Home ဆောင်းပါး ‌ကျေးလက် ‌ဒေသပညာ‌ရေးဖွံ့ဖြိုးမှု (ကရင်ပြည်နယ်)

‌ကျေးလက် ‌ဒေသပညာ‌ရေးဖွံ့ဖြိုးမှု (ကရင်ပြည်နယ်)

2725

သာဝါး‌ဖေါ (‌စော‌အေးမြ)

ဆင်းရဲနွမ်းပါးခြင်း၊ အ‌တွေးအ‌ခေါ်နှင့် ခံယူချက်ကွဲပြားခြင်း၊ အကြံဉာဏ်ကွာဟမှုရှိခြင်း၊ လမ်းပန်းဆက်သွယ်‌ရေး ခက်ခဲခြင်း၊ အ‌ခြေခံအ‌ဆောက်အဦးမပြည့်စုံခြင်း၊ စီမံခန့်ခွဲမှုတွင် ‌ဒေသခံပြည်သူလူထုနှင့် ပူး‌ပေါင်း ‌ဆောင်ရွက်မှု အားနည်းခြင်း စသည် တို့‌ကြောင့် ‌ကျေးလက်‌ဒေသ ပညာ‌ရေးဖွံ့ဖြိုးမှုနှုန်းသည် လွန်စွာ ‌နှေး‌ကွေးလျက်ရှိသည်။

ပညာမြှင့်တင်‌ရေး စီမံကိန်း‌ဆောင်ရွက်ရာတွင် ‌အောက်‌ခြေမှ တင်ပြလာသည့် ကိန်းဂဏန်းများကိုသာ အားထား‌နေရသဖြင့် ဆုံး ဖြတ်ချက်တစုံတရာ ချမှတ်ရာတွင် လွှမ်းခြုံမှုအားနည်းပြီး ကန့်သတ်ချက်အမျိုးမျိုး‌ကြောင့် နယ်‌မြေ‌ဒေသအသီးသီး၏ လိုအပ် ချက်အား ဖြည့်စွမ်းနိုင်ခြင်းမရှိပါ။ ‌ဒေသအသီးသီးတို့၏ လိုအပ်ချက်သည် ခွဲခြမ်းစိပ်ဖြာစီစဉ်‌ဆောင်ရွက်နိုင်မှုအ‌ပေါ် မှီတည်‌နေ သည်။

လိုအပ်ချက် အားနည်းချက်များ ဖြည့်စွမ်း‌ပေးရန် ‌ဆောင်ရွက်သည့်လုပ်ငန်းများတွင် သက်ဆိုင်ရာအဆင့်ဆင့်တို့၏ မျှတမှု အားနည်း‌သော ‌ဆောင်ရွက်မှုဖြစ်သည်ကို ‌ကျေးလက်‌ဒေသရှိ‌ကျောင်းများတွင် လူထုအ‌ထောက်အပံ့ဖြင့် ရွာခန့်ဟု ‌ခေါ်ဆို‌သော ဆရာအများအပြားရှိ‌နေခြင်းက သက်‌သေပြလျက်ရှိသည်။ ဤကဲ့သို့‌သော ဖြစ်ရပ်မျိုးများ ‌လျော့ပါးသွား‌စေရန် နည်းလမ်းသစ် များဖြင့် ရှာ‌ဖွေလုပ်‌ဆောင်ရန် လိုသည်။

တာဝန်ပျက်ကွက်မှု မသမာမှု၊ လာဘ်‌ပေးလာဘ်ယူမှုတို့နှင့်စပ်လျဉ်းသည့် စည်းမျဉ်းစည်းကမ်းများလိုက်နာ ‌ဆောင်ရွက်မှု တိုးတက်လာ‌စေရန်အတွက် အ‌လေးထား ‌ဆောင်ရွက်သင့်သည်။ ပြည်သူလူထု ပူး‌ပေါင်းပါဝင်မှု အခန်းကဏ္ဍအား တိုးမြှင့်‌ပေး ခြင်းနှင့်အတူ စည်းလုံးညီညွတ်မှု အင်အားပိုမိုရရှိရန် ‌ဆောင်ရွက်ရပါမည်။

လုပ်ထုံးလုပ်နည်းမူ‌ဘောင်နှင့်ကင်းကွာမှုများသည့် အလှည့်ကျတာဝန်ထမ်း‌ဆောင်‌ရေး အ‌ကောင်အထည်‌ဖေါ်မှု အားနည်းခြင်း နှင့် မူလတန်း‌ကျောင်းအုပ်အဖြစ် အချိန်ကြာမြင့်စွာ တာဝန်ထမ်း‌ဆောင်ခဲ့‌သော ဆရာ၊ ဆရာမများ အလယ်တန်းပြဆရာအဖြစ် တာဝန်ထမ်း‌ဆောင်ရန် ဆန္ဒရှိ‌သော်လည်း မူလတန်း‌ကျောင်းအုပ်အဖြစ်သာ ရှိ‌နေရမည်ဟူ‌သော အချက်တို့‌ကြောင့် ဝန်ထမ်းအ ချင်းချင်း စိတ်ဝမ်းကွဲပြားမှုဖြစ်‌ပေါ်‌စေကာ၊ ပူး‌ပေါင်း‌ဆောင်ရွက်မှု အားနည်းလာပြီး သင်ကြားသင်ယူမှုကို ထိခိုက်‌စေပါသည်။

အချိန်နှင့်တစ်‌ပြေးညီ ‌ဆောင်ရွက်ရန်ရှိ‌သော တာဝန်ခွဲ‌ဝေချထား‌ရေး၊ ‌ပြောင်း‌ရွှေ့‌နေရာချထား‌ရေး၊ ဖတ်စာအုပ် အချိန်မီရရှိ‌ရေး စသည့်ကိစ္စရပ်များအား ‌ဆောင်ရွက်ရာတွင် ‌နှေး‌ကွေးမှုနှင့် ပြည့်စုံလုံ‌လောက်မှုမရှိခြင်းသည်လည်း သင်ကြားသင်ယူမှုကို အား နည်း‌စေပါသည်။

မိမိတို့၏ ‌ကျေးရွာရှိ ‌ကျောင်းများတွင်း အတန်းဆုံးပြီး‌မြောက်‌သော ‌ကျောင်းသားများလွန်စွာ‌ဝေးလံ‌သော ‌ဒေသရှိ ‌ကျောင်းများသို့ လည်း‌ကောင်း ‌နေထိုင်ရန်အဆင်‌ပြေသည့် ဘုန်း‌တော်ကြီးသင်ပညာ‌ရေး‌ကျောင်းများသို့လည်း‌ကောင်း၊ သွား‌ရောက်ပညာသင် ကြား‌နေရသည့်အခက်အခဲအား‌ဖြေ‌လျှော့‌စေရန်၊ သင့်‌လျော်သည့် ‌နေရာ‌ဒေသများတွင် မူလွန်၊ အလကနှင့် အထက‌ကျောင်းများ ထားရှိရန် လိုသည်။

စည်းရုံးခြင်း ၊ ပညာ‌ပေးခြင်း လုပ်ငန်းများအား အတိုင်းအတာတစ်ခုအထိ ‌ဆောင်ရွက်‌နေ‌သော အ‌ခြေအ‌နေတွင် မူကြို‌ကျောင်း အ‌ရေအတွက် များလာ‌သော်လည်း အ‌ထောက်အပံ့မရရှိကြ‌သော မူကြို‌ကျောင်းအချို့ ပိတ်လိုက်ရသည့် အ‌ခြေအ‌နေမျိုးလည်း ‌တွေ့ရှိရသည်။ ကိုယ်ထူ၊ ကိုယ်ထဖွင့်လှစ်သည့် မူကြို‌ကျောင်းများအတွက် ‌ထောက်ပံ့‌ကြေးနှင့် မူကြိုဆရာတိုင်းအား သင့်တင့် ‌သော ချီးမြှင့်‌ငွေများ ပုံမှန်ထုတ်‌ပေးရန်လိုအပ်သည်။

ပညာ‌ရေး အရည်အ‌သွေးမြှင့်တင်‌ရေး ရည်မှန်းချက်အား အ‌ကောင်အထည်‌ဖေါ်နိုင်ရန် သင်ရိုးသစ်များအား သင်ကြား‌ပေးနိုင် ‌သော အရည်အ‌သွေးမြင့် ဆရာ၊ ဆရာမများရရှိ‌ရေးအတွက် ‌ရွေးချယ်‌လေ့ကျင့်‌ပေးရာတွင် အရည်အ‌သွေး အမှန်တကယ်ရှိ‌သော ဆရာ၊ ဆရာမ‌လောင်းများကို ‌ရွေးချယ်ရန်ဖြစ်သည်။ လက်ရှိ‌ရွေးချယ်မှုစနစ်နှင့် မူ‌ဘောင်တို့အရ ‌ရွေးချယ်ခဲ့‌သော ဆရာ၊ ဆရာမ အချို့သည် ရပ်ရွာလူထုနှင့်ပူး‌ပေါင်းလိုစိတ်၊ က‌လေးများ၏ ပညာ‌ရေးအ‌ပေါ် အာရုံစူးစိုက်မှု မိမိတို့၏တာဝန်အား အ‌လေးထားမှု၊ မည်သည့်‌ဒေသမဆို တာဝန်ထမ်း‌ဆောင်လိုမှု စသည်တို့တွင် အားနည်းလျက်ရှိခြင်း‌ကြောင့် ‌ရွေးချယ်မှုပုံစံ‌ကောင်းရှိသည်ဟု ‌ကောက်ချက်ချရန် ခက်သည်။

‌ကျေးလက်‌ဒေသအများစုတွင် ရွာခန့်ဆရာ အ‌ရေအတွက် များပြား‌နေရခြင်းသည် ‌ကျောင်းသားနှင့် ဆရာအချို့ မမျှ‌သေး‌သော ‌ကြောင့်ဟု အ‌ကြောင်းပြရန်မသင့်‌ပေ။ အခြား‌သော အ‌ကြောင်းအရင်းတစ်ခုဖြစ်သည့် ‌ကျောင်းသား အ‌ရေအတွက် လွန်စွာနည်း ပါးသည့် ‌ကျောင်းအချို့တွင် ဆရာများစုပုံ‌နေ‌သော အ‌ခြေအ‌နေကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။ ဖွဲ့စည်းပုံအရ ထားရှိသည် ဟူ‌သော အ‌ကြောင်းပြချက်အား ‌မေးခွန်းထုတ်ရန် သင့်လှ‌ပေသည်။ ဤကဲ့သို့‌သော အ‌နေအ‌နေမျိုးဖြစ်‌ပေါ်‌နေရခြင်းသည် ဆရာ၊ ဆရာမ‌လောင်းများ ‌ရွေးချယ်မှုပုံစံ အားနည်းချက်တစုံတရာရှိ‌နေပြီဖြစ်‌ကြောင်းကို မီး‌မောင်းထိုးပြခြင်းပင်ဖြစ်သည်။

ရွာခန့်ဆရာအများစုဖြင့်သာ စာသင်‌နေရ‌သော ‌ကျေးလက်‌ဒေသရှိ က‌လေးသူငယ်များအား အရည်အ‌သွေးမြင့် သင်ကြားနိုင် သည့် အ‌ခြေအ‌နေသို့ ‌ရောက်ရှိရန် လိုအပ်ချက်အများအပြားရှိ‌နေခြင်းအား ဝိုင်းဝန်းကူညီ‌ဆောင်ရွက်ရန်သာ ဖြစ်သည်။ သင် ကြား၊သင်ယူမှု တစ်‌ပြေးညီရရှိရန် ‌မျှော်မှန်းချက်အား လက်‌တွေ့ကျကျ အ‌ကောင်အထည်‌ဖေါ်နိုင်ရန် လတ်တ‌လော‌ဆောင်ရွက် သင့်သည်မှာ ဆရာ၊ ဆရာများ ‌ရွေးချယ်မှုစနစ်နှင့် မူ‌ဘောင်အား ဖြည့်စွက်ပြင်ဆင်ခြင်း၊ စီမံခန့်ခွဲမှုနည်းလမ်းနှင့် ပုံစံ‌ကောင်းများ ရရှိရန်‌ဆောင်ရွက်ခြင်း၊ ‌ကျောင်းအသီးသီးတို့၏ သာတူညီမျှ‌ရေးကို ‌ရှေးရှုသည့် ဝန်ထမ်းအင်အားဖွဲ့စည်းပုံကို ပြင်ဆင်ချမှတ်‌ပေး ခြင်းပင်ဖြစ်သည်။

အထူးသဖြင့် ‌ကျေးလက်‌ဒေသရှိ ‌ကျောင်းသားများအား ‌ကျောင်း‌နေမြဲရန်ဟု ထင်မြင်ရ‌သော ‌အောင်မြင်မှု ရာခိုင်နှုန်းမြှင့်တင်‌ပေး ခြင်းတွင် အရည်အချင်း အသင့်အတင့်ရှိသူများအပြင် အရည်အချင်း လွန်စွာနိမ့်ကျသည့်သူများသည်လည်း ‌အောင်မြင်မှုစာရင်း တွင် ပါလာသည်ကို ‌လေ့လာသိရှိရသည်။ ဤကဲ့သို့ဖြစ်ရခြင်းသည် သင်ကြားသင်ယူမှု အားနည်းခြင်းဖြစ်သည်သာမက ဖိအား တစုံတရာရှိ‌နေခြင်း‌ကြောင်းပင်ဖြစ်သည်။ အကျိုးဆက်သည်ကား ‌ကျောင်းသားသူငယ်တို့၏ ကြိုးစားအားထုတ်မှုကို ‌လျော့နည်း ‌စေသည့်အပြင် စိတ်ပိုင်းဆိုင်ရာများကိုပါ ထိခိုက်‌စေပြီး အရည်အ‌သွေးမြင့်မား‌ရေးထက် နိမ့်ကျခြင်း အ‌ခြေအ‌နေသို့ ဆင့်ကဲဆင့် ကဲ ဖြစ်‌ပေါ်‌စေမည်သာဖြစ်သည်။

‌ဒေသခံ ဘာသာစကားကျွမ်းကျင်မှုမရှိ‌သော ဆရာ၊ ဆရာမအများစုဖြင့်သာ စာသင်‌နေကြရသည့် ‌ကျေးလက်‌ဒေသရှိ က‌လေးသူ ငယ်များ၏ ‌ကျောင်းသင်ခန်းစာအ‌ပေါ် သိရှိနားလည်မှုနည်းပါးခြင်း‌ကြောင့် သင်ကြားသင်ယူမှု အဆင့်တိုင်းတွင် အားနည်းလျက် ရှိသကဲ့သို့ ရွာခန့်ဆရာအများစုသာ သင်ကြား‌နေကြရ‌သော ‌ကျောင်းအချို့ရှိ က‌လေးသူငယ်များ၏ သင်ယူမှုသည်လည်း အရည် အ‌သွေးမြင့်ရရှိရန် ခက်ခဲမည်သာဖြစ်သည်။ ပြုပြင်‌ပြောင်းလဲမှု တစုံတရာမရှိပါက ‌ကျေးလက်‌ဒေသ၏ ပညာ‌ရေးအဆင့် ဆက် လက် နိမ့်ကျ‌နေမည်သာဖြစ်သည်။

‌ကျေးလက်‌ဒေသရှိမိဘများသည် ဆရာ မပြည့်စုံခြင်း ၊ အတန်းဆုံး‌အောင်မြင်ပြီး‌နောက် မိမိတို့၏ က‌လေးများအား ‌ကျောင်း ဆက်လက်ထားရန် အခက်အခဲရှိခြင်း၊ ၁ဝတန်း‌အောင်နှင့်ဘွဲ့ရ‌သော မိမိတို့၏ သားသမီးများ အလုပ်အကိုင်၊ အခွင့်အလမ်း လွန်စွာ နည်းပါးခြင်းတို့‌ကြောင့် ပညာ‌ရေးအ‌ပေါ်ယုံကြည်ကိုးစားမှု ‌လျော့ပါးလာကြသည်။

‌ဒေသန္တရရှားပါးစရိတ် သတ်မှတ်ရာတွင် ‌ယေဘုယျကျလွန်းသဖြင့် ဆရာ၊ ဆရာမအချို့သည် တူညီ‌သောစရိတ်ရရှိပြီး လမ်းပန်း ဆက်သွယ်‌ရေး‌ကောင်းမွန်သည့် ‌ဒေသများကိုသာ ‌ရွေးချယ်ကြခြင်းနှင့် တာဝန်ချိန်ပြင်ပတွင် ဝင်‌ငွေ‌ကောင်းရရှိနိုင်‌သော ကျူရှင် ပြရန် သင့်‌လျော်သည့်‌ဒေသများကိုသာ ‌ရွေးချယ်ကြခြင်း‌ကြောင့် ဆရာနှင့် ‌ကျောင်းသား အချိုးမညီမျှမှုကို ပိုမိုဖြစ်‌ပေါ်‌စေသည်။

လမ်းပန်းဆက်သွယ်‌ရေး ခက်ခဲ‌သော‌ဒေသရှိ‌ကျောင်းတို့သည် မိမိတို့‌ကျောင်း၏ လချုပ်စာရင်း(ပြန်တမ်း)များအား အခါအား ‌လျော်စွာ ‌ပေးပို့ကြရာတွင် အမှန်ကုန်ကျသည့် ခရီးစရိတ်အတွက် မိမိတို့၏ လစာစရိတ် တစ်ချို့တစ်ဝက်နှင့် အ‌သေးသုံးစရိတ် တစ်ချို့တစ်ဝက်တို့အား နားလည်မှုသ‌ဘောဖြင့် ကျခံသုံးစွဲ‌နေရသည်ကိုလည်း ‌လေ့လာသိရှိရသည်။ မိမိတို့၏ စရိတ်နှင့် အ‌သေး သုံးစရိတ်များ မပွန်းပဲ့‌စေ‌ရေးအတွက် အမှန်ကုန်ကျသည့် ခရီးစရိတ်များကို ထုတ်‌ပေးနိုင်ရန် စီစဉ်‌ဆောင်ရွက်သင့်ပါသည်။

‌ဝေးလံ‌ဒေသရှိ ဆင်းရဲနွမ်းပါး‌သော က‌လေးသူငယ်များ၏ ပညာ‌ရေးအတွက် ခိုကိုးရာဖြစ်‌သော ဘုန်း‌တော်ကြီးသင် ပညာ‌ရေး ‌ကျောင်းများတွင် တာဝန်ထမ်း‌ဆောင်‌နေကြ‌သော ဆရာများ၏ချီးမြှင့်‌ငွေအား လိုအပ်သလိုတိုးမြှင့်‌ပေးရန်နှင့် စား‌သောက်စရိတ် နှင့် အ‌ထွေ‌ထွေစရိတ်များကိုလည်း ပံ့ပိုး‌ပေးရန် လိုအပ်ပါသည်။

လက်လှမ်းမမီသည့်‌ဒေသအချို့တွင် ‌ငွေလုံး‌ငွေရင်း‌ခေါင်းစဉ်ဖြင့် ‌ဆောင်ရွက်‌သောလုပ်ငန်းများအား အရည်အ‌သွေးစစ်‌ဆေးမှု အားနည်းခြင်း‌ကြောင့် စံချိန်စံညွှန်းမညီခြင်း၊ အရည်အ‌သွေးနိမ့်ပါးခြင်းများ ဖြစ်‌ပေါ်‌စေသည်။ ကန်ထရိုက်တာများအား တာဝန် ‌ပေး ‌ရွေးချယ်ရာတွင် သာတူညီမျှမှုကို အ‌ခြေခံရမည်ဖြစ်‌သော်လည်း နယ်‌မြေခံ ကန်ထရိုက်တာများ ပါဝင်မှုနည်းပါး‌နေသည်ဟူ ‌သော အချက်သည် နယ်‌မြေခံကန်ထရိုက်တာများအ‌ပေါ် အရည်အ‌သွေးအကဲဖြတ်မှု ရလဒ်ဟု ယူဆရပါမည်‌လေ။ သိသာထင် ရှားသည့် ‌ရွေးချယ်မှုဖြစ်ရန်လိုအပ်သည့်အပြင် ‌စေတနာနှင့်တာဝန်ခံမှုနည်း‌သော ကန်ထရိုက်တာများအား စိစစ်ဖယ်ရှားရန် လိုပါသည်။

အ‌ဆောက်အဦးအတွက် ‌မြေ‌နေရာအ‌နေထား လမ်းပန်းဆက်သွယ်‌ရေး၊ ‌ဆောက်လုပ်‌ရေးပစ္စည်းများရရှိမှု အ‌ခြေအ‌နေ၊ စသည် တို့အား ထည့်သွင်းစဉ်းစားခြင်း မပြုသည့် တစ်‌ပြေးညီခန့်မှန်း‌ခြေစာရင်းများ၏ အားနည်းချက်‌ကြောင့် အ‌ဆောက်အဦးအချို့၏ အရည်အ‌သွေးကို ကျဆင်း‌စေသည့် အ‌ကြောင်းတစ်ရပ်ပင်ဖြစ်သည်။

‌ကျောင်းအကျိုး‌တော်‌ဆောင်များ ရပ်မိရပ်ဖများတို့နှင့်ပူး‌ပေါင်း‌ဆောင်ရွက်မှုကင်းကွာ‌နေသည့် အချို့‌သော ‌ကျောင်းတို့၏ ပြင်ဆင် ထိန်းသိမ်းခြင်းစရိတ်များ အ‌ဟောသိကံဖြစ်‌နေရသည်ကိုလည်း ‌တွေ့ရှိရသည်။ ရပ်မိရပ်ဖများနှင့် ‌ကျောင်းအကျိုး‌တော်‌ဆောင် များ ပူး‌ပေါင်းပါဝင်နိုင်မှုအား အဟန့်အတားဖြစ်‌စေသည်။ အ‌ကြောင်းအရင်းများကို ရှာ‌ဖွေ‌ဖော်ထုတ်ဖယ်ရှားသင့်ပါသည်။

‌ကျေးလက်‌ဒေသတို့၏ ပကတိအ‌ခြေအ‌နေအရပ်ရပ်ကို အ‌ခြေခံပြီး သိသာ‌ပေါ်လွင်‌သော အစီအမံများဖြင့် အာရုံစူးစိုက် ‌ဆောင် ရွက်ခြင်းဖြင့် ၎င်းတို့၏ ပညာ‌ရေးအရည်အ‌သွေး ပိုမိုမြှင့်မားလာ‌ပေလိမ့်မည်ဟု ယုံကြည်ပါသည်။

*************************************************************************

***** ‌စော‌အေးမြသည် ကရင်ပြည်နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်း (ကရင်ပြည်နယ်)၏ ဥက္ကဌ ဖြစ်သည်။*****