Home သတင်း ယာဉ်မ‌တော်တဆမှု‌ကြောင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့် ‌ခြေသလုံး အရိုးကျိုး

ယာဉ်မ‌တော်တဆမှု‌ကြောင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့် ‌ခြေသလုံး အရိုးကျိုး

3038

ဇူလိုင်လ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်သည် ယ‌နေ့(ဇူလိုင်လ ၁၄ ရက်‌နေ့)တွင် ကျ‌ရောက်သည့် ‌တောင်က‌လေးဆရာ‌တော် ဦးပညာသာမိ၏ (၅၇)နှစ်‌မြောက် ဝိဇာတ ‌မွေး‌နေ့မဂင်္လာ အခမ်းအနားသို့ အသွား နံနက် ၇ နာရီ ၁ဝ မိနစ် အချိန်တွင် ယာဉ်မ‌တော်တဆမှုဖြစ်ပွားခဲ့ပြီး ဘယ်ဘက်‌ခြေသလုံး အရိုးကျိုးသွားခဲ့‌ကြောင်း သိရသည်။

ကားဒရိုင်ဘာတစ်ဦးနှင့်အတူ ဝန်ကြီးချုပ်စီးနင်းသည့် လန်ခရူဇာ အဖြူ‌ရောင်ကားမှာ ဖားအံမြို့အပြင်ဘက်ရှိ ဖားအံ ‌ဂေါက်ကွင်း‌ရှေ့အ‌ရောက်တွင် တိုက်‌ရော့တန်း ပြုတ်ထွက်ပြီး လမ်း‌ဘေးရှိသစ်ပင်အား ဝင်‌ရောက် တိုက်မိခြင်း ဖြစ်‌ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်နီးစပ်သူများထံမှ သိရသည်။

အဆိုပါ ယာဉ်မ‌တော်တဆမှု‌ကြောင့် ဒရိုင်ဘာမှာ တစုံတရာ ထိခိုက်ခြင်းမရှိပဲ ကား‌နောက်ခန်းတွင် လိုက်ပါသည့် ဝန်ကြီးချုပ်၏ ဘယ်ဘက်‌ခြေသလုံး အရိုးကျိုးဒဏ်ရာနှင့် ခန္ဓာကိုယ် အနည်း ငယ်ထိခိုက် (မစိုးရိမ်ရ)ဒဏ်ရာရရှိသွားခဲ့သဖြင့် လက်ရှိ ဖားအံ‌ဆေးရုံတွင် ‌ဆေးကုသမှုခံယူ‌နေရ‌ကြောင်း သိရသည်။