Home သတင်း ‌ရေးမြို့နယ်တွင် တုပ်‌ကွေး‌ကြောင့် စာသင်‌ကျောင်း ၂ ‌ကျောင်းပိတ်ထား

‌ရေးမြို့နယ်တွင် တုပ်‌ကွေး‌ကြောင့် စာသင်‌ကျောင်း ၂ ‌ကျောင်းပိတ်ထား

2891

ဇူလိုင် ၂၈ရက်၊ ၂ဝ၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

မွန်ပြည်နယ်၊ ‌ရေးမြို့နယ် ဘီဇိုင်း‌ကျေးရွာနှင့် ကလိတ်တုတ်‌ကျေးရွာတွင် တုတ်‌ကွေးအဖျား‌ရောဂါ ဖြစ်ပွား‌နေ သည့်အတွက် အ‌ခြေခံပညာ‌ကျောင်း နှစ်‌ကျောင်းကိုပိတ်ထားရန် ညွှန်ကြားထားသည်ဟု မြို့နယ် လက်‌ထောက် ပညာ‌ရေးမှူး ဦးသိန်းနိုင်က ဇူလိုင် ၂၇ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ဇူလိုင် ၂၆ ရက်‌နေ့မှာ ‌ရောက်သွား‌တော့ က‌လေး‌တွေက ဖျား‌နေတယ်။ အပြင်းကြီး‌တော့ မဟုတ်ဘူး။ တုပ်‌ကွေး အမျိုးအစားဘဲလို့ သိရတယ်။ မ‌နေ့က ကျန်းမာ‌ရေးဌာန တာဝန်ရှိသူ‌တွေ သွား‌ရောက် ‌ဆေးကုသမှု ပြုလုပ်‌နေတယ်။ မ‌နေ့ဘဲ ဘီဇိုင်း အ.မ.ကနဲ့ ကလိတ်တုတ် အ.လ.က ‌ကျောင်း‌တွေ ပိတ်ထားဖို့ ညွှန်ကြားထား တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ရေးမြို့နယ်တွင် လွန်ခဲ့သည့် ၁၅ ရက်ခန့်က မိုးအဆက်မပြတ်ရွာသွန်းပြီး‌နောက် အဖျား‌ရောဂါ စတင်ဖြစ်ပွားခြင်း ဖြစ်ပြီး ဘီဇိုင်း‌ကျေးရွာ အ.မ.က တွင် ‌ကျောင်းသား ၃ဝ ဦး နှင့် ‌ဒေသခံရွာသား ၂ဝ ဦး၊ ကလိတ်တုတ် ‌ကျေးရွာ အ.လ.က ‌ကျောင်းတွင် ‌ကျောင်းသား၊ ‌ကျောင်းသူ ၃ဝ ဝန်းကျင်ခန့် အဖျား‌ရောဂါ ဖြစ်ပွား‌နေသည့် အတွက် ဇူလိုင် ၂၇ ရက်‌နေ့မှ စတင်ကာ ‌ကျောင်းပိတ်ထားရန် ညွှန်ကြားထားပြီး လာမည့် ဇူလိုင် ၃၁ ရက်‌နေ့တွင် ‌ကျောင်း ပြန်ဖွင့်ရန်သင့်မသင့်ကို အ‌ခြေအ‌နေ‌စောင့်ကြည့် ထုတ်ပြန်သွားမည်ဟု လက်‌ထောက်ပညာ‌ရေးမှူး ဦးသိန်းနိုင်က ဆက်‌ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဝင်း‌ရေးမြို့နယ် အတွင်း‌ရေးမှူး ‌စောဝင်း‌ယော်က “ ရွာက‌လေး ‌ကျေးရွာက‌နေ တစ်အိမ် ၂ ‌ယောက်‌လောက် အဖျား‌ရောဂါ စဖြစ်တယ်။ ဘီဇိုင်းနဲ့ ကလိတ်တုတ်ရွာမှာ‌တော့ ‌ကျောင်းသားအများစု ဖြစ်တယ်။ စဖြစ်ဖြစ်ချင်း ကျ‌နော်တို့ တပ်ခွဲ ၄ က ‌ဆေးဝန်ထမ်း အဖွဲ့က‌နေ သွားကြည့်‌တော့ အ‌ယောက် ၇ဝ ‌လောက်ဖျား‌နေတယ်။ ရိုးရိုးတုပ်‌ကွေး‌ဆေး‌တွေပဲ ‌ပေးခဲ့တယ်။ လုံ ‌လောက်တဲ့‌ဆေးဝါးမရှိ‌တော့ သက်ဆိုင်ရာကို အသိ‌ပေးခဲ့တယ်” ဟု ဇူလိုင် ၂၇ ရက်‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ဇူလိုင် ၁၉ ရက်မှ ၂၇ ရက်‌နေ့ထိ တစ်နိုင်ငံလုံးတွင် ပြင်းထန်အသက်ရှူလမ်း‌ကြောင်း ပိုးဝင်‌ရောဂါ (Severe Acute Respiratory Illness) လူနာ (၅ဝ) ဦး ‌ဆေးကုသမှု‌ပေးခဲ့ပြီး Influenza A (H1 N1) Pdm 2009 – Positive စုစု‌ပေါင်းလူနာ (၃ဝ) ဦးရှိကာ ၎င်းတို့အနက် ၆ ဦး‌သေဆုံးခဲ့သည်ဟု ကျန်းမာ‌ရေးနှင့် အားက စားဝန်ကြီးဌာနက ရာသီတုပ်‌ကွေး‌ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ဇူလိုင် ၂၇ ရက်‌နေ့တွင် သတင်း ထုတ်ပြန် ထားသည်။