Home သတင်း မဲ‌ဆောက်-မြဝတီ နယ်စပ်ဂိတ်မှ ပြန်လာသည့် မြန်မာအလုပ်သမား သုံး‌သောင်း‌ကျော်ပြီ

မဲ‌ဆောက်-မြဝတီ နယ်စပ်ဂိတ်မှ ပြန်လာသည့် မြန်မာအလုပ်သမား သုံး‌သောင်း‌ကျော်ပြီ

2448

ဇူလိုင် ၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်-မြဝတီ နယ်စပ်ဂိတ်များတွင် ဇွန် ၂၉ ရက်မှ စတင်ကာ ယ‌နေ့ (ဇူလိုင် ၄ ရက်)အထိ ‌နေရပ်ပြန်လာကြသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ဦး‌ရေမှာ သုံး‌သောင်း‌ကျော်အထိရှိသွားပြီဟု မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများအ‌ရေး ‌ဆောင်ရွက်‌နေသူများထံမှ သိရသည်။

မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ-JACBA ဥက္ကဌ ဦးမိုးကြိုးက “ ‌ရေလယ်ကျွန်း၊ ‌ဘောဂိတ်၊ ၉၉၉ ဂိတ်၊ ‌ကျောက်လုံးကြီးဂိတ်‌တွေမှာ
ပြန်လာကြတယ်။ ထိုင်း-မြန်မာ ချစ်ကြည်‌ရေး တံတားဖြစ်တဲ့ ‌ဘောဂိတ်မှာတင် လူက တစ်‌နေ့ တစ်‌ထောင် ပြန်လာတယ်။ ဆက်တိုက်ပဲ ပြန်လာကြတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဇွန်လ ၂ဝ ရက်‌နေ့က ထုတ်ပြန်လိုက်သည့် ထိုင်းနိုင်ငံ၏ နုိုင်ငံခြားသား အလုပ်သမားများစီမံခန့်ခွဲမှု ဥပ‌ဒေသစ်တွင် တရား မဝင်‌နေထိုင်သူအား ‌ထောင်ဒဏ် ၅နှစ် အပြင် ဒဏ်‌ငွေ ထိုင်းဘတ်‌ငွေ သိန်းဂဏန်းအထိ ‌ပေး‌ဆောင်ရမည်ဟုပါရှိပြီး ‌ထောင်ဒဏ်၊ ‌ငွေဒဏ် နှစ်မျိုးစလုံး ကျခံနိုင်သည်ဟု ပါရှိသည့် ယင်းဥပ‌ဒေကို ထုတ်ပြန်ခဲ့ပြီး‌နောက် ဖမ်းဆီးမှုများ ဆက် တိုက်လုပ် ‌ဆောင်လာမှု‌ကြောင့် စာရွက်စာတမ်း အ‌ထောက်အထားမရှိသည့် မြန်မာအလုပ်သမားနှင့်အ ‌ထောက်အထားမပြည့်စုံသည့် မြန်မာအလုပ်သမားအ‌မြောက်အများက ယခုလို‌နေရပ်ပြန်လာကြခြင်းဖြစ်သည်။

မဲ‌ဆောက်-မြဝတီ နယ်စပ်ဂိတ်မှတစ်ဆင့် ပြန်လာသည့် ရန်ကုန်တိုင်း၊ ဥက္ကံမြို့ဇာတိ အလုပ်သမားတစ်ဦးဖြစ်သူ ကို‌ဝေယံဖြိုး က “ပတ်စ်ပို့ ဗီဇာ မရှိ‌တော့ ကျ‌နော်တို့ကို ပြန်လွှတ်တယ်။ ပုလိပ်ရန်‌ကြောက်လို့ ဘတ် ၃,၅၀ဝ ‌ပေးပြီး ပြန်လာရတယ်။ ပိုက်ဆံမရှိ‌တော့ သူငယ်ချင်းဆီကပဲ ‌ချေးပြီး ပြန်လာတယ်။ ထိုင်းကို ပြန်ပြီး‌တော့ အလုပ်လုပ်ဖို့ စိတ်ကူးမရှိ‌တော့ဘူး။ ဇာတိမှာပဲ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ပြီး ‌နေသွားမယ်။” ဟု ‌ပြောသည်။

‌နေရပ်ပြန်လာကြသည့် အဆိုပါ မြန်မာအလုပ်သမားများအား မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ ‌ဒေသအာဏာပိုင်များ၊ လူမှုကယ်ဆယ်‌ရေး အဖွဲ့အစည်းများနှင့် ‌ဒေသခံတို့က ကြိုဆိုကြပြီး လိုအပ်သည်များကို ဝိုင်းဝန်း ကူညီ‌ဆောင်ရွက်‌ပေးလျှက်ရှိသည်ဟု သိရ သည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ ထိုင်း-မြန်မာနယ်စပ်ဂိတ်‌ပေါင်းစုံမှ ယ‌နေ့ ဇူလိုင် ၄ ရက်‌နေ့အထိ ‌နေရပ်ပြန်လာသူ‌ပေါင်း ၆ ‌သောင်း‌ကျော်အထိရှိ‌နေပြီး မဲ‌ဆောက်-မြဝတီ ဂိတ်များမှ အများဆုံးပြန်လာခြင်းဖြစ်သည်ဟု ထိုင်းအ‌ခြေစိုက် အလုပ်သမား ကူညီ‌စောင့်‌ရှောင်‌ရေးအဖွဲ့ဝင် AAC မဟာမိတ်အဖွဲ့၏ အ‌ထွေ‌ထွေတာဝန်ခံ ကိုရဲမင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းနိုင်ငံ၏ နိုင်ငံခြားသား အလုပ်သမားမံခန့်ခွဲမှု ဥပ‌ဒေသစ်ကို ရက်‌ပေါင်း ၁၂ဝအထိ ရပ်ဆိုင်းထားပြီးဟု ဇွန်လ ၂၉ ရက်‌နေ့က တရားဝင် ‌ကြေညာခဲ့‌သော်လည်း မြန်မာအလုပ်သမားများမှာ ၎င်းတို့ ‌နေရပ်သို့ ပြန်လာမြဲ ပြန်လာကြဆဲဖြစ်သ လို ‌ရှေ့ဆက် လူဦး‌ရေ‌သောင်းချီ၍ ပြန်လာရန် ရှိ‌နေဆဲဟု မြန်မာအလုပ်သမားအ‌ရေး ကူညီ‌ဆောင်ရွက်‌နေသူများက ‌ပြော သည်။