Home သတင်း လယ်‌မြေမှ အကွက်ချထားသည့် လက်ရှိ‌မြေပိုင်ရှင်၏ ခြံစည်းရိုးများကို မူလလယ်ပိုင်ရှင်များ ဝင်‌ရောက်ဖျက်ဆီး

လယ်‌မြေမှ အကွက်ချထားသည့် လက်ရှိ‌မြေပိုင်ရှင်၏ ခြံစည်းရိုးများကို မူလလယ်ပိုင်ရှင်များ ဝင်‌ရောက်ဖျက်ဆီး

2071

ဇူလိုင် ၂၄ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် လှာကမြင်‌ကျေးရွာအုပ်စု ပဒဲ‌ကော‌ကျေးရွာ ကွင်းအမှတ် ၁၁၂၁/A အတွင်း လက်ရှိ ‌မြေပိုင်ရှင်များ ခြံခတ်ထား ‌သော ခြံစည်းရိုးများကို မူလလယ်ပိုင်ရှင်များမှ လက်နက်ကိုင်အဖွဲ့တစ်ခု၏ ‌စောင့်‌ရှောက်မှုဖြင့် ယ‌နေ့(ဇူလိုင်လ ၂၄ရက်) မနက် ပိုင်းက အင်အားသုံး လာ‌ရောက်ဖျက်ဆီးမှုပြုခဲ့‌ကြောင်း သိရသည်။

အဆိုပါ ကွင်း ၁၁၂၁/A အတွင်း လက်ရှိ ‌မြေပိုင်ရှင်အချို့တို့ ‌နေအိမ်‌ဆောက်လုပ်‌နေထိုင်မှုများရှိ‌နေပြီဖြစ်သည့်အပြင် အချို့ ‌မြေ ပိုင်ရှင်များပိုင်ဆိုင်‌သော ‌မြေကွက်စုစု‌ပေါင်း ၂၇ ကွက်ရှိ ခြံစည်းရိုးကာရံထားမှုများကို မူလလယ်ပိုင်ရှင်ဆိုသူများက လာ‌ရောက် ဖျက်ဆီးခြင်းဖြစ်‌ကြောင်း မျက်မြင်များ၏ ‌ပြောပြချက်အရ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လှာကမြင်‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး နန်းခင်‌မေရီက “ကျမတို့ ‌ရောက်သွားတာ သူတို့ အကုန်ဖျက် ပြီးကုန်ပြီ။ ဒီ‌နေရာ‌တွေက အရင်တုန်းက အကွက်ချထားတာ။ အခုအဲဒီမှာ တစ်ချို့ဆိုလည်း အိမ်‌တွေဖြစ်ကုန်ပြီ။ အခုကိစ္စမှာ လယ်ပိုင်ရှင်‌တွေက သူတို့‌မြေကို သူတို့ပြန်လိုချင်တဲ့ပုံစံမျိုး‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ KNU/KNLA –PC အဖွဲ့ဝင်အချို့တို့ လိုက်ပါလာသည့် မူလလယ်ပိုင်ရှင်ဆိုသူများ အပါအဝင် အင် အား ၂၀‌ကျော်တို့မှ ခြံစည်းရိုးတိုင်များအား ထိုသို့ ဖျက်ဆီးမှုများပြုလုပ်သည့်အပြင် လယ်‌မြေများ‌ပေါ် မကျူး‌ကျော်ရ တည်ဆဲ ဥပ‌ဒေအရ အ‌ရေးယူခြင်းခံရမည် စသည့် စာသားပါဆိုင်းဘုတ်များကိုပါ စိုက်ထူထား‌ကြောင်းလည်း သိရသည်။

ခြံစည်းရိုးဖျက်ဆီးခံရသည့် လက်ရှိ‌မြေပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသိန်းလှက “ဦး‌လေး‌ပြောချင်တာက ဒီ‌မြေ‌တွေကို ဒို့အလကား ရတာလည်း မဟုတ်ဘူး။ သူများဆီမှာ ကပ်မ‌နေချင်‌တော့လို့ ဘန်‌ကောက်က သားကပို့‌ပေးတဲ့ ပိုက်ဆံနဲ့ဦး‌လေးတို့ ပြီးခဲ့တဲ့ ၃ နှစ်က သိန်း ၂၅နဲ့ ပိုက်ဆံ‌ပေးဝယ်ထားရတာ။ အခု အိမ်‌ဆောက်ပြီး‌နေတယ်။ အခုက အိမ်ပါဖြိုမယ် ဘာမယ် လုပ်‌တော့ စိတ်မ ‌ကောင်းဘူး။ ‌ပြေ‌ပြေလည်လည် ဖြစ်‌စေချင်တာ‌ပေါ့”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၀၀-၂၀၀၁ပြည့်လွန်နှစ်များက ‌တောင်က‌လေးဆရာ‌တော် အရှင်ပညာသာမိ၏ စီစဉ်မှုဖြင့် အ‌ကောင်အထည်‌ဖော် သည့် ‌ကျေးလက်ဖွံ့ဖြိုး‌ရေးစီမံကိန်းအရ ယခုလက်ရှိ‌နေထိုင်၊ ပိုင်ဆိုင်သည့် အဆိုပါ လယ်ယာ‌မြေများကို မူလလယ်ပိုင်ရှင်များ၏ သ‌ဘောတူညီချက်များအပြင် ‌မြေ‌နေရာ ပြန်လည်အစားထိုး‌ပေးမှုများဖြင့် လမ်း‌ဖောက်လုပ်ခြင်း၊ ‌မြေကွက်‌ဖော်ခြင်းများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းစီမံကိန်းအရ ဖွဲ့စည်းထားသည့် လမ်း‌ဖောက်လုပ်‌ရေး‌ကော်မတီဝင်‌ဟောင်းဖြစ်သူ ‌စောခင်လှိုင်က “အဲဒီတုန်းက ဖွံ့ဖြိုး‌ရေးအ တွက်ဆိုပြီး ဒီလယ်ပိုင်ရှင်‌တွေက စာချုပ်စာတမ်းနဲ့ သူတို့သ‌ဘောတူလက်မှတ်ထိုးခဲ့ပြီးပြီပဲ။ လယ်ပိုင်ရှင်‌တွေကိုလည်း တစ်ဧက မှာ ‌ပေ ၆၀- ၈ဝ တစ်ကွက်နှုန်းနဲ့ သူတို့ကိုလည်း အစား ပြန်‌ပေးခဲ့တယ်။ အခုကျမှ သူတို့ပြန်လိုချင်တယ်ဆို‌တော့ ကျ‌နော်လည်း မ‌ပြောတတ်‌တော့ဘူး။ ကျ‌နော်အခု ‌ပြောခဲ့တာ‌တွေ အကုန်အာမခံတယ်”ဟု ‌ပြောသည်။

ကွင်းအမှတ် ၁၁၂၁/A ‌မြေယာပိုင်ဆိုင်မှုကိစ္စကို မူလလယ်ပိုင်ရှင် ဦးချစ်ဝင်း အပါအဝင် ၁ဝဦးမှ ၎င်းတို့လယ်‌မြေများ ပြန်လည်ရ ယူနိုင်‌ရေးအတွက် ယခုနှစ် ဇန်နဝါရီလ ၂၃ရက် ‌နေ့စွဲဖြင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရထံ တင်ပြ‌လျှောက်ထားမှုများ ပြုလုပ်ခဲ့သလို ယင်းကိစ္စကို လွှတ်‌တော်ကိုယ်စားလှယ်များကိုယ်တိုင် ကွင်းဆင်း‌လေ့လာပြီး စိစစ်‌နေဆဲ အ‌နေအထားတွင်သာ ရှိ ‌နေ‌သေး‌ကြောင်း သိရသည်။

ယ‌နေ့ဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး လာမည့်အပတ်တနဂင်္‌နွေ‌နေ့(ဇူလိုင် ၃၀)တွင် လက်ရှိ‌မြေပိုင်ရှင်များနှင့် မူလလယ်ပိုင်ရှင်တို့ ထပ်မံ ‌တွေ့ဆုံသွားမည်ဖြစ်‌ကြောင်း သိရသည်။