Home သတင်း ဧရာဝတီတိုင်း ကရင့်‌ရေးရာ ဦးစီး‌ကော်မတီ ဖွဲ့စည်းမည်

ဧရာဝတီတိုင်း ကရင့်‌ရေးရာ ဦးစီး‌ကော်မတီ ဖွဲ့စည်းမည်

2280

ဇူလိုင် ၁၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီး ကရင့်‌ရေးရာ ဦးစီး‌ကော်မတီတစ်ခုကို ဖွဲ့စည်းသွားမည် ဖြစ်‌ကြောင်း ဧရာဝတီတိုင်း ‌ဒေသ ကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီဝင်များက ‌ကေအိုင်စီသို့ ဇူလိုင် ၁၄ ရက်‌နေ့တွင် ‌ပြောသည်။

အဆိုပါ ကရင့်‌ရေးရာ ဦးစီး‌ကော်မတီဖွဲ့စည်းရန် အစည်းအ‌ဝေးတစ်ခုကို ဇူလိုင် ၁၅ ရက်‌နေ့ နံနက် ၁ဝ နာရီတွင် ပုသိမ်မြို့၊ ပုသိမ်‌မြောင်းမြ စ‌ကောကရင်နှစ်ခြင်းသာသနာဝန်း ‌လေးထပ်‌ဆောင်ခန်းမ၌ ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်း‌ဒေသကြီးအတွင်းရှိ ဘာသာ‌ရေး ‌ခေါင်း‌ဆောင်များ၊ စာယဉ်‌ကော်မတီဝင်များ၊ အငြိမ်းစားဌာဆိုင်ရာ ကရင် ဝန်ထမ်း‌ဟောင်းများ၊ လူမှုအဖွဲ့အစည်းများ စသည်ဖြင့် လူ ၈ဝ ဦး‌ကျော်ကို ဖိတ်ကြားထားသည်ဟု တိုင်းစာယဉ် ‌ကော်မတီဝင် မန်းလှသိန်းက ‌ပြောသည်။

သူက “ ကရင့်‌ရေးရာ ဦးစီး‌ကော်မတီဖွဲ့ဖို့ရှိတယ်။ မနက်ဖြန် အစည်းအ‌ဝေးလုပ်မယ်။ ဦးစီး‌ကော်မတီ‌အောက်မှာ စာယဉ်နဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်‌ရေး‌ကော်မတီဆိုပြီး‌တော့ နှစ်ခုရှိမယ်လို ့အကြမ်းဖျဉ်းသိထားတယ်။ ဇူလိုင် ၁၅ ရက်‌နေ့ အစည်းအ‌ဝေးပြီးမှပဲ အ‌သေးစိတ်သိမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင် အစိုးရ လက်ထက်က ပြဌာန်းခဲ့သည့် တိုင်းရင်းသားလူမျိုးများ အခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်‌ရေး ဥပ‌ဒေတွင် လိုအပ်ပါကတိုင်းရင်းသား‌ရေးရာနှင့် သက်ဆိုင်သည့် ဦးစီး‌ကော်မတီများဖွဲ့စည်းနိုင်သည်ဟု ပြဌာန်း ထားပြီး ယခုလို ဦးစီး‌ကော်မတီတစ်ခု ဖွဲ့စည်းရန် စီစဉ်လာခြင်းဖြစ်နိုင်သည်ဟု ထင်မြင်‌ကြောင်း ဦးစီး‌ကော်မတီ ဖွဲ့စည်း‌ရေး အစည်းအ‌ဝေးတက်‌ရောက်ရန် ဖိတ်ကြားခြင်းခံရသူ ပန်းတ‌နော် စာယဉ် အဖွဲ့ဝင် မန်းဝင်း‌မောင်က ‌ပြောသည်။

အဆိုပါ ကရင့်‌ရေးရာ ဦးစီး‌ကော်မတီတွင် ‌ကော်မတီ ဥက္ကဌ အဖြစ် ဧရာဝတီတိုင်း‌ဒေသကြီး ဝန်ကြီးချုပ် မန်း ‌ဂျော်နီနှင့် ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူတို့မှ တစ်ဦးဦးတာဝန်ယူသွားရန်ရှိသည်ဟု တိုင်း‌ဒေသကြီး အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင်‌ကော်မတီတွင် ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ အငြိမ်းစား ကရင်ဝန်ထမ်း‌ဟောင်းများ၊ ကရင်လူမှု အဖွဲ့အစည်းများကိုပါ ထည့်သွင်းဖွဲ့စည်းသွားရန်ရှိ‌ကြောင်း စီစဉ်‌နေသူများထံမှ သိရသည်။