Home သတင်း ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ ထိုင်းဘက် ‌ရေ‌မြောင်းတူး‌ဖော်မှု ယာယီရပ်နားထားရန် သ‌ဘောတူ

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ ထိုင်းဘက် ‌ရေ‌မြောင်းတူး‌ဖော်မှု ယာယီရပ်နားထားရန် သ‌ဘောတူ

2470

ဇူလိုင် ၂၇ ရက် ၊ ၂ဝ၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ထိုင်းနိုင်ငံ၊ စံခပူလီနယ်စပ် ‌ရေ‌မြောင်းတူး‌ဖော်မှု‌ကြောင့် ဇူလိုင်လ ၂၆ရက်‌နေ့က ဘုရားသုံးဆူ မြို့‌ပေါ်ဘုရင့်‌နောင်လမ်းမကြီး‌ပေါ်နှင့် လူ‌နေအိမ်ရပ်ကွက်များတွင် ရွှံ့ဗွက်‌ရေများဝင်‌ရောက်လာပြီး ‌ရေဖုံးလွှမ်းနိုင်သည့်အတွက် နှစ်ဘက် အာဏာပိုင်များ ညှိနှိုင်းမှုပြုလုပ်ခဲ့ရာတွင် ‌ရေ‌မြောင်း‌ဖောက်လုပ်မှုကို ယာယီရပ်နားထားရန် သ‌ဘောတူညီမှု ရရှိခဲ့သည်ဟု မြန်မာအစိုးရ တာဝန်ရှိသူထံမှ သိရသည်။

၎င်းနယ်စပ် ‌ရေ‌မြောင်း‌ဖောက်လုပ်မှုကို ရပ်ဆိုင်းထားရန် ‌တောင်းဆိုထား‌သော်လည်း ဆက်လက်‌ဆောင်ရွက်‌နေ သည့် အတွက် မြန်မာဘက်က နယ်စပ်ဂိတ်ဝင်‌ပေါက်များကို ရပ်တန့်စိစစ်မှုနှင့် နယ်စပ်လုံခြုံ‌ရေးချထားမှုတို့‌ကြောင့် ဇူလိုင်လ ၁၆ ရက်‌နေ့က နှစ်ဘက်‌သော တာဝန်ရှိသူတို့ ‌တွေ့ဆုံညှိနှိုင်းရာတွင် ထိုသို့ ယာယီရပ်ဆိုင်းရန် သ‌ဘောတူခဲ့ခြင်းဖြစ်သည် ဟု ဘုရားသုံးဆူမြို့ အုပ်ချုပ်‌ရေးမှူး ဦးမျိုးနိုင်က ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

၎င်းက “မိုးရာသီမှာ ‌ရေ‌မြောင်းတူး‌ဖော်မှု လုပ်ငန်းရပ်ထား‌ပေးဖို့နဲ့ လုပ်ငန်းပြန်စရင် အသိ‌ပေးသွားဖို့ ‌တောင်းဆိုထားတာ သ‌ဘောတူမှုရတယ်။ သူတို့လမ်းမကြီးက ကျ‌နော်တို့ဘက်ခြမ်း တိုးချဲ့ပြီးကျူးလာ‌တော့ ရပ်တန့်ပြီး လုံးဝမလုပ်‌တော့ဖို့ ‌တောင်းဆိုထားတယ်။ မြန်မာဘက်ခြမ်းက‌နေ ယခင်ကမဖျက်‌သေးတဲ့ သုံးခန်းတွဲအိမ်သာတစ်လုံး ထိုင်းဘက်က ကျူးထား တာကို ဖျက်‌ပေးဖို့ ‌တောင်းဆိုထားတယ်”ဟု ‌ပြောသည်။

အဆိုပါ ညှိနှိုင်းပွဲကို မြန်မာဘက်ခြမ်း ချက်ပွိုင့် အရာရှိရိပ်သာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနယ်ခြား‌ကော်မတီမှ ဗိုလ်မှူးကြီးမျိုးထွဋ်ဝင်း၊ အုပ်ချုပ်‌ရေး ဘက်မှတာဝန်ရှိသူများ၊ ထိုင်းနယ်ခြား‌ကော်မတီမှ ဒုတိယဗိုလ်မှူးကြီးဒီလစ်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိအချို့တို့ တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

၎င်းကိစ္စအ‌ပေါ် ဘုရားသုံးဆူမြို့ခံ ‌မောင်မင်း‌ကောင်း‌အောင်က “ထိုင်းဘက်က တူးလိုက်တဲ့‌ရေ‌မြောင်းက ကျ‌နော်တို့ ဘက်ခြမ်းနိမ့်‌တော့ ရွှံ့ဗွက်‌ရေ‌တွေ ဝင်လာတယ်။ အခု‌တော့ အဝင်မခံ‌တော့ဘူး။ နည်းနည်းတင်းတင်း မာမာဖြစ်သွားတယ်။ မ‌နေ့က နှစ်ဖက်လူကြီး‌တွေညှိလိုက်‌တော့ အဆင်‌ပြေသွားတယ်။ အခု‌တော့ ထိုင်းဘက်ခြမ်းမှာ အလုပ်သွားသူ‌တွေ ပုံမှန်သွားလာ‌နေပါပြီး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့သည် နယ်စပ်ဂိတ်ကို ဖွင့်လှစ်နိုင်ရန် ၁၉၉၉ ခုှနှစ်နှင့် ၂ဝဝ၂ ခုနှစ်တို့တွင် ထိုင်းနိုင်ငံဘက်မှ အဆိုပြုခဲ့‌သော်လည်း နယ်နိမိတ်ပြဿနာရှိသည့်အတွက် မြန်မာဘက်က လက်မခံခဲ့သလို ၂ဝ၁၃ ခုနှစ်တွင် နယ်စပ်ဂိတ်ဖွင့်လှစ်နိုင်‌ရေးအတွက် မြန်မာနိုင်ငံ နိုင်ငံခြား‌ရေး ဝန်ကြီးဌာနမှ ကွင်းဆင်းစစ်‌ဆေးသည့်အခါ နယ်နိ မိတ်ပိုင်းဆိုင်ရာ အဆင်မ‌ပြေမှုများရှိသည်ဟုဆိုကာ ယင်းနယ်စပ်ဂိတ်ကို ဖွင့်လှစ်နိုင်ခြင်းမရှိပဲ ယခုအချိန်ထိ ပိတ်ထားရဆဲဖြစ်သည်။

လက်ရှိ နယ်စပ်ဂိတ်ကို ပိတ်ထားရ‌သော်လည်း နှစ်နိုင်ငံ အ‌သေးစားကုန်သွယ်မှုများနှင့် နယ်စပ်ဖြတ်‌ကျော် ပြီး အလုပ်လုပ်ကိုင်သူများ ‌နေ့စဉ်သွားလာလျက်ရှိသည်ဟု ဘုရားသုံးဆူ မြို့ခံများက ‌ပြောသည်။