Home သတင်း ရန်ကုန်‌တောင်ပိုင်းခရိုင် ချည်ဖြူဖွဲ့ မဂင်္လာအခမ်းအနား ပထမဆုံးအကြိမ် စု‌ပေါင်းကျင်းပမည်

ရန်ကုန်‌တောင်ပိုင်းခရိုင် ချည်ဖြူဖွဲ့ မဂင်္လာအခမ်းအနား ပထမဆုံးအကြိမ် စု‌ပေါင်းကျင်းပမည်

2025

ဇူလိုင် ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး ‌တောင်ပိုင်းခရိုင် မြို့နယ် ၅ မြို့နယ် စု‌ပေါင်းကာ ခရိုင်အဆင့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မဂင်္လာအခမ်းအ နားကို ဩဂုတ် ၄ ရက်‌နေ့တွင် ကွမ်းခြံကုန်းမြို့‌ပေါ်ရှိ ဓမိကာရုံ‌ကျောင်းတိုက်၌ ကျင်းပသွားမည်ဟု ပွဲ‌တော်ဖြစ်‌မြောက်‌ရေး ‌ကော်မတီ နာယက မန်းမြင့်စိန်က ‌ကေအိုင်စီသို့ ဇူလိုင် ၂၅ ရက်တွင် ‌ပြောသည်။

အဆိုပါ ချည်ဖြူဖွဲ့ မဂင်္လာ အခမ်းအနားကို ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာ ဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုး၏ လမ်းညွှန်မှုဖြင့် ကျင်းပသွားရန် စီစဉ်‌နေခြင်းဖြစ်ကာ တိုင်း‌ဒေသကြီး အစိုးရအဖွဲ့က အခမ်းအနားအ တွက် ကျပ်သိန်း ၆ဝ ဝန်းကျင် ဘတ်ဂျက် ချ‌ပေးမည်ဟု မန်းမြင့်စိန်က ‌ပြောသည်။

သူက“ အရင်တုန်းက မြို့နယ်အလိုက် သူ့ဘာသာသူလုပ်ကြတာရှိတယ်။ ကွမ်းခြံကုန်းမှာလည်း တချို့ရွာ‌တွေမှာ လုပ်တယ်။ အခု ကရင်‌ရေးရာဝန်ကြီးရဲ့ လမ်းညွှန်မှုနဲ့ ခရိုင်အဆင့် ပထမဆုံးစုလုပ်မယ်။ ကိုယ့် ရိုးရာယဉ်‌ကျေးမှု ပွဲကို စုစုစည်းစည်း ညီညီ ညွတ်ညွတ်နဲ ့ စု‌ပေါင်းလုပ်တဲ့ သ‌ဘောပါ။ ‌ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံ‌တေး၊ ဒလ၊ သန်လျင် မြို့နယ်‌တွေပါမယ်” ဟု ‌ပြောသည်။

အလားတူ ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မဂင်္လာအခမ်းအနားကို ဩဂုတ် ၆ ရက်‌နေ့တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ‌ခြောက်ထပ်ကြီး ဘုရား၊ ပြည်နယ်ကျက်သ‌ရေ‌ကျောင်းတိုက်၌ နှစ်စဉ်ကျင်းပမြဲ ဆက် ကျင်းပသွားမည်ဖြစ်သလို၊ လှိုင်မြို့နယ်ရှိ ဘုံ‌ကျော်‌ကျောင်းတိုက်၊ ထန်းတပင်မြို့နယ် တို့တွင်လည်း ဩဂုတ် လဆန်းပိုင်းအတွင်း ကျင်းပသွားမည်ဟု ပွဲ‌တော်ဖြစ်‌မြောက်‌ရေးစီစဉ်‌နေသူများက ‌ပြောသည်။

အဆိုပါ ရန်ကုန်တိုင်း‌ဒေသကြီး အတွင်းကျင်းပမည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မဂင်္လာ အခမ်းအနားများအတွက် စုစု ‌ပေါင်း ကျပ်သိန်း ၁၀ဝ ဝန်းကျင် ဘတ်ဂျက်ချ‌ပေးနိုင်ရန် တိုင်း‌ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြ ‌တောင်းခံထားပြီး အခမ်းအနား များသို့ တက်‌ရောက်ဆင်နွှဲသွားမည်ဟု ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား လူမျိုး‌ရေးရာ ဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက ‌ကေအိုင်စီသို့ ယ‌နေ့တွင် ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီး အတွင်း ချည်ဖြူဖွဲ့ မဂင်္လာအခမ်းအနားကို မြို့‌ပေါ် ‌ခြောက်ထပ်ကြီး ဘုရားနှင့် ဘုံ‌ကျော် ‌ကျောင်းတိုက်တို့တွင် နှစ်စဉ်ကျင်းပသလို ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ‌ကျေးရွာအချို့တွင်လည်း နှစ်စဉ်ကျင်းပ‌လေ့ရှိပြီး ယခုလို ‌တောင်ပိုင်းခရိုင်အဆင့် ၅ မြို့နယ် စု‌ပေါင်းကျင်းပခြင်းမှာ ပထမဦးဆုံး အကြိမ်ဖြစ်‌ကြောင်း သိရသည်။