Home သတင်း လှာကမြင် ‌မြေယာအငြင်းပွားမှုများအတွက် မူလလယ်ပိုင်ရှင်နှင့် လက်ရှိ ‌မြေပိုင်ရှင်တို့ ‌တွေ့ဆုံညှိနှိုင်း

လှာကမြင် ‌မြေယာအငြင်းပွားမှုများအတွက် မူလလယ်ပိုင်ရှင်နှင့် လက်ရှိ ‌မြေပိုင်ရှင်တို့ ‌တွေ့ဆုံညှိနှိုင်း

2444

ဇူလိုင် ၃၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ ၊ လှာကမြင်‌ကျေးရွာအုပ်စု၊ ပဒဲ‌ကော‌ကျေးရွာ၊ ကွင်းအမှတ် ၁၁၂၁/A တွင် ‌မြေယာ ပိုင်ဆိုင်မှု အ ငြင်းပွားမှုများနှင့်ပတ်သက်၍ လက်ရှိ‌မြေပိုင်ရှင်နှင့် မူလလယ်ပိုင်ရှင်တို့ ‌တွေ့ဆုံညှိနှိုင်းမှုကို ဇူလိုင်လ ၃၁ ရက်‌နေ့က လှာက မြင်‌ကျေးရွာအုပ်စု၊ အုပ်ချုပ်‌ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြသည်။

ဇူလိုင်လ ၂၄ ရက်‌နေ့တွင် လက်ရှိ ‌မြေပိုင်ရှင်များ ခြံစည်းရိုးခတ်ထားသည့် ‌မြေကွက် ၂၈ ကွက်ကို မူလလယ်ပိုင်ရှင်ဆိုသူ များက လာ‌ရောက် ဖျက်ဆီးမှုအချို့ဖြစ်ပွားခဲ့ပြီး‌နောက် ‌မြေပိုင်ရှင်များအပါအဝင် လှာကမြင်‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး၊ မူလလယ်ပိုင်ရှင်ကိုယ်စားလှယ်တို့က ယခုလို နှစ်ဖက်‌တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်း‌တွေ့ဆုံညှိနှိုင်းမှုအ‌ခြေအ‌နေများကို လယ်ပိုင်ရှင် ၁ဝ ဦးကိုယ်စား လာ‌ရောက်ညှိနှိုင်း‌ပေးသူ ကို‌မောင်‌မောင်က “ကျ‌နော်တို့ မိဘဘိုးဘွားပိုင် လယ်‌မြေဖြစ်တယ်။ ဒီ‌မြေ‌တွေက နိုင်ငံ‌တော်က သိမ်းထားတဲ့‌မြေမဟုတ်တဲ့အတွက် မိဘ ဘိုးဘွားပိုင်လယ်‌မြေ‌ပေါ်မှာ ကျ‌နော်တို့ လယ်ပြန်ထွန်မယ်။ အဲဒါနဲ့ပတ်သက်လို့ စာရွက်စာတမ်း အ‌ထောက်အထား၊ ဒီ‌နေ့၊ ဒီအချိန်အထိ အခွန်‌ဆောင်ခဲ့တယ်။ ကျ‌နော်တို့မှာ ‌ပြေစာရှိပါတယ်။ တကယ်လို့ အခု‌မြေပိုင်ရှင်‌တွေက သူတို့မှာ ပိုင်ဆိုင်မှု အမှန်အကန်ရှိတယ်ဆိုရင် ကျ‌နော်တို့ကို အချိန်မ‌ရွေး တရားစွဲဆိုနိုင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

အဆိုပါ ‌မြေကွက်များမှာ ပြီးခဲ့သည့် ၂၀၀၀-၂၀၀၁ ပြည့်လွန်နှစ်များက ‌တောင်က‌လေးဆရာ‌တော် အရှင်ပညာသာမိ စီစဉ် သည့် ‌ကျေးလက်ဖွံ့ဖြိုး‌ရေးစီမံကိန်းအရ ‌ကော်မတီဖွဲ့စည်းကာ ယင်းလယ်‌မြေများ‌ပေါ်တွင် လူ‌နေအိမ်ကွက်များ ရိုက်ကာ ‌ဖော်‌ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်း‌မြေကွက်များကို ပိုင်ရှင်အဆင့်ဆင့်ထံမှ ပြန်လည်ဝယ်ယူခဲ့ကြခြင်းဖြစ်သည်ဟု လက်ရှိ‌မြေပိုင် ရှင်များက ‌ပြောဆိုသည်။

မူလလယ်ပိုင်ရှင်ဆိုသူများထံမှ ၎င်းတို့လယ်ယာ‌မြေအတွက် အ‌ထောက်အထားခိုင်လုံမှုများရှိ‌ကြောင်း ‌ပြောဆိုမှုများရှိသလို လက်ရှိ‌မြေပိုင်ရှင်များအ‌နေဖြင့်လည်း စာချုပ်စာတမ်းနှင့်တကွ ပိုင်ဆိုင်မှုများရှိ‌နေသဖြင့် ယခုဖြစ်‌ပေါ် ‌နေသည့် ကိစ္စနှင့်ပတ် သက်၍ ယ‌နေ့အထိ တစ်ဖက်နှင့်တစ်ဖက် တစုံတရာညှိနှိုင်း‌ဖြေရှင်းနိုင်သည့် အ‌ခြေအ‌နေ မရှိ‌သေး‌ကြောင်းလည်း သိရ သည်။

ပဒဲ‌ကော‌ကျေးရွာမှ လက်ရှိ ‌မြေပိုင်ရှင်တစ်ဦးဖြစ်သူ ကိုဆန်းထွန်းက “ကျ‌နော်တို့က‌တော့ ‌ပြေ‌ပြေလည်လည် ပဲ ဖြစ်‌စေချင် ပါတယ်။ ကျ‌နော် ခြံဝယ်တုန်းကလည်း တစ်ကွက်ကို သုံးသိန်းစာချုပ်စာတမ်းနဲ့ ဝယ်ထားရတာပါ။ ဥပ‌ဒေအတိုင်း ကျ‌နော် လိုက်နာတယ်။ အခုခြံစည်းရိုးဖျက်ခံရတဲ့ အထဲ‌တော့ ကျ‌နော်မပါဘူး‌ပေါ့။ ဒါ‌ပေမယ့် ကျ‌နော် ခြိမ်း‌ခြောက်ခံရတယ်။ ခြံစည်း ရိုးဖျက်ဆီးခံရတဲ့သူ‌တွေအတွက် ‌ကျေနပ်‌လောက်‌အောင် အထိက‌တော့ညှိနှို်င်း ‌စေချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု အငြင်းပွား‌နေသည့် ကွင်းအမှတ် ၁၁၂၁/A ‌မြေယာပိုင်ဆိုင်မှုကိစ္စကို မူလလယ်ပိုင်ရှင် ဦးချစ်ဝင်း အပါအဝင် ၁ဝဦးမှ ၎င်းတို့လယ်‌မြေများ ပြန်လည်ရ ယူနိုင်‌ရေးအတွက် ယခုနှစ် ဇန်နဝါရီလ ၂၃ရက် ‌နေ့စွဲဖြင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည် နယ်အစိုးရထံ တင်ပြ‌လျှောက်ထားမှုများ ပြုလုပ်ထားပြီး သက်ဆိုင်ရာမှ စိစစ်‌နေဆဲအ‌နေအထားတွင်သာ ရှိ‌သေး‌ကြောင်း သိရသည်။