Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

2312

ပြည်သူ့အတွက် အာဇာနည်ဟူသည်

“အာဇာနည်မျိုး ‌သေရိုးမရှိ” ဟူ‌သောစကားတစ်ရပ်ကို လူအ‌တော်များများက ‌ပြောဆို‌လေ့ရှိကြသည်။ ဆိုလိုသည်မှာ လူ့အသက် ပင် ‌သေဆုံးသွား‌သော်ငြား အမည်နာမနှင့် ဂုဏ်ပုဒ်မှာကား ‌သေဆုံးသွားရိုး ထုံးစံမရှိဘဲ သမိုင်းတွင်ကျန်ရစ်ခဲ့မည်ကို ဆိုလိုခြင်း ဖြစ်သည်။ နှစ်စဉ် (၁၉) ဇူလိုင်‌ရောက်တိုင်း မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူလူထုက ဝမ်းနည်း‌ကြေကွဲကြရင်း ၁၉၄၇ ခုနှစ်က ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံး၌ ပစ်သတ်ခံရ၍ ကျဆုံးသွားခဲ့ကြသည့် အာဇာနည် (၉)ဦးအတွက် ‌အောက်‌မေ့ဖွယ် အခမ်း အနားများဖြင့် လွမ်းသူ့ပန်း‌ခွေများ၊ ပန်းကုံးများ ဆွတ်ကာ တမ်းတဂုဏ်ပြုခဲ့ကြသည်။

ယင်းအာဇာနည်‌ခေါင်း‌ဆောင်များထဲတွင် လက်ရှိ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ဖခင် ဗိုလ်ချုပ်‌အောင် ဆန်းနှင့်အတူ ရှမ်း၊ ကရင်၊ ဗမာ တိုင်းရင်းသား‌ခေါင်း‌ဆောင်များ ဖြစ်ကြသည့် မိုင်းပွန်‌စော်ဘွား စဝ်စံထွန်း၊ မန်းဘခိုင်၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ အတွင်းဝန်ဦးအုန်း‌မောင်၊ ဦးရာဇတ်နှင့် ရဲ‌ဘော်ကို‌ထွေးတို့လည်း ပါဝင်ခဲ့သည်။ ထို‌နေ့တွင် တစ်နိုင်ငံ လုံးအတိုင်းအတာအဖြစ် တိုင်း‌ဒေသကြီးများနှင့် ပြည်နယ်‌ဒေသကြီးများ အသီးသီး၌ ကျင်းပပြုလုပ်ခဲ့ကြ‌သော အဆိုပါအာဇာ နည်‌နေ့ အခမ်းအနားအပြင် နိုင်ငံအတွင်း မှီတင်း‌နေထိုင်လျှက်ရှိကြ‌သော တိုင်းရင်းသားလူမျိုးစုများ၏ အမျိုးသားအာဇာနည်‌နေ့ အချို့လည်း ရှိ‌နေသည်ကို မျိုးဆက်သစ်များ သိထားကြ‌စေလိုသည်။

လက်လှမ်းမီသ‌လောက် တင်ပြရ‌သော် မွန်အမျိုးသားအာဇာနည်‌နေ့မှာ ဩဂုတ်လ ၇ရက်ဖြစ်ပြီး ကချင်အမျိုးသား အာဇာနည်‌နေ့ မှာ ဩဂုတ်လ ၁ဝရက်‌နေ့ဖြစ်သည်။ ၁၉၇၅ခုနှစ်၊ ဩဂုတ်လ ၁ဝရက်က KIO ပထမဆုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်လ‌ထော်‌ဇော်ဆိုင်း (Lah taw Zau Seng)နှင့်အတူ ညီဖြစ်သူ ဒု-ဦးစီးချုပ် ဗိုလ်ချုပ်လ‌ထော်‌ဇော်တူး (lahtawZau Tu)၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ဆလန် ကဘား ဖုန်‌ရွှေ‌ဇော်ဆိုင်း (Pungshwe ZauSeng)တို့အား မြန်မာစစ်အစိုးရ၏ ‌စေလွှတ်ထားသူတစ်စုက ထိုင်း-မြန်မာနယ်စပ် Thang Ngawk ‌တောင်‌ကြောတစ်‌နေရာတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟု KIO သမိုင်းမှတ်တမ်းများက ဆိုသည်။

ကရင်နီ(ကယား)တိုင်းရင်းသားများအတွက်၌ စစ်အာဏာရှင်များ၏ လက်ထဲမှ ကရင်နီအမျိုးသားထု၏ အချုပ်အခြာအာဏာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ပြန်လည်ရရှိရန်အတွက် ‌တော်လှန်‌ရေးစတင်ခဲ့ချိန်တွင် အာဇာနည်‌ခေါင်း‌ဆောင်ကြီး ဦးဘီတူရီ ကျဆုံး ခဲ့သည့် စက်တင်ဘာလ ၈ရက်‌နေ့ကို ကရင်နီအာဇာနည်‌နေ့အဖြစ် သတ်မှတ်ရင်း သမိုင်းမှတ်တမ်းတင်လာခဲ့ကြသည်။

အလားတူ ကရင်တိုင်းရင်းသားများ၏ အမျိုးသားအာဇာနည်‌ခေါင်း‌ဆောင် ‌စောဘဦးကြီးနှင့် ဗိုလ်ချုပ်‌စောစိုင်း‌ကေတို့ ရန်သူကို ပြန်လည်ခုခံတိုက်ခိုက်ရင်း ကရင်ပြည်နယ်၊ ‌ကော့ကရိတ်ခရိုင် ထို့‌ကော်ကူး‌ကျေးရွာ၌ ၁၉၅ဝခုနှစ်၊ ဩဂုတ်လ ၁၂ရက်‌နေ့တွင် ကျဆုံးခဲ့ရသည်။ ထို‌နေ့ကို ကရင်တစ်မျိုးသားလုံး၏ အာဇာနည်‌နေ့အဖြစ် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကလည်း ၁၉၅၁ခုနှစ်က ကျင်းပခဲ့သည့် ၎င်းတို့၏ညီလာခံတွင် စတင် သတ်မှတ်လာခဲ့ရာ ၂၀၁၇ခုနှစ်၊ ဩဂုတ်လ ၁၂ရက်‌နေ့တွင် ၆၇နှစ် တိုင်ခဲ့ပြီဖြစ်သည်။

အခြားတိုင်းရင်းသားများဖြစ်ကြသည့် ချင်း၊ ရှမ်း၊ ရခိုင်နှင့် ကျန်တိုင်းရင်းသားများတွင် အာဇာနည်‌နေ့ ရှိမရှိကို အတိအကျ မသိရ ‌သေး‌သော်လည်း အာဇာနည်အဖြစ် အသိအမှတ်ပြု‌လောက်သူ များစွာ ရှိခဲ့ဖူးမည်ဟု ယုံကြည်မိပါသည်။ မိမိ၏အသိုင်းအဝိုင်း၊ မိမိတို့လူမျိုး၊ မိမိတို့နိုင်ငံအတွက် အာဇာနည်ဟု မှတ်‌ကျောက်တင် အသိအမှတ်ပြုခြင်းသာ အသွင်သဏ္ဍာန် ကွဲပြားလိမ့်မည်ဖြစ် ၍ တိုင်းရင်းသား ပြည်သူလူထုအတွက် အားကျဂုဏ်ယူဖွယ်အဖြစ် သမိုင်းလက်ဆင့်ကမ်းသင့်သည့် အာဇာနည်များအ‌ကြောင်း သိ‌ကောင်းစရာ တစ်စွန်းတစ်စကို မှတ်သားရသမျှ မျှ‌ဝေလိုက်ပါသည်။