Home သတင်း ‌ကော့ကရိတ်မြို့နယ် ‌ကေအဲန်ယူ အ‌ခြေခံနိုင်ငံ‌ရေးသင်တန်းတွင် အမျိုးသမီးများ စိတ်ဝင်စားမှုအား‌ကောင်းလာ

‌ကော့ကရိတ်မြို့နယ် ‌ကေအဲန်ယူ အ‌ခြေခံနိုင်ငံ‌ရေးသင်တန်းတွင် အမျိုးသမီးများ စိတ်ဝင်စားမှုအား‌ကောင်းလာ

2233

ဇူလိုင် ၇ရက်၊ ၂၀၁၇ခုနှစ်။ ‌စောခါးစူးညား

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ‌ကော့ကရိတ်မြို့နယ်မှ ဦးစီးကျင်းပသည့် ဒုတိယအကြိမ် အ‌ခြေခံနိုင်ငံ‌ရေးသင်တန်း တွင် တက်‌ရောက်သူ အမျိုးသမီးဦး‌ရေ များပြားလာပြီး သင်တန်းအတွင်း၌လည်း စိတ်ပါဝင်စားမှုရှိသည်ကို ‌တွေ့ရ‌ကြောင်း ယင်း သင်တန်းပို့ချ‌ပေးသူ ‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင် ‌စောပိုပိုတူး‌အောင်က ဇူလိုင်လ ၇ရက်‌နေ့တွင် ‌ပြောဆိုသည်။

“အခု လုပ်‌နေတဲ့ ငါးရက်တာ သင်တန်းမှာ တက်‌ရောက်လာတဲ့ အမျိုးသမီး‌တွေဟာ တစ်ရက်မှ ပျက်ကွက်တာ မရှိတာကို ‌တွေ့ရ လို့ အရမ်းဝမ်းသာမိပါတယ်။ ဒါဟာ အမျိုးသမီး‌တွေ နိုင်ငံ‌ရေးမှာ စိတ်ပါဝင်စားမှု များလာတဲ့သ‌ဘော ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ဇူလိုင် ၃ရက်မှ ၇ရက်‌နေ့အထိ ကျင်းပသည့် အဆိုပါနိုင်ငံ‌ရေးသင်တန်းတွင် ‌ကော့ကရိတ်မြို့နယ်ရှိ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ အတွင်းမှ ‌ကျေးရွာအုပ်စုများဖြစ်ကြသည့် စက္ကဝက်(ကြာ့ကဝါ့)၊ ‌ကော့နွဲ၊ ‌မောင်းမရွာသစ်(‌မောမာ့)၊ ‌အောင်ဖကြီး(‌အောဖာ့)၊ ရွာ တန်းရှည် (ယွာ‌တော‌ဆေ့)၊ အံ‌ကောင်(‌အော့‌ကော)နှင့် သုံးဆယ့်သုံးဆူ (ခို့သဲဆီး)တို့မှ တက်‌ရောက်သူ ၁၀၀‌ကျော်အနက် အမျိုးသမီး ၃ဝနီးပါး တက်‌ရောက်ခဲ့ခြင်းဖြစ်သည်။

ယင်း‌ကျေးရွာအုပ်စုများမှ သင်တန်းတက်‌ရောက်သူများမှာ ‌ကော့ကရိတ်မြို့နယ်ရှိ ကရင်အမျိုးသမီးအစည်းအရုံး (KWO) အပါ အဝင် ‌ကေအဲန်ယူ ‌ကျေးရွာအုပ်စု ဥက္ကဌများ၊ ‌ကျေးရွာရပ်မိရပ်ဖများနှင့် ကရင်လူငယ်အစည်းအရုံး(KYO)တို့ ပါဝင်‌ကြောင်း ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

သင်တန်းတက်‌ရောက်ခဲ့သူ ‌ကော့ကရိတ်မြို့နယ် KYO အတွင်း‌ရေးမှူး ‌နော်အဲ‌လေးဒါက “သင်တန်းမှာ အမျိုး‌တွေ အများကြီး ‌တွေ့ရလို့ ဝမ်းသာတယ်။ လာမယ့်အနာဂတ် နိုင်ငံ‌ရေးလုပ်ငန်းစဉ်‌တွေမှာ အမျိုးသမီးအခန်းကဏ္ဍ ပိုမို ပါဝင်လာဖို့ပဲ ‌မျှော်လင့် တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

အမျိုးသမီးများသည် အိမ်တွင်းအလုပ်သာ လုပ်‌ဆောင်ခြင်းမဟုတ်ဘဲ ယခု သင်တန်းတက်ခြင်းအားဖြင့် ကရင့်သမိုင်း၊ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေနှင့် မျက်‌မှောက် နိုင်ငံ‌ရေး အခင်းအကျင်းများ သိခွင့်ရလာသည့်အတွက် လက်‌တွေ့တွင် များစွာ အသုံးဝင်မည်ဖြစ် ‌ကြောင်း သူမက ဆက်‌ပြောသည်။

နိုင်ငံ‌ရေးတတ်သိပညာစွမ်းရည် မြှင့်တင်ရန်နှင့် လုပ်ငန်းများ ပိုမိုစွမ်း‌ဆောင်နိုင်ရန် ရည်ရွယ်၍ ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် မှ ဦးစီးကာ ဇွန်လ ၁၂ရက်‌နေ့ကလည်း ဋ္ဌာန‌ပေါင်းစုံအတွက် ငါးရက်ကြာ အ‌ခြေခံနိုင်ငံ‌ရေး ရက်တိုသင်တန်းတစ်ရပ်ကို ကျင်းပခဲ့ သည်။ အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ ‌ကေအဲန်ယူ၏ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လယ်ယာစိုက်ပျိုး‌ရေး၊ သစ်‌တော၊ ရဲ၊ ရုံး၊ လူငယ်၊ အမျိုးသမီး စသည့် သက်ဆိုင်ရာဌာနများအတွက် ပို့ချ‌ပေးခဲ့ခြင်းဖြစ်သည်။