Home သတင်း အီးတူထာ့ IDPs များအတွက် အကူအညီဆက်‌ပေးရန် ‌တောင်းဆိုု

အီးတူထာ့ IDPs များအတွက် အကူအညီဆက်‌ပေးရန် ‌တောင်းဆိုု

1784

ဇူလိုင် ၃၁ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖာပွန်ခရိုင်၌ ယခုလ ၂၅ ရက်‌နေ့တွင် ပြုလုပ်သည့် ‌ကေအဲန်ယူ ဖာပွန်ခရိုင် အလုပ်အမှု‌ဆောင်‌ကော်မတီများနှင့် ကရင်အရပ်ဖက်အဖွဲ့ အစည်းတို့ ညှိနှိုင်းအစည်းအ‌ဝေးတွင် လာမည့် စက်တင်ဘာလ အတွင်း အကူအညီအ‌ထောက်အပံ့များ လုံးဝပြတ်‌တောက်သွား‌တော့မည့် အီတူးထာ့ ပြည်တွင်း စစ်‌ရှောင် IDPs များအ တွက် အကူအညီများ ဆက်‌ပေးရန် ‌တောင်းဆိုလိုက်သည်ဟု ဇူလိုင် ၃ဝ ရက်‌နေ့တွင် ထုတ်ပြန်ချက်ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်၏ ‌ပြောခွင့်ရသူ ပဒိုမန်းမန်းမန်းက “အထူးသဖြင့်က‌တော့ အီတူးထာ့ IDPs ဒုက္ခသည်‌တွေ အတွက် ရိက္ခာ‌တွေ စက်တင်ဘာလမှာပြတ်‌တော့မှာ ဖြစ်တဲ့အတွက် ဒီအ‌ပေါ်မှာ ဆက်လက်ပြီး‌တော့မှ ‌ထောက် ပံ့‌ပေးဖို့ ‌တောင်းဆို မှု‌တွေ ‌ဆောင်ရွက်ဖို့အတွက်နဲ့ တစ်ချိန်ထဲမှာ ပြန်လည်ထူ‌ထောင်‌ရေးလုပ်ငန်းပါ ဒါ‌တွေကိုပံ့ပိုး‌ပေးဖို့ ကျ‌နော်တို့အလှူရှင် ‌တွေကို ပန်ကြားဖို့ အတွက် လုပ်ငန်းစဉ်‌တွေကိုချမှတ်ခဲ့တယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို ဒုက္ခသည်များ အ‌ခြေအ‌နေနှင့် ပတ်သက်၍ ပြည်တွင်း ‌နေရပ်စွန့်ခွာ ပြည်သူ လူထုပံ့ပိုး ‌ရေး‌ကော်မတီ (Internally Displaced People Supporting Committee) တစ်ရပ်ကိုပါ ဖွဲ့စည်းသွားရန်ရှိပြီး ဩဂုတ်လ အတွင်း အဆိုပါ ‌ကော်မတီ အစည်းအ‌ဝေးပြု ‌ခေါ်ယူကာ လုပ်ငန်းစဉ် အ‌သေးစိတ်များကို ‌ဆွေး‌နွေးသွားရန်ရှိသည်ဟုလည်း ပဒိုမန်းမန်းမန်းက ဆက်‌ပြောသည်။

‌ကေအဲန်ယူ ဖာပွန်ခရိုင် အလုပ်အမှု‌ဆောင်‌ကော်မတီက ကြီးမှူးပြုလုပ်ခဲ့သည့် ၎င်းလုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးပွဲသို့ နယ်စပ်အ‌ခြေစိုက် ကရင်အရပ်ဖက်လူထုအဖွဲ့အစည်း(၁ဝ)ဖွဲ့မှ ကိုယ်စားလှယ် ၇၁ ဦးပါဝင် တက်‌ရောက်ခဲ့ပြီး လက်ရှိဖြစ် ‌ပေါ်တိုးတက်သည့် နိုင်ငံ‌ရေးအ‌ခြေအ‌နေများ‌ဆွေး‌နွေးခဲ့ကြကာ ဒုက္ခသည်ကိစ္စနှင့် ပတ်သက်ပြီး သ‌ဘောထား ‌တောင်းဆိုမှုအချို့ကိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်း‌တောင်းဆိုထားသည်။

၎င်း‌တောင်းဆိုချက်များ၌ အစိုးရ၊ ‌ကေအဲန်ယူ ဗဟို‌ခေါင်း‌ဆောင်များနှင့် နိုင်ငံတကာအလှူရှင်များအ‌နေဖြင့် IDP အပါအဝင် ဒုက္ခသည်အ‌ရေးကို ကိုင်တွယ်‌ဖြေရှင်းရာ၌ နိုင်ငံ‌ရေးဖြစ်‌ပေါ်တိုးတက်မှုအ‌ပေါ် အ‌ခြေခံရမည်ဖြစ်‌ကြောင်း ၊ နိုင်ငံ‌ရေး အာမခံ ချက်နှင့် စစ်မှန်သည့် ငြိမ်းချမ်း‌ရေးမရ‌သေးလျှင် IDP ဒုက္ခသည်များကို ပြန်လည်ပို့‌ဆောင်ခြင်း မပြုလုပ်ရန်နှင့် ‌နေရာပြန် လည်ချထား‌ရေးအတွက် ယုံကြည်မှုတည်‌ဆောက်နိုင်ရန် အစိုးရတပ်စခန်းများကို ရုပ်သိမ်း ‌ပေးရန်ပါရှိသည်။

ထို့အပြင် နိုင်ငံတကာအလှူရှင်များအ‌နေဖြင့် ဒုက္ခသည်အ‌ရေးကို ကူညီ‌ဖြေရှင်း‌ပေးရာ၌ ‌ရေရှည်တည်တံ့‌သော ဘဝ ရပ်တည်မှုနှင့် ဘဝလုံခြုံ‌ရေးရှိ‌စေရန်၊ နိုင်ငံ‌ရေးအာမခံချက်နှင့်စစ်မှန်သည့်ငြိမ်းချမ်း‌ရေးမဖြစ်ထွန်း‌သေးသည့် ကာလအတွင်း နယ်စပ်ဖြတ်‌ကျော်ကူညီမှုအား ဆက်လက်ပံ့ပိုးရန်၊ လက်ရှိအီတူးထာ့စခန်းအတွင်း ပညာ‌ရေး၊ ကျန်းမာ‌ရေးနှင့် အသက် ‌မွေးဝမ်း‌ကျောင်း ပညာဆိုင်ရာ အ‌ထောက်အပံ့များကို ယခင်အတိုင်း ဆက်လက် ‌ထောက်ပံ့‌ပေးရန် ‌တောင်းဆိုထားသည်။

အဆိုပါ စစ်‌ပြေး‌ရှောင်ပြည်သူများအတွက် အလှူရှင်များမှ စားနပ်ရိက္ခာဆန်ကို အဓိက‌ထောက်ပံ့‌ပေးပြီး တစ်လစာအတွက် အသက် ၆ နှစ်‌အောက်လူတစ်ဦးလျှင် ဆန်‌ခြောက်ကီလိုနှင့် အသက် ၆ နှစ် အထက်လူတစ်ဦးလျှင် ဆန် ၁၂ ကီလိုနှုန်းဖြင့် အကူအညီအ‌ထောက်အပံ့ရရှိကြသည်ဟု စခန်းတွင် ‌နေထိုင်သူများက ဆိုသည်။

အီတူးထာ့စစ်‌ပြေး‌ရှောင်စခန်းတွင် လူဦး‌ရေ ၃၀၀ဝ ‌ကျော်ရှိ‌နေပြီး အထက်တန်း‌ကျောင်းနှစ်‌ကျောင်းနှင့်‌ဆေးခန်း တစ်ခုသာရှိကာ ယခင်လများမှစ၍ ကျန်းမာ‌ရေးကူညီ‌စောင့်‌ရှောက်မှုအတွက် ‌ဆေးဝါးမလုံ‌လောက်မှုပြဿနာ များရှိ‌နေသည့်အပြင် လက်ရှိတွင်လည်း ပညာ‌ရေးကူညီ‌ထောက်ပံ့မှုမှာလည်း ‌လျော့နည်းလာသည်ဟု စခန်းသူ စခန်သားများက ဆိုသည်။

ယခုနှစ်ဇွန်လ ဆန်းပိုင်းကလည်း ‌တောင်ငူ၊ ‌ညောင်‌လေးပင်နှင့် ဖာပွန်‌ဒေသခံအချို့ပါဝင်သည့် အီးတူးထာ့ ပြည်တွင်း စစ်‌ရှောင် IDP ၁၀ဝ ဦးခန့်သည် စားနပ်ရိက္ခာအကူအညီများပြတ်‌တောက်မည့် အ‌ခြေအ‌နေများ‌ကြောင့် မိမိ‌နေရပ်သို့ ၎င်းတို့၏ အစီအစဉ်များဖြင့် ပြန်သွားခဲ့ကြသည်။

၂၀၀၆ ခုနှစ်က ‌ကေအဲန်ယူ၊ တပ်မဟာ (၂)နယ်‌မြေကို နိုင်ငံ‌တော် ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ (နအဖ) အစိုးရတပ်မ‌တော်မှ ထိုးစစ်ဆင်မှု‌ကြောင့် ‌နေရပ်စွန့်ကာ ထွက်‌ပြေးတိမ်း‌ရှောင်လာသည့် စစ်‌ရှောင်ဒုက္ခသည်များ ယာယီ ခိုလှုံနိုင်ရန် ထိုင်း-မြန်မာနယ်စပ်ရှိ သံလွင်မြစ်ကမ်းနံ‌ဘေးတွင် ပြည်တွင်းစစ်‌ရှောင် အီတူးထာ့ဒုက္ခသည်စခန်းကို ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်သည်။