Home သတင်း အစိုးရနှင့် တရားဝင် ‌တွေ့ဆုံနိုင်ရန် DPN နှင့် ငြိမ်းချမ်း‌ရေး ‌ကော်မရှင်တို့ ညှိနှိုင်း

အစိုးရနှင့် တရားဝင် ‌တွေ့ဆုံနိုင်ရန် DPN နှင့် ငြိမ်းချမ်း‌ရေး ‌ကော်မရှင်တို့ ညှိနှိုင်း

2833

ဇူလိုင် ၂ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ (UNFC) ၏ နိုင်ငံ‌ရေးဆိုင်ရာ ညှိနှိုင်း‌ဆွေး‌နွေး‌ရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် အစိုးရ၏ ငြိမ်းချမ်း‌ရေး‌ကော်မရှင် (Peace Commission) တို့သည် အစိုးရနှင့် တရားဝင် ‌တွေ့ဆုံ‌ဆွေး‌နွေးနိုင်‌ရေးအတွက် အလွတ်သ ‌ဘော အကြိုညှိနှိုင်းအစည်းအ‌ဝေးတစ်ခုကို ယ‌နေ့ ဇူလိုင်လ ၂ဝရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သည်။

UNFC ၏ DPN ကိုယ်စားလှယ်များ နှင့် ငြိမ်းချမ်း‌ရေး‌ကော်မရှင် ကိုယ်စားလှယ်များသည် UNFC ဘက်မှ အဆိုပြုထား‌သော အချက် ၉ချက် နှင့်ပတ်သက်ပြီး ရန်ကုန်မြို့တွင် တရားဝင် ‌ဆွေး‌နွေး ညှိနှိုင်းနိုင်‌ရေးအတွက် အဓိကထား ‌ဆွေး‌နွေးခဲ့ကြ‌ကြောင်း အစည်းအ‌ဝေးတွင် ပါဝင်ခဲ့ သူ UNFC ၏ ‌ပြော‌ရေးဆိုုခွင့်ရှိသူ ဦးထွန်း‌ဇော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အစိုးရနဲ့ တရားဝင်‌တွေ့တဲ့အခါမှာ အဆင်‌ပြေ‌စေဖို့ DPN နဲ့ Peace Commission ကြားမှာ ဒုတိယအကြိမ် ညှိနှိုင်း နည်းနာရှာတဲ့ အစည်းအ‌ဝေးပါ။ စတုတ္ထအကြိမ် အစိုးရနဲ့ ‌တွေ့မယ့်အချိန်က ‌နောက်လ ဩဂုတ် ၅ရက်နဲ့ ၁ဝ ရက်ကြားမှာ အဆိုပြုထားပါတယ်။”ဟု ‌ပြော သည်။

UNFC ၏ တင်ပြချက် (၉)ချက်တွင် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အ‌ခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုက‌ရေစီ‌ရေး၊ အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အ‌ရေးများ အာမခံချက် အပြည့်အဝရှိ‌သော ဖက်ဒရယ်ဒီမိုက‌ရေစီပြည်‌ထောင်စုနိုင်ငံ တည်‌ဆောက်သွားရန်တို့ ပါဝင်သည်။

နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ အဆင့်ဆင့်တွင် အစိုးရ၊ လွှတ်‌တော်နှင့် တပ်မ‌တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန် ‌ရေး အဖွဲ့အစည်းအားလုံး၏ ကိုယ်စားလှယ်များနှင့် တရားဝင် နိုင်ငံ‌ရေးပါတီကိုယ်စားလှယ်များ ပါဝင်‌စေပြီး တိုင်းရင်းသားကိုယ်စားလှယ်များ နှင့် အခြားပါဝင်သင့် ပါဝင်ထိုက်‌သော ကိုယ်စားလှယ်များကို ၎င်းတို့နှင့်စပ်ဆိုင်‌သော ကဏ္ဍများ၌သာ ပါဝင်ရန် ‌ဖော်ပြထားသည်။

ထို့အပြင် ၂၁ပင်လုံညီလာခံမှ ထွက်‌ပေါ်လာ‌သော ဆုံးဖြတ်ချက်များအ‌ပေါ် အ‌ခြေခံ၍ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ အပါအဝင် ဥပ‌ဒေများကို ‌ရေး ဆွဲပြဋ္ဌာန်းရန်၊ နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှုဆိုင်ရာ မူ‌ဘောင် အပါအဝင် နှစ်ဘက်လိုက်နာရမည့် အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ စည်းမျဉ်းစည်း ကမ်းများ၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ်(CoC)နှင့် ‌စောင့်ကြည့်‌ရေးလုပ်ငန်းလမ်းညွန်(ToR)နှင့် တပ်‌နေရာပြန်လည်ချထား‌ရေးတို့ကို ကြိုတင် သ‌ဘောတူညီမှု ရယူရန် စသည့်အချက်များလည်း ပါဝင်သည်။

ထို‌ဆွေး‌နွေးပွဲသို့ DPN မှ ဒုတိယအဖွဲ့‌ခေါင်း‌ဆောင် နိုင်‌အောင်မ‌ငေး၊ ဦးထွန်း‌ဇော်၊ ဗိုလ်မှူးဘုန်းနိုင်၊ အစိုးရ ငြိမ်းချမ်း‌ရေး‌ကော်မရှင်အဖွဲ့မှ ဦးလှ ‌မောင်‌ရွှေ၊ ‌ဒေါက်တာမင်း‌ဇော်ဦး၊ ကို‌ကျော်လင်းဦးတို့ အပါအဝင် နှစ်ဖက်အဖွဲ့မှ စုစု‌ပေါင်း (၉) ဦး တက်‌ရောက်ခဲ့သည်ဟု သိရသည်။ ယခု‌တွေ့ ဆုံမှုသည် UNFC အဖွဲ့အတွင်းမှ ကချင်လွတ်လပ်‌ရေးအဖွဲ့(‌ကေအိုင်အိုု) အပါအဝင် တိုုင်းရင်းသား အဖွဲ့အချို့ထွက်ခွာသွားအပြီး အစိုးရနှင့် ပထမဆုံး ‌တွေ့ဆုံမှု ဖြစ်သည်။