Home သတင်း ‌ကျောက်မီး‌သွေးလျှပ်စစ် ဓာတ်အား‌ပေးစက်ရုံစီမံကိန်းကို ကန့်ကွက်သည့် လက်မှတ်များ ပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြမည်

‌ကျောက်မီး‌သွေးလျှပ်စစ် ဓာတ်အား‌ပေးစက်ရုံစီမံကိန်းကို ကန့်ကွက်သည့် လက်မှတ်များ ပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြမည်

2336

ဇူလိုင် ၁ဝ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် ဖားအံမြို့နယ်အတွင်း အ‌ကောင်အထည်‌ဖော် တည်‌ဆောက်ရန်ရှိသည့် ‌ကျောက်မီး‌သွေး သုံး လျှပ်စစ်ဓာတ်အား‌ပေးစက်ရုံအား ကန့်ကွက်သည့်လက်မှတ်‌ရေးထိုးမှုများကို ပြုလုပ်ကာ ကရင်ပြည် နယ်ဝန်ကြီး ချုပ်ထံတင်ပြသွား မည်ဖြစ်‌ကြောင်း စီမံကိန်းအနီးဝန်းကျင်ရှိ ‌ဒေသခံများက ‌ပြောဆိုသည်။

ဖားအံနှင့် လှိုင်းဘွဲမြို့နယ်များအတွင်းရှိ ‌ကျေးရွာအုပ်စု ၄ အုပ်စုအတွင်း ဇွန်လ ၂၈ ရက်‌နေ့မှစတင်ကာ စီမံကိန်းနှင့် ပတ်သက်သည့် ‌ဒေသခံများ၏ ကန့်ကွက်လက်မှတ်များကို လိုက်လံ‌ကောက် ယူမှုများပြု လုပ်‌နေခြင်းဖြစ်ပြီး ထိုသို့ပြုလုပ် ရခြင်းနှင့်ပတ်သက်၍ ထုံး‌တောင်‌ကျေးရွာ‌ဒေသခံတစ်ဦးဖြစ်သူ ‌စော‌အောင်သန်း‌ထွေးက ယခုလို‌ပြောသည်။

၎င်းက“ ကျ‌နော်တို့ဘာလို့ကန့်ကွက်လဲဆို‌တော့ ကျ‌နော်တို့ဒီမှာ မိရိုးဖလာ လုပ်ကိုင်စား‌သောက်လာတာ ဒီအသက်အရွယ် အထိ ဘာအခက်အခဲမှမရှိဘူး။ အခုက ‌ရော်ဘာခြံ‌တွေပါမယ်။ သချုႋင်းကုန်းပါမယ်။ လယ်‌တွေ ပါမယ်။ နိုင်ငံတကာက ကန့်ကွက်‌နေတဲ့ဟာကို ကျ‌နော်တို့ဆီမှာ လာလုပ်တာကို လက်မခံချင်တာ အဓိကပါ။ ကျ‌နော်တို့လည်း မ‌ပေးဆပ်ချင်‌တော့ ဘူးဗျာ။ ‌လော‌လောဆယ် ပထမအဆင့်‌တော့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဆီ တင်ပါမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကန့်ကွက်လက်မှတ်‌ရေးထိုးမှုများကို ‌ကျောက်မီး‌သွေးသုံး ဓာတ်အား‌ပေးစက်ရုံတည်‌ဆောက်မည့် အနီးဝန်း ကျင်ဖြစ်သည့် ဖားအံမြို့နယ်အတွင်းရှိ ဝတ်ကြီးနှင့် ကျုံမသွယ်‌ကျေးရွာအုပ်စု၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ တ‌ကောင်ဘိုးနှင့် ဥ‌ဒေါင်း‌ကျေးရွာအုပ်စုများအတွင်းရှိ ‌ကျေးရွာ‌ပေါင်း ၂ဝ ‌ကျော်တွင် ပြုလုပ်‌နေခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ ‌ကျေးရွာများမှ ကန့်ကွက်လက်မှတ်‌ပေါင်း ၁,၃၀ဝ ‌ကျော်ရရှိထား‌သော်လည်း ကရင်ပြည်နယ် ဝန်ကြီးချုပ်ထံ‌ပေးပို့မည့်‌နေ့ရက်အတိအကျကို ‌ဒေသခံများနှင့်ပြန်လည် ‌ဆွေး‌နွေးမှုများပြုလုပ်ပြီးမှသာ ‌ပေး ပို့သွားမည်ဖြစ်‌ကြောင်းလည်း ကန့်ကွက်လက်မှတ် ‌ရေးထိုးမှုအတွက် ဦး‌ဆောင် လှုပ်ရှားသူများက ‌ပြောဆိုသည်။

ထို့အပြင် မဂ္ဂါဝပ် ၁,၂၈ဝ အထိ ထုတ်လုပ်မည့် အဆိုပါ လျှပ်စစ်ဓာတ်အား‌ပေးစက်ရုံတည်‌ဆောက် မည့်ကိစ္စနှင့်ပတ်သက် သည့် လက်မှတ်‌ရေး ထိုးကန့်ကွက်မှုများကို စီမံကိန်းတစ်ဝိုက်ရှိ ‌ဒေသခံများသာမက ဖားအံမြို့တွင်းရှိ ‌ဒေသခံများပါ ပူး‌ပေါင်း ပါဝင်ပြီး လက်မှတ်‌ရေးထိုး ကန့်ကွက်မှုများပြု လုပ်‌နေ‌ကြောင်းလည်း သိရသည်။

ဖားအံမြို့ခံတစ်ဦးက “ကျ‌နော်တို့က လျှပ်စစ်မီး မလိုချင်တာလည်း မဟုတ်ဘူး။ စက်ရုံတည်မှာကို မလိုလားတာ လည်းမဟုတ်ဘူး။ အဓိကက‌တော့ ကျ‌နော်တို့ဖားအံမြို့နယ်ထဲမှာ ဘိလပ်‌မြေစက်ရုံက ၂ ရုံ‌တောင် ရှိ‌နေပြီးဗျာ။ အမှုန်အမွှား‌တွေများလို့။ တကယ်လို့ အမှုန်အမွှား‌တွေများတဲ့ စက်ရုံ‌တွေ
ထပ်ပြီးလာ‌ဆောက်မယ်ဆို ကျ‌နော်တို့ မကြိုက်ဘူး‌ပေါ့။ လုပ်ချင်သပဆို တခြား‌နေရာမှာ သွားလုပ်ဖို့ပါပဲ” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

Public Company Limited (TTCL) ကုမ္ပဏီမှ အဆိုပါ ‌ကျောက်မီး‌သွေးသုံး လျှပ်စစ်ဓာတ်အား‌ပေး စက်ရုံစီမံကိန်း အကြိုစမ်းသပ် စစ်‌ဆေးခြင်းလုပ်ငန်းများအတွက် ကရင်ပြည်နယ်အစိုးရနှင့် ပြီးခဲ့သည့် ဧပြီလအတွင်းက နားလည်မှုစာချွန်လွှာ‌ရေးထိုးခဲ့ပြီး‌နောက် ‌ဒေသခံများနှင့်‌တွေ့ဆုံရှင်းလင်းမှုများလည်း ပြုလုပ်ခဲ့သလို ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး ‌ဒေသခံများ၏ ကန့်ကွက်မှုများလည်းရှိ ‌နေဆဲပင်ဖြစ်သည်။

ကရင်ပြည်နယ် ဖားအံမြို့နယ်တွင် တည်‌ဆောက်မည့် ‌ကျောက်မီး‌သွေး‌လောင်စာသုံး လျှပ်စစ်ဓာတ်အား ‌ပေးစက်ရုံကို ကန့်ကွက်‌ကြောင်း ကရင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်း ၃ဝ ‌ကျော်နှင့် တစ်နိုင်ငံလုံးရှိ လူမှုအဖွဲ့အစည်း‌ပေါင်း ၁၁၄ ဖွဲ့ တို့မှ ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်‌နေ့က သ‌ဘောထားထုတ်ပြန် ကန့် ကွက်မှုများလည်းရှိခဲ့သည်။