Home တွေ့ဆုံမေးမြန်းခန်း “အမှန်ဆိုရင် အစိုးရက သတင်းလွတ်လပ်ခွင့်ကို အပြည့်အဝ ‌ပေးရမယ့်အပြင် ကာကွယ်‌ပေးရမယ့် တာဝန်လည်းရှိတယ်လို့ မြင်တယ်။”

“အမှန်ဆိုရင် အစိုးရက သတင်းလွတ်လပ်ခွင့်ကို အပြည့်အဝ ‌ပေးရမယ့်အပြင် ကာကွယ်‌ပေးရမယ့် တာဝန်လည်းရှိတယ်လို့ မြင်တယ်။”

1627

ကရင်ပြည်နယ်တွင် အစိုးရသစ်လက်ထက် လွတ်လပ်စွာ သတင်းရယူခွင့်နှင့်ပတ်သက်သည့် အ‌ခြေအ‌နေကို သူရိယအလင်း သတင်းဌာန၏ ကရင်ပြည်နယ် နယ်ခံသတင်း‌ထောက်ဖြစ်သူ ကိုရဲမင်း‌ခေါင်အား ‌ကေအိုင်စီသတင်းဌာနက သွား‌ရောက်‌တွေ့ဆုံ ‌မေးမြန်းထားခြင်းဖြစ်သည်။

‌မေး။ ။ ကရင်ပြည်နယ်အစိုးရသစ်လက်ထဲမှာ စပြီး သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ဘယ်လိုအ‌ခြေအ‌နေ၊ အတိုင်းအတာ ရှိပါသလဲ။
‌ဖြေ။ ။အခုအစိုးရသစ်လက်ထဲမှာ သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ အစိုးရက‌ပြော‌ပြော‌နေတဲ့ ပွင့်လင်းမြင်သာမှု ရှိရမယ် ဆို‌သော်လည်း လက်‌တွေ့မှာကျ‌တော့ မီဒီယာသမား‌တွေအတွက် လိုချင်တဲ့ အတိုင်းအတာအထိ‌တော့ မရှိ‌သေးပါဘူး။ ဘာဖြစ် လို့လဲဆို‌တော့ ကျ‌နော်တို့က သတင်းလိုက်ပြီး ရယူတဲ့‌နေရာ‌တွေမှာ ဘယ်လိုမှ ပွင့်လင်းမြင်သာမှု မရှိ‌သေးဘူး။ အစိုးရက လုပ် ‌ဆောင်‌နေတဲ့ လုပ်‌ဆောင်ချက်‌တွေ သတင်းထုတ်ပြန်မှု‌တွေ မရှိ‌သေးပါဘူး။ တခါတ‌လေကျ‌တော့ သတင်း‌တွေဟာ ‌မြေပြင်မှာ ဖြစ်‌နေတာနဲ့ သူတို့ဆီက ‌ဆောင်ရွက်‌နေတဲ့အ‌နေအထားအရ အထက်ကတစ်မျိုး၊ ‌အောက်‌ခြေကတစ်မျိုး ဖြစ်‌နေတယ်။ ဒါ‌တွေ ကို သတင်းသမားတစ်‌ယောက်အ‌နေနဲ့ သူတို့‌တွေနဲ့ ‌တွေ့ဆုံပြီး‌မေးချင်တယ်။ ဒါ‌ပေမယ့် လက်ရှိအစိုးရသစ်လက်ထဲမှာ‌တော့ ကျ‌နော်တို့အတွက် ဘယ်လိုမှ အဆင်မ‌ပြေဘူး။ သူတို့ရဲ့ အ‌ကြောင်းပြချက်‌တွေက‌တော့ အမျိုးမျိုးရှိ‌နေတယ်‌ပေါ့‌နော်။ ကရင် ပြည်နယ်အ‌နေနဲ့မကဘဲ တစ်နိုင်ငံလုံးအတိုင်းတာအရ သတင်းလွတ်လပ်ခွင့်က ဒီအစိုးရသစ်လက်ထဲမှာ ‌တော်‌တော်‌လေး ဆိုးဆိုးဝါးဝါးဖြစ်‌နေတာ ‌တွေ့ရတယ်။

‌မေး။ ။ကရင်ပြည်နယ်အစိုးရဌာန‌တွေထံမှာ သတင်းရယူတဲ့အခါ ဘယ်လိုမျိုးအခက်အခဲမျိုး‌တွေကို ကြုံ‌တွေ့ရပါသလဲ။
‌ဖြေ။ ။‌လော‌လောဆယ်ဆယ်မှာ‌တော့ အရင်တုန်းကအတိုင်းလိုပါပဲ။ ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော်တို့သတင်းသမား‌တွေက ပြည်သူ‌တွေအတွက် သတင်းလိုက်ပြီးရယူတာ‌လေ။ သူတို့‌တွေက အရင်တုန်းကလိုပဲ အထက်က ခွင့်ပြုချက်ရရှိမှဆိုတဲ့ အရင် ‌ခေါက်ရိုးအတိုင်းပဲ ရှိ‌နေ‌သေးတာ‌ပေါ့‌နော်။ အဲဒါ‌တွေက ကျ‌နော်တို့အတွက် အခက်အခဲ‌တွေရှိ‌နေတယ်။ သတင်းရယူဖို့ ခန်းမ ‌ဆောင်မှာ မဝင်ရတာတို့ အဲဒါလည်း ကျ‌နော်တို့အတွက် အခက်အခဲတစ်မျိုးပဲလို့မြင်တယ်။

‌မေး။ ။ အချို့ပြည်နယ်တို့တိုင်း‌ဒေသကြီး‌တွေမှာ လွှတ်‌တော်တို့၊ အစိုးရတို့က သတင်းမီဒီယာ‌တွေနဲ့‌တွေ့ဆုံပြီး သူတို့ရဲ့ လုပ် ‌ဆောင်‌တွေကို ရှင်းလင်းပြီး ၁လတစ်ကြိမ်ဆိုသလို ပြည်သူ‌တွေသိရှိ‌အောင် သတင်းစာရှင်းလင်းပွဲ‌တွေ လုပ်‌ဆောင်‌ပေးတာတို့ ရှိ တယ်။ ဥပမာ‌ပေါ့‌လေ မွန်ပြည်နယ်လိုမျိုး‌ပေါ့။ ကရင်ပြည်နယ်မှာ‌ကော အဲလို လုပ်‌ဆောင်ဘူးတာ‌တွေ ရှိပါသလား။
‌ဖြေ။ ။ကရင်ပြည်နယ်မှာ အဲလို‌တော့မရှိဘူး။ သူတို့‌တွေက တိုက်ရိုက်သတင်း‌ထောက်‌တွေနဲ့ ထိ‌တွေ့တာမျိုး မဟုတ်ဘူးဗျ။ သူတို့က ပြန်/ဆက်(ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေး)မှတဆင့် ပြန်လည်ပြီးမှဖိတ်ခိုင်းတဲ့ အ‌နေအထားဖြစ်တယ်။ ဖိတ်ခိုင်း ‌တော့ တကယ်‌ကော ပြန်/ဆက်က သတင်းသမား‌တွေကို ဘယ်‌လောက် အချက်အလက် မှန်မှန်ကန်ကန် ချပြနိုင်မလဲ။ ‌နောက် တစ်ခုက ကျ‌နော်တို့ သတင်းသမား‌တွေလည်း မွန်ပြည်နယ်လိုမျိုး ကရင်ပြည်နယ်အစိုးရကို မ‌တောင်းဆိုကြဘူး ဖြစ်‌နေတယ်။ အဲဒါ‌တွေလည်း သတင်းသမား‌တွေ ‌တောင်းဆိုဖို့လည်း လိုတယ်။ ဒါ‌တွေက ကျ‌နော့်တစ်ဦးရဲ့အမြင်ကို‌ပြောတာ ဖြစ်ပါတယ်။

‌မေး။ ။ဒါဆိုရင် ပြည်သူ‌တွေ သတင်းအမှန်ရရှိ‌အောင် သတင်းသမား‌တွေနဲ့ အစိုးရ၊ လွှတ်‌တော်‌တွေနဲ့ ဘယ်လိုလုပ်‌ဆောင် သင့်တယ်လို့ မြင်ပါသလဲ။
‌ဖြေ။ ။ ကျ‌နော်တို့ သတင်းသမား‌တွေက ညီညီညွတ်ညွတ်နဲ့ အစိုးရရဲ့‌ဆောင်ရွက်ချက်‌တွေအ‌ပေါ်ကို အပြုသ‌ဘော‌ဆောင် ပြီး ‌ဝေဖန်‌ထောက်ပြပြီး‌တော့ ‌ရေးသား‌ဖေါ်ပြဖို့ပဲ။ အဲဒီအ‌ပေါ်မှာ အစိုးရလည်း ကျ‌နော်တို့သတင်းသမားအ‌ပေါ်မှာ နားလည်မှုရှိဖို့ လည်း လိုတယ်။ အဖက်ဖက်မှ ‌ပေါင်းစပ်လုပ်‌ဆောင်ဖို့လည်း လိုအပ်တာ‌ပေါ့‌နော်။ အခုက တကယ်တမ်းကျ‌တော့ တိုက်ရိုက်ထိ ‌တွေ့ ‌ပေါင်းစပ်တာမျိုး မဟုတ်ဘူးဗျ။ သူတို့က တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်း‌တွေနဲ့ ဥပမာ လွှတ်‌တော်မှာ သတင်းလာယူရင် သတင်း‌ထောက်ကဒ်တို့ ဘယ်‌နေ့ဘယ်ရက် ကြိုတင်ပြီး ‌ဖေါင်ဖြည့်ခိုင်းတာတို့ရှိတယ်။ ကျ‌နော်ဘက်က ‌ဖေါင်‌တွေကြိုတင်ပြီး လာ ‌ရောက်တင်လို့နိုင်ပါတယ်။ ဒါ‌ပေမယ့် သူတို့ဘက်က လွှတ်‌တော် ဘယ်‌နေ့ဘယ်ရက် လုပ်မလဲဆိုတာ သတင်းသမား‌တွေကို တရားဝင် အသိ‌ပေးတာမျိုး မရှိခဲ့ဘူး။
ဘယ်လိုဖြစ်သင့်လည်းဆိုရင် ကျ‌နော်တို့ သတင်း‌ထောက်‌တွေကို ပြည်နယ်အစိုးရအဖွဲ့မှ ပြန်ကြား‌ရေးတာဝန်ခံဆိုတာရှိတယ်။ အဲဒီပြန်ကြား‌ရေးတာဝန်ခံမှတဆင့် ကျ‌နော်တို့သတင်း‌ထောက်‌တွေကို လိုအပ်မှသုံးတဲ့ လိုသုံးပုံစံမျိုး မဟုတ်ဘဲနဲ့ အားလုံး ပွင့်ပွင့်လင်းလင်းကို အသိ‌ပေးသင့်တယ်။ ကျ‌နော်တို့က ဘယ်ဟာမဆို အစိုးရမှားတာကို မှားတယ်လို့ ‌ဝေဖန်‌ထောက်ပြ‌ပေးနိုင် တဲ့ အ‌နေအထားနဲ့ ကျ‌နော်တို့သွားကြတာ‌လေ။ သတင်းယူကြတာ။ ကျ‌နော်တို့ပြည်သူ‌တွေဖြစ်‌နေတဲ့ဟာကို ချပြတယ်။ ဒီပြန်ကြား‌ရေးတာဝန်ကို ယူထားတဲ့ ဝန်ကြီးအစ ကျ‌နော်တို့ကို လိုသုံးပုံစံနဲ့ ‌တွေ့ရတာ‌ပေါ့‌နော်။ ဒါ‌တွေက‌တော့ ခုလက်ရှိ သတင်းသမား‌တွေရဲ့ စိန်‌ခေါ်မှုတစ်ခုပဲလို့ ‌ပြောရမှာ‌ပေါ့။

‌မေး။ ။ကရင်ပြည်နယ်မှာရှိတဲ့ တရားဥပ‌ဒေရုံး‌တွေမှာ သတင်းရယူတဲ့အခါမှာ ဘယ်လိုအ‌ခြေအ‌နေမျိုးရှိတယ်ဆိုတာ တစ် ချက်‌လောက် ‌ပြော‌ပေးပါဦး။
‌ဖြေ။ ။ အဲဒီတရား‌ရေးဘက်မှာ‌တော့ ပိုဆိုးတာ‌ပေါ့ဗျ။ ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော်တို့သတင်း‌ထောက်‌တွေ သတင်းရယူဖို့ ‌တောင်မှ ‌တော်‌တော်‌လေး ခက်ခဲတယ်။ အရင် အစိုးရ‌ဟောင်းရဲ့ချထားတဲ့မူအ‌ဟောင်း‌တွေ ရှိ‌သေးတယ်‌လေ။ မီဒီယာသမား ‌တွေကို တစ်လတစ်ကြိမ် ‌တွေ့ဆုံ‌ပေးတယ်။ မီဒီယာစင်တာ‌တွေလည်း ထား‌ပေးတယ်။ လာ‌ရောက်‌မေးမြန်းတဲ့ သတင်းသမား ‌တွေကိုလည်း တရားဝင်‌ဖြေကြား‌ပေးပါ့မယ်လို့ ‌ပြောထားပါတယ်။ သူတို့ဘက်က‌နေ‌တော့မှ ဒီလိုမျိုး သူတို့ရဲ့လုပ်‌ဆောင်ချက် ‌တွေကို တစ်ခါမှ သတင်းသမား‌တွေနဲ့ ‌တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ‌တွေလည်း‌ကောင်း၊ ‌ဆွေး‌နွေးပွဲ‌တွေလည်း‌ကောင်း လုပ်ခဲ့ တာ မရှိ‌သေးဘူး။ ဒါ‌တွေဟာလည်း ပွင့်လင်းမြင်သာမှု မရှိ‌သေးဘူးလို့ပဲ ‌ပြောရမှာ‌ပေါ့။ သတင်း‌တွေသွား‌မေးလို့ရှိရင် သူတို့ရဲ့ လုပ်‌ဆောင်‌နေကြတဲ့အ‌ပေါ်မှာ ‌နှောက်ယှက်‌နေတယ်လို့ ရန်သူကြီးသဖွယ် သူတို့က မြင်‌နေကြတယ်။ အဲဒါ‌တွေကို ကျ‌နော်တို့ ဘက်ကို ‌တော်‌တော် အခက်အခဲဖြစ်‌စေတယ်‌ပေါ့ဗျာ။ သတင်း‌ထောက်‌တွေကို သူတို့ရဲ့ သတင်း‌တွေအ‌ပေါ်မှာ တစ်ဘက်သတ် ‌ရေးကြမယ်လို့ ထင်မြင်ယူဆ‌နေတုန်းပါပဲ။ တရား‌ရေး၊ အုပ်ချုပ်‌ရေး၊ လွှတ်‌တော်စတဲ့ ကဏ္ဍ‌တွေ အရင်လိုပဲလို့ ကျ‌နော်က ‌ပြော ချင်ပါတယ်။

‌မေး။ ။ နယ်ခံသတင်းသမားတစ်ဦးအ‌နေနဲ့ အစိုးရ၊ ဝန်ကြီး‌တွေ၊ လွှတ်‌တော်ကိုယ်စားလှယ်‌တွေကို ဘယ်လို‌တွေ အကြံပြု ‌ပြောချင်ပါသလဲ။
‌ဖြေ။ ။ ကျ‌နော်တို့ သတင်းသမား‌တွေမှာ ကိုယ်‌ရေးလိုက်တဲ့သတင်းတပုဒ်ဟာ သတင်းကျင့်ဝတ်နဲ့အညီ တာဝန်ခံမှု တာဝန် ယူမှု‌တွေ ယူရတာပဲ။ ကျ‌နော်တို့ပြည်သူ‌တွေ သိရှိနိုင်ဖို့အတွက် သတင်း‌တွေလိုက်ယူတဲ့အခါမှာ သူတို့အစိုးရဘက်‌တွေမှာလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ သတင်းသမား‌တွေနဲ့ ချိတ်ဆက်ပြီး သတင်း‌တွေကိုထုတ်ပြန်‌ပေး‌စေချင်တယ်။ ဒါမှလည်း ကျ‌နော် တို့အစိုးရက‌နေပြီး‌တော့မှ ‌ဆောင်ရွက်‌နေတဲ့အ‌ပေါ်မှာ ပြည်သူ‌တွေရဲ့အမြင်၊ ပြည်သူ‌တွေရဲ့လိုအပ်ချက်‌တွေကို အစိုးရ‌တွေကို လည်း သိ‌စေချင်တယ်။ ဒီမိုက‌ရေစီလမ်း‌ကြောင်းသွား‌နေတဲ့အ‌ပေါ်မှာ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမား‌တွေကို ပွင့်လင်းစွာ ဆက်ဆံ‌စေချင်တယ်။ သတင်းသမား‌တွေကို လိုသုံးပုံစံနဲ့‌တော့ မဖြစ်‌စေချင်ဘူး။ ဒါမှ သတင်းသမား‌တွေလည်း သတင်းကျင့်ဝတ် နဲ့အညီ လွတ်လွတ်လပ်လပ်နဲ့၊ ပွင့်လင်းမြင်သာစွာနဲ့ သတင်းလိုက်ယူနိုင်မှာဖြစ်တယ်။ အစိုးရဘက်ကလည်း သတင်းသမား‌တွေ ကို တလွဲအမှားမြင်‌နေတဲ့ အမြင်‌တွေကိုလည်း ‌ပြောင်းလဲ‌စေချင်ပါတယ်။ ပြည်နယ်အစိုးရအ‌နေနဲ့ တစ်လတစ်ကြိမ် သတင်းစာ ရှင်းလင်းပွဲ‌တွေ လုပ်‌စေချင်ပါတယ်။ အဲဒါမှပဲ အစိုးရရဲ့လုပ်‌ဆောင်ချက်‌တွေကို ကျ‌နော်တို့သတင်းသမား‌တွေကတဆင့် ပြည်သူ ‌တွေ သိရှိလာမှာဖြစ်သလို ‌နောက် ပြည်သူ‌တွေရဲ့လိုအပ်ချက်‌တွေကိုလည်း သတင်းသမား‌တွေကတဆင့် အစိုးရလည်း သိရှိလာ မှာ ဖြစ်တယ်။

‌မေး။ ။ နယ်သတင်း‌ထောက်တစ်ဦးအ‌နေနဲ့ သတင်းလိုက်ရယူတဲ့အခါ ခြိမ်း‌ခြောက်မှု‌တွေလည်း ခံရဘူးပါသလား။
‌ဖြေ။ ။ ကျ‌နော့်တစ်ဦးအ‌နေနဲ့‌တော့ အစိုးရရဲ့သတင်း‌တွေကိုရယူတဲ့အခါမှာ စိန်‌ခေါ်မှု‌တွေရှိတာ‌ပေါ့။ ‌စော်ကားလည်း ခံခဲ့ရ ဘူးတယ်။ ရှင်းရှင်း‌ပြောရရင်‌တော့ အစိုးရရဲ့‌အောက်‌ခြေဌာန‌တွေက ပွင့်လင်းမြင်သာမှုအား နည်းတယ်။ ‌နောက်ပြီး အထက်က ညွန်ကြားထားတာကတမျိုး၊ ‌အောက်က လုပ်‌ဆောင်တာက တမျိုး။ သတင်း‌ထောက်‌တွေက အများအားဖြင့် ကျင့်ဝတ်နဲ့အညီ ‌ရေးသား‌နေကြ‌ပေမယ့်လည်း ခြိမ်း‌ခြောက်မှု‌တွေက‌တော့ ခံ‌နေကြရတာပဲ။ ဘာဖြစ်လဲဆို‌တော့ ဒါ‌တွေက ခင်ဗျားလုပ်‌နေတာက မှား‌နေတယ်ဆိုပြီး‌တော့ ရှိတယ်။ ကျ‌နော်ဆိုရင် သတင်း‌ရေးသားမှုနဲ့ပတ်သက်ပြီး‌တော့ တရားစွဲဆိုမယ်ဆိုပြီး ၆ကြိမ်‌လောက် လာ‌ရောက်ခြိမ်း‌ခြောက်ခြင်းကို ခံခဲ့ဘူးတယ်။ ဒါ‌ပေမယ့် ကျ‌နော်တို့သတင်းသမား‌တွေက အချက်အလက်နဲ့ကျင့်ဝတ်အညီ ‌ရေးသား‌နေတဲ့အတွက်‌ကြောင့် သူတို့က တရားစွဲဆိုဖို့က မဖြစ်လာခဲ့ဘူး။

‌မေး။ ။ အခု လူ‌ပြောများလာတဲ့ ပုဒ်မ ၆၆(ဃ) နဲ့ပတ်သက်ပြီး နယ်ခံသတင်းသမားတစ်ဦးအ‌နေနဲ့ ဘယ်လိုမြင်ပါသလဲ။
‌ဖြေ။ ။ အမှန်ဆိုရင် အဲဒီပုဒ်မက လွတ်လပ်စွာ ‌ပြောဆို‌ရေးသားပိုင်ခွင့် ထိခိုက်တယ်။ အထူးသဖြင့် မီဒီယာသမား‌တွေအ‌နေ လွတ်လပ်စွာသတင်းရယူခွင့်ကို ထိခိုက်ပါတယ်။ လူ‌တွေက အမျိုးမျိုး‌ဝေဖန်‌ပြောဆို‌နေကြပါတယ်။ အချို့‌တွေက ရှိသင့်တယ်။ အချို့‌တွေက မရှိသင့်ဘူး‌ပေါ့‌လေ။ ကျ‌နော်‌ပြောချင်တာက အခြားနိုင်ငံ‌တွေမှာ ဒီလိုမျိုး ဥပ‌ဒေပုဒ်မ‌တွေရှိလား။ ဘယ်လိုထိန်းချုပ် သလဲ‌ပေါ့။ သတင်းသမား‌တွေက အများပြည်သူအတွက် ဘယ်အရာမဆို အစိုးရဘက်ကပဲဖြစ်ဖြစ် သတင်းကျင့်ဝတ်နဲ့အညီ အပြုသ‌ဘော‌ဆောင်ပြီး ‌ဝေဖန်‌ထောက်ပြတဲ့အလုပ်ကို လုပ်တာပဲ။ ကျ‌နော်တို့‌တွေ လွတ်လပ်စွာ‌ရေးသားခွင့်နဲ့ ‌ပြောဆိုခွင့်ရှိသင့် တယ်။ ဒီပုဒ်မက ကျ‌နော့်အ‌နေနဲ့ မရှိသင့်ဘူးလို့ပဲမြင်တယ်။

‌မေး။ ။ သတင်းသမား‌တွေ သတင်းလိုက်ရယူတဲ့အခါမှာ ရုပ်ပိုင်းစိတ်ပိုင်း ခွဲခြားဆက်ဆံခံရမှု‌တွေ၊ ခြိမ်း‌ခြောက်ခံရမှု‌တွေ၊ ‌စော်ကားခံရမှု စတာ‌တွေကို ခံစားကြရတယ်‌ပေါ့‌လေ။ ဒီအ‌ပေါ်မှာ သတင်းသမား‌တွေရဲ့ အသက်လုံခြုံ‌ရေးအတွက် ကာကွယ် ‌ပေးဖို့ ဘယ်သူက တာဝန်အရှိဆုံးလဲလို့ မြင်ပါသလဲ။
‌ဖြေ။ ။ သတင်းသမား‌တွေရဲ့ အသက်လုံခြုံ‌ရေးအတွက်နဲ့ အမျိုးမျိုး‌ပေါ့‌လေ။ ဒါ‌တွေကို ကာကွယ်‌ပေးရမှာက အစိုးရက တာဝန်အရှိဆုံးလို့ မြင်တယ်။ နိုင်ငံတစ်နိုင်ငံမှာ သတင်းသမား‌တွေလည်း နိုင်ငံ့အ‌ရေးအတွက် အလုပ်လုပ်ကြတဲ့သူ‌တွေပဲ‌လေ။ ဘယ်နိုင်ငံမဆို မီဒီယာသမား‌တွေဟာ ရှိကိုရှိရမယ်။ ဒါ‌ကြောင့် ကျ‌နော်တို့မီဒီယာသမား‌တွေကို ကာကွယ်‌ပေးနိုင်ဖို့ အစိုးရကပဲ တာဝန်ခံ‌ပေးရမယ်။ ကျ‌နော်တို့သတင်းသမား‌တွေက အာဏာလုပ်ပိုင်ခွင့် ဘာတခုမှ မရှိတာ။ ကျ‌နော်တို့အလုပ်က သတင်း လိုက်၊ ‌ရေးသား‌ဖော်ထုတ်ပြီး လူထု‌တွေကို အသိ‌ပေးတာပဲ ရှိတယ်။ ဒါ‌တောင်မှ သတင်းလွတ်လပ်ခွင့်ကို အစိုးရက ထိန်းချုပ် ‌သေးတယ်။ အမှန်ဆိုရင် အစိုးရက သတင်းလွတ်လပ်ခွင့်ကို အပြည့်အဝ ‌ပေးရမယ့်အပြင် ကာကွယ်‌ပေးရမယ့် တာဝန်လည်းရှိ တယ်လို့ မြင်တယ်။

‌မေး။ ။ ကရင်ပြည်နယ်အစိုးရသစ်လက်ထဲမှာစပြီး သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမား‌တွေရဲ့ ရင်ဆိုင်ကြုံ‌တွေ့မှု‌တွေနဲ့ ပတ်သက်ပြီး အခြားဘာ‌တွေ ဖြည့်စွက်‌ပြောကြားချင်ပါ‌သေးသလဲ။
‌ဖြေ။ ။ကျ‌နော်‌ပြောချင်တာက သတင်းလွတ်လပ်ခွင့်ပဲ‌ပြော‌ပြော၊ သတင်းသမား‌တွေရဲ့ လုံခြုံ‌ရေးပဲဆိုဆို ဒီအရာအားလုံးဟာ ကာကွယ်‌ပေးဖို့က အစိုးရကပဲ တာဝန်အရှိဆုံးလို့ပဲ ‌ပြောချင်တယ်။ အစိုးရ‌တွေ ဘယ်လို‌ပြောင်းသွား‌ပြောင်းသွား သတင်း ‌ထောက်‌တွေဟာ သူ့တာဝန်အတိုင်း ‌ဖော်ထုတ်‌ရေးသားရမယ့်အလုပ်ကို ပုံမှန်ဆက်လုပ်ရမှာပဲ။ အစိုးရရဲ့လုပ်‌ဆောင်ချက်‌တွေ ‌ကောင်း၏၊ မ‌ကောင်း၏က ပြည်သူ‌တွေသိရှိ‌အောင် ‌ဖော်ထုတ်‌ရေးသားရမှာက သတင်း‌ထောက်‌တွေပဲ ဖြစ်တဲ့အတွက် သတင်း သမား‌တွေရဲ့ခြိမ်း‌ခြောက်ခံရမှု‌တွေ၊ လုံခြုံမှု‌တွေကို ကာကွယ်ဖို့က အစိုးရမှာ တာဝန်အပြည့်အဝရှိတယ်ဆိုတာ ထပ်ပြီး‌ပြောချင်ပါ တယ်။