌ကျောင်းသူ‌ကျောင်းသားများ အပါအဝင် စုစု‌ပေါင်း ၇ဝဦးခန့် တက်‌ရောက်ခဲ့ကြသည်။

Engineering Study Program တက်‌ရောက်‌နေသူ နန်းလဲ့လဲ့က “ဒီ‌နေ့ ‌ဆွေး‌နွေးပွဲမှာ ၂၀၁၈ခုနှစ်ကျရင် ဒုက္ခသည်‌တွေကို ‌နေရပ်ပြန်ပို့ဖို့ ကိစ္စ‌တွေ၊ မူးယစ်‌ဆေးဝါးရဲ့ ‌ကောင်းကျိုး၊ ဆိုးကျိုး‌တွေကို သိရတဲ့အတွက် အရမ်း အကျိုးရှိပြီး ဗဟုသုတလည်း ရပါတယ်။ ဒီ‌ဆွေး‌နွေးပွဲပြီးရင် ကိုယ်သိထားတဲ့ အ‌ကြောင်းအရာ‌တွေကို ပြန်ပြီး ‌ဝေမျှသွားမယ်‌ပေါ့‌နော်”ဟု ‌ပြောသည်။

ယခုကဲ့သို့‌သော လူငယ်‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ အစီအစဉ်များကို မယ်လဒုက္ခသည်စခန်း အပါအဝင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင် ဒုက္ခသည်စခန်း ၇ခုစလုံးတွင် ယခု(ဇူလိုင်)လကုန်ပိုင်းမှစ၍ စက်တင်ဘာလအထိ ဆက်လက် ပြုလုပ်သွားမည်ဖြစ်‌ကြောင်း လည်း KYO တာဝန်ရှိသူများထံမှ သိရသည်။

ယခုနှစ် ‌ဖေ‌ဖော်ဝါရီလ၊ တတိယပတ်ကလည်း ကရင်ဒုက္ခသည်‌ကော်မတီ(KRC)က ဦးစီး၍ ဒုက္ခသည်စခန်းအားလုံးမှ လူငယ်များ ပါဝင်သည့် လူငယ်‌တွေ့ဆုံပွဲ(Youth Forum)တစ်ခုကို မယ်လစခန်း၌ပင် ကျင်းပခဲ့‌သေးသည်။