Home သတင်း ‌ကော်သူး‌လေ တပ်မ‌တော်သားများ နိုးနိုးကြားကြားရှိရန် ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲ တိုက်တွန်း ‌ပြောဆို

‌ကော်သူး‌လေ တပ်မ‌တော်သားများ နိုးနိုးကြားကြားရှိရန် ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲ တိုက်တွန်း ‌ပြောဆို

2699

ဇူလိုင် ၆ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

အပစ်ရပ်ကာလအ‌တောအတွင်း ထွက်‌ပေါ်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ် ရလဒ်များကို သုံးသပ်ပြီး အဆုံးသတ်ရလဒ်များ မ‌သေချာ‌သေးသည့်အ‌ပေါ် ‌ကော်သူး‌လေ တပ်မ‌တော်သားများအ‌နေဖြင့် နိုးနိုးကြားကြားရှိ‌နေရန် ဇူလိုင် ၅ ရက်‌နေ့တွင် ကျ ‌ရောက်သည့် ၆၈ နှစ်‌မြောက် ‌ကော်သူး‌လေတပ်မ‌တော်‌နေ့တွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်-KNLA ဒုစစ် ဦးစီးချုပ်ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက တိုက်တွန်း ‌ပြောဆိုလိုက်သည်။

၎င်းက “‌ကော်သူး‌လေ တပ်မ‌တော်သားများ အပစ်ရပ်စဲတယ်ဆိုတာ နိုင်ငံ‌ရေး ကစားတာပဲ၊ စားပွဲခုံ‌ပေါ်တိုက်ပွဲ တစ်ခုပဲ။ ဘယ်အချိန် အဆုံးသတ်မလဲ။ အဆုံးသတ်မှာ ဘာစိန်‌ခေါ်မှု‌တွေ ရှိ‌နေမလဲ။ အခုဆို ‌လေးနှစ် ငါးနှစ်‌လောက် ‌ပြောဆို ‌ဆွေး‌နွေးခဲ့‌ပေမယ့် နိုင်ငံ‌ရေးရလဒ် ဘာတစ်ခုမှ ‌သေ‌သေချာချာမဖြစ်ထွန်း‌သေးဘူး။ ‌လေးငါးနှစ်အတွင်း ကိုယ့်နယ်‌မြေမှာ ဘယ်လိုအ‌ခြေအ‌နေ ရှိ‌နေပြီလဲ။ ဗမာစစ်တပ်ရဲ့ အစီအစဉ်‌တွေ ဘာ‌တွေရှိ‌နေသလဲဆိုတာ ရှင်းရှင်းလင်းလင်း ‌ပေါ်လွင်‌နေတယ်။ ဒါ‌ကြောင့် တပ်မ‌တော်သားများအ‌နေနဲ့ သတိရှိပါ။ အမြဲနိုးကြား‌နေပါ။” ဟု KNU နယ်‌မြေ၊ ‌သေ့‌ဘေ့ထာ့စခန်းတွင် ပြုလုပ်သည့် ‌ကော်သူး‌လေ တပ်မ‌တော်‌နေ့ အခမ်းအနားတွင် ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံ‌ရေးအရ မည်သို့ပင် ဖိအား‌ပေးလာမှုများရှိ‌နေသညြ်ဖစ်‌စေ၊ နည်းလမ်း‌ပေါင်းစုံဖြင့် ဖိအား‌ပေးတိုက်ခိုက်လာ သည်ဖြစ်‌စေ တစ်မျိုးသားလုံး၏ ပန်းတိုင်မ‌ရောက်‌သေးသည့် အချိန်တွင် ကရင်လက်နက်ကိုင်အဖွဲ့အားလုံး အမည်ကွဲပြားမှု များရှိ‌နေ‌သော်လည်း မိမိနယ်‌မြေ၊ မိမိအမျိုးသားများ၏ လုံခြုံ‌ရေးအတွက် ပူး‌ပေါင်းလုပ်‌ဆောင်သွားရန် တာဝန်ကိုယ်စီရှိကြ သည်ဟုလည်း ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက ဆက်‌ပြောသည်။

ထို‌နေ့ပြုလုပ်သည့် ‌ကော်သူး‌လေတပ်မ‌တော်‌နေ့ အခမ်းအနားတွင် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီ၏ သဝဏ်လွှာကို ဖတ်ကြားပြီး တက်‌ရောက်လာ‌သော ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌စောကွယ်ထူးဝင်း၊ တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒို‌စောလှထွန်း၊ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီနှင့် ဒုစစ်ဦးချုပ် ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲတို့မှ မိန့်ခွန်း အသီးသီး ‌ပြောကြားခဲ့ကြသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီ၏ သဝဏ်လွှာထဲတွင် ၂၀၁၂ ခုနှစ်မှစ၍ ယ‌နေ့အချိန်အထိ ငြိမ်းချမ်း‌ရေးတည် ‌ဆောက်မှုဖြစ်စဉ်တွင် အစိုးရနှင့် ‌ကေအဲန်ယူအကြား အပစ်ရပ်ကာလအဆင့်သာ ‌ရောက်ရှိ‌နေ‌သေးပြီး ငြိမ်းချမ်း‌ရေး လုံးဝရရှိ‌နေခြင်း မဟုတ်‌သေး‌ကြောင်း၊ လတ်တ‌လောတွင် စားပွဲခုံ‌ပေါ်၌ ကြိုးစား‌နေဆဲ အ‌ခြေအ‌နေသာ ရှိ‌နေ‌သေး‌သော ‌ကြောင့် တပ်မ‌တော်သားများအ‌နေဖြင့် သတိလက်လွတ်မ‌နေဘဲ နိုးနိုးကြားကြားရှိ‌နေရန် တိုက်တွန်းထားသည်။

အဆိုပါ ‌ကော်သူး‌လေ တပ်မ‌တော်‌နေ့ အခမ်းအနားသို့ သက်ဆိုင်ရာ ‌ကေအဲန်ယူ ဗဟို‌ခေါင်း‌ဆောင်များ၊ စစ်ဘက်အရာရှိများ၊ တပ်ဗိုလ်တပ်မှူးများ၊ သစ်‌တော အရာရှိများ၊ ရဲ‌ဘော်များ၊ မဟာမိတ်တပ်ဖွဲ့ဝင်များ၊ ကရင်လူငယ်များနှင့် ‌ဒေသခံလူထုများအပါအဝင် စုစု‌ပေါင်း ၃၀ဝ နီးပါးတက်‌ရောက်ခဲ့သည်။

အခမ်းအနားသို့ တက်‌ရောက်လာသူ မန်းအားသန်က “တပ်မ‌တော်ဆိုတာ လာ‌ရောက်ကျူး‌ကျော်တိုက်ခိုက်၊ အနိုင်ကျင့် ‌စော်ကားမယ့် ရန်သူ‌တွေရဲ့ ‌ဘေးရန်က‌နေ ကာကွယ်‌ပေးကြတဲ့သူ‌တွေဖြစ်တယ်။ ဒီ‌ကော်သူး‌လေတပ်မ‌တော်သာ ဆက်မရှိ နိုင်‌တော့ဘူးဆိုရင် အရင်တုန်းကလို စစ်အာဏာရှင်‌တွေရဲ့ အနိုင်ကျင့် ညဉ်းပမ်းနှိပ်စက်မှု‌တွေ ကျ‌နော်တို့ခံရမှာ ဖြစ်တယ်။ ဒါ‌ကြောင့် ဒီတပ်မ‌တော်က ကျ‌နော်တို့အတွက် အမြဲလိုအပ်‌နေတဲ့ တပ်မ‌တော်ဖြစ်တယ်”ဟု ‌ပြောသည်။

၁၉၅၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်‌နေ့တွင် ‌ကော်သူး‌လေ တစ်နိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ် ‌မောကိုကွန်ဂရက်၌ စစ်‌ရေး လမ်းစဉ်နှင့် တပ်မ‌တော်ဖွဲ့စည်းပုံကို တင်ပြ‌ဆွေး‌နွေးအတည်ပြုသဖြင့် ၎င်း‌နေ့အား ‌ကော်သူး‌လေ တပ်မ‌တော်‌နေ့ အဖြစ် သ‌ဘောတူလက်ခံကာ နှစ်တိုင်း ယခုတိုင် ထို‌နေ့ထူး‌နေ့မြတ်ကို ဂုဏ်ပြုကျင်းပခဲ့ကြသည်။