Home သတင်း ‌ကျောင်း‌နေက‌လေးများကို ပြုစုပျိုး‌ထောင်ရန် ‌ကျောင်းသားမိဘအား KTWG သင်တန်း‌ပေး

‌ကျောင်း‌နေက‌လေးများကို ပြုစုပျိုး‌ထောင်ရန် ‌ကျောင်းသားမိဘအား KTWG သင်တန်း‌ပေး

2276

ဇူလိုင် ၃၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

ကရင်‌ကျောင်းဆရာများသမဂ္ဂအဖွဲ့(KTWG) လက်‌အောက်ခံ Mobile Teacher Trainer(MTT)က ဆရာနှစ်ဦးမှ ဦးစီး၍ ‌ကျောင်း‌နေက‌လေးများကို ပြုစုပျိုး‌ထောင်ရန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ‌ချောသိုခီး(‌ကျောက်ဖျာ) ‌ကျေးရွာရှိ ‌ကျောင်းသားမိဘများအား ဩဂုတ် ၃၁ ရက်‌နေ့က ရက်တိုသင်တန်းတစ်ခု ပိုု့ချ‌ပေးခဲ့သည်။

Parents Education ဟု အမည်‌ပေးထားသည့် တစ်ရက်တာ ယင်းသင်တန်းကို အချိန်တိုအတွင်းသာ ပိုချ‌ပေးခြင်းဖြစ်‌သော်လည်း မိဘများသည် မူလအ‌ခြေအ‌နေထက် အ‌တွေးသစ်၊ အမြင်သစ်များ တိုးတက်ဖြစ်‌စေနိုင်မည်ဖြစ်သည်ဟု သင်တန်းပို့ချ‌ပေးသူ KTWG မှ ဆရာ ‌စောမျိုးထိုက်က ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

“အခု‌ခေတ်အထိ ‌ကျောင်းသားမိဘ‌တွေဟာ ပညာ‌ရေးနဲ့ပတ်သက်ပြီး သိပ်နားမလည်တာ များ‌နေ‌သေးတယ်။ ဒါ‌ကြောင့် မိဘ‌တွေဟာ ပညာ‌ရေးမှာ ပိုမို ပူး‌ပေါင်း‌ဆောင်ရွက်မှု အား‌ကောင်းလာ‌အောင် ကျ‌နော်တို့ သင်တန်းပို့‌ပေးတာပါ။ ဒီသင်တန်း‌ပေးခြင်းအားဖြင့် မူလအ‌နေအထားထက် စိတ်ခွန်အား အား‌ကောင်းလာဖို့ ‌မျှော်လင့်ပါတယ်”ဟု ၎င်းက ‌ပြောသည်။

‌ချောသိုခီး(‌ကျောက်ဖျာ)‌ကျေးရွာ၌ ပြုလုပ်သည့် အဆိုပါ သင်တန်းတွင် ‌ကျောင်းသားမိဘ ၅ဝ နီးပါး တက်‌ရောက်ကာ သင်တန်းဆရာက တက်‌ရောက်သူ ‌ကျောင်းသားမိဘများအား ပုံဖြင့် ဥပမာပြ၍ ပို့ချ‌ပေးခြင်း၊ မိမိက‌လေးများအတွက် စာ‌လေ့လာချိန်နှင့် အလုပ်လုပ်ချိန် အချိန်ဇယား ‌ရေးဆွဲ‌ပေး၍ ပြုစုပျိုး‌ထောင်နည်း ရှင်းပြခြင်းနှင့် အပြန်အလှန် အ‌မေးအ‌ဖြေ ပြုလုပ်ခြင်း စသည်တို့ ပါဝင်သည်။

သင်တန်းတက်‌ရောက်သည့် ‌ချောသိုခီး(‌ကျောက်ဖျာ)‌ကျေးရွာ ‌ကျောင်းသားမိဘတစ်ဦးဖြစ်သူ ‌စောလုက “အခုလို သင်တန်းလာပို့ချ‌ပေး‌တော့ က‌လေး‌တွေကို ဘယ်လိုပြုစုပျိုး‌ထောင်ရမလဲဆိုတာ အများကြီး သိရှိနားလာတယ်။ သင်ကြား‌ပေးခြင်းအ‌ပေါ် ကျ‌နော်တို့ရဲ့ က‌လေး‌တွေကို ပြန်လည်‌ဝေငှ လုပ်‌ဆောင်‌ပေးသွားမယ်လို့ ဆိုချင်ပါတယ်”ဟု ‌ပြောဆိုသည်။

ကျိုက်ထုံမြို့နယ်တွင် အလားတူ သင်တန်းကို ယခင်နှစ်များက ပို့ချ‌ပေးဖူး‌သော်လည်း ‌ကျောက်ဖျာ‌ကျေးရွာရှိ ‌ကျောင်းသားမိဘများကို သင်တန်းပို့ချ‌ပေးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကာ ယခုသင်တန်းပြုလုပ်ပြီး‌နောက် ကျိုက်ထိုမြို့နယ်အတွင်း ဇီး‌တော(ပလိုခီး)၊ ဖားကဒူး(ကျခါ့ထ)နှင့် မာလာဖူး(‌ပေါ်‌ဖောပူ) စသည့်‌ကျေးရွာများတွင် သင်တန်းများ ဆက်လက်ပို့ချ‌ပေးမည်ဖြစ်သည်ဟု KTWG ဆိုသည်။

‌ချောသိုုခီး(‌ကျောက်ဖျာ)‌ကျေးရွာသည် ကျိုက်ထိုမြို့နယ်ရှိ မြို့နှင့်အလှမ်း‌ဝေးသည့် ‌တောင်‌ပေါ်‌ဒေသ ‌ကျေးရွာတစ်ရွာဖြစ်ပြီး ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေထဲတွင် ပါဝင်သည်။ ‌ချောသိုခီး(‌ကျောက်ဖျာ) ‌ကျေးရွာအုပ်စုတွင် ‌ချောသိုခီးအပါအဝင် ‌မော်‌ပေါ်‌လော်(မိုး‌ဘောင်း)၊ တ‌ဝေါ‌သော(‌ချောင်း‌စောင့်ရွာသစ်)၊ ဖူးဖာဒို့(နတ်စင်)၊ ခ‌မောက်ခွင်၊ ‌ကော်ကပ်၊ ထီးဝါ့လူခီး(ဝါးဘိုး‌ချောင်း)၊ တယ်ဒဲ့ခီးနှင့် မယ်ရူခီး(မဲရုံးကြီး) ‌ကျေးရွာများ ပါဝင်သည်။

KTWG သည် ‌ကေအဲန်ယူ ထိန်းချုပ်နယ်အတွင်းရှိ ခရိုင် (၇)ခုဖြစ်သည့် သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဘိတ်-ထားဝယ်၊ ဖာပွန်၊ ဒူးပလာယာနှင့် ဖားအံ စသည့် ခရိုင်များအတွင်းရှိ မြို့နယ်များတွင် က‌လေးများအား ပြုစုပျိုး‌ထောင်‌ပေးခြင်းဆိုင်ရာ သင်တန်းကို ‌ကျောင်းသားမိဘများအား အလားတူ နှစ်စဉ်မိုးရာသီတွင် သင်တန်းပို့ချ‌ပေး‌လေ့ရှိသည်။