Home သတင်း သ‌ရေ-‌ဒေါ့ဖဲ့‌ဆေးခန်း ‌ကျောက်ကြီးမြို့၌ တရားဝင်ဖွင့်လှစ်

သ‌ရေ-‌ဒေါ့ဖဲ့‌ဆေးခန်း ‌ကျောက်ကြီးမြို့၌ တရားဝင်ဖွင့်လှစ်

2004

,h4>ဇူလိုင်၂၄ ရက်၊၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ပဲခူးတိုင်း‌ဒေသကြီး ‌ကျောက်ကြီးမြို့နယ်အတွင်း ‌ဆေးကုသစရိတ် မတတ်နိုင်သည့် လူနာများအတွက် ရည်ရွယ်ကာ ‌ကျောက် ကြီးမြို့၊ ‌မေတ္တာရပ်ကွက်၌ သ‌ရေ‌ဒေါ့ဖဲ‌ဆေးခန်းကို သ​‌ရေ​-‌ဒေါ့ဖဲ ပြန်​လည်​ထူ​‌ထောင်​​‌ရေးနှင့် ဖွံ့ဖြိုး​‌ရေးအသင်​းက ဦး‌ဆောင်ပြီး ဇူလိုင်လ ၂၂ရက်‌နေ့တွင် တရားဝင် ဖွင့်လှစ်လိုက်သည်။

အဆိုပါ‌ဆေးခန်းကို ပြီးခဲ့သည့် ၂၀၁၆ခုနှစ် ဇွန်လကတည်း စတင်ဖွင့်လှစ်ခဲ့‌သော်လည်း ပြည်တွင်း တရားဝင် ဆရာဝန်လက်မှတ် (ဆမ)ရှိသူ ဆရာဝန်မရှိသည့်အတွက် ‌ခေတ္တရပ်နားထားလိုက်ရပြီး‌နောက် ဇူလိုင် ၂၂ရက်‌နေ့တွင် တရားဝင် ပြန်လည်ဖွင့်လှစ်လိုက် ခြင်းဖြစ်သည်ဟု ‌ဆေးခန်းမန်‌နေဂျာ ‌စောမန်းရှင်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“အခုဒီ‌ဆေးခန်းကို ကျန်းမာ‌ရေးဦးစီးဌာနက ချထား‌ပေးတဲ့ ဆရာဝန်‌တွေနဲ့ပြီး‌တော့ ပြည်တွင်းမှာ တရားဝင် လက်မှတ်ရှိတဲ့ ဆရာဝန်‌တွေ သူနာပြု‌တွေနဲ့ တရားဝင်လက်မှတ်ယူပြီး ပြန်ဖွင့်လိုက်တာဖြစ်တယ်။ ဒီ‌ဆေးခန်းမှာ ‌ကျောက်ကြီးမြို့နယ်မှာ မရှိ ‌သေးတဲ့ အာထရာ‌ဆောင်း(ဓါတ်မှန်) ရိုက်တာကို ဒီ‌ဆေးခန်းမှာရှိပြီး‌ပေါ့။ ပြီး‌တော့ ကျ‌နော်တို့ ‌ဆေးခန်းဟာ သင်ကြား‌ရေး ‌ဆေးရုံအဆင့်အထိ ‌မျှော်မှန်းထားတယ်။ လုပ်ဖို့ အဆင်သင့်ရှိပြီး။ ဒါ‌ပေမယ့် အဲဒီအထိ‌တော့ ခွင့်ပြုချက် မရ‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သ‌ရေ-‌ဒေါ့ဖဲ‌ဆေးခန်း ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၂ရက်၊ နံနက် ၁ဝ နာရီအချိန်တွင် စတင်ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ‌ညောင်‌လေးပင်ခရိုင် ဥက္ကဌ၊ တပ်မ‌တော် ဗျူဟာမှူး၊ ပဲခူးတိုင်း‌ဒေသကြီး ကျန်​းမာ‌ရေး နှင့်​ ကုသ​‌ရေးဦးစီးဌာနမှူး၊ တိုင်း‌ဒေသကြီးလွှတ်‌တော် တိုင်းရင်းသား‌ရေးရာ‌ကော်မတီဥက္ကဌ၊ မြိုနယ်အဆင့် တာဝန်ရှိသူများ အသီးသီး တက်‌ရောက်ခဲ့သည်။

ပဲခူးတိုင်း‌ဒေသကြီးလွှတ်‌တော် တိုင်းရင်းသား‌ရေးရာ‌ကော်မတီ ဥက္ကဌ ဦးတင်ဆန်းဦးက “အစ်ကိုတို့‌ဒေသမှာ ကျန်းမာ‌ရေး အ‌ထောက်အကူပြုဖို့ တဖက်တလမ်းက‌နေ အသင်းအဖွဲ့‌တွေကလုပ်‌ပေးတဲ့ အတွက်ပိုအကျိုးရှိတယ်။ ‌တောင်‌ပေါ် ‌ဒေသက လူ ‌တွေ အတွက်ဆိုရင် ‌ဆေးရုံ‌တွေမှာ ဗမာစကားမ‌ပြောတတ်ဘူး။ သူတို့အတွက် ဒီ‌ဆေးခန်းက အ‌ထောက်အကူပြုပြီး ‌တောင်‌ပေါ် ‌ဒေသ ကရင်တိုင်းရင်းသား‌တွေအတွက် ကျန်းမာ‌ရေး အခွင့်အလမ်း အ‌ထောက်အကူပြုလာတယ်လို့ မြင်တယ်”ဟု ‌ကေအိုင်စီသို့ ဇူလိုင် ၂၄ရက်‌နေ့တွင် ‌ပြောသည်။

ထို့အပြင် အဆိုပါ‌ဆေးခန်းဖွင့်လှစ်နိုင်‌ရေးအတွက် အစိုးရခွင့်ပြုချက်ရရှိ‌ရေး၊ ‌ကျောက်ကြီး‌ဒေသသည် ပဋိပက္ခနယ်‌မြေဖြစ်သည့် အတွက် နိုင်ငံခြားသား ‌စေတနာ့ဝန်ထမ်းများ လာ‌ရောက်ခွင့်ရရှိ‌ရေး စသည့်အပိုင်းများကို ညှိနှိုင်းလုပ်‌ဆောင်မှုဖြင့် ပါဝင်ကူညီ ‌ပေးခဲ့‌ကြောင်း တိုင်း‌ဒေသကြီးလွှတ်‌တော် တိုင်းရင်းသား‌ရေးရာ‌ကော်မတီ ဥက္ကဌက ဖြည့်စွက်‌ပြောသည်။

အဆိုပါ‌ဆေးခန်းကို အ‌မေရိကန်နိုင်ငံရှိ ခရစ်ယာန်သာသနာပြုအလှူရှင်များနှင့် (Earth Mission Asia Foundation-EMA)အဖွဲ့၏ ‌ထောက်ပံ့ကူညီမှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကာ ‌ရေရှည်အတွက် ‌ဆေးလာ‌ရောက်ကုသသည့် လူနာများထံမှ ၎င်းတို့တတ်နိုင်သည့် စရိတ်ဖြင့်သာ ရပ်တည်သွားရန် ရည်ရွယ်ထား‌ကြောင်း ‌ဆေးခန်းတာဝန်ရှိသူများက ‌ပြောသည်။

အဆိုပါ‌ဆေးခန်းတွင် လက်ရှိ ပြည်တွင်းဆရာဝန် ၃ဦး အပါအဝင် ဝန်ထမ်း ၁၁ဦးနှင့် ပြည်ပ ‌စေတနာ့ဝန်ထမ်း နိုင်ငံခြားသား လုပ်အား‌ပေးသူများလည်းရှိကာ စတင်ဖွင့်လှစ်ခဲ့သည့် တစ်နှစ်‌ကျော်ကြာအချိန်မှ ယခုလို တရားဝင် ဖွင့်လှစ်နိုင်ခြင်းဖြစ်‌ကြောင်း ‌ဆေးခန်းတာဝန်ရှိသူများထံမှ သိရသည်။