Home သတင်း ဆွီဒင်နိုင်ငံရှိ ကရင်လူမှုအသိုင်းအဝိုင်း ‌တွေ့ဆုံပွဲ နယ်စပ်ကရင်လူငယ် တက်‌ရောက်

ဆွီဒင်နိုင်ငံရှိ ကရင်လူမှုအသိုင်းအဝိုင်း ‌တွေ့ဆုံပွဲ နယ်စပ်ကရင်လူငယ် တက်‌ရောက်

2079

ဇူလိုင် ၂၄ရက်၊ ၂ဝ၁၇ခုနှစ်။ ‌စောသိန်းမြင့်

ဆွီဒင်ကရင်လူမှုအသိုင်းအဝိုင်း (Karen Swedish Community) က ဦး‌ဆောင်ပြီး ဆွီဒင်နိုင်ငံ၊ Orebro မြို့၊ Bjorkenasgarden တွင် ဇူလိုင်လ ၁၇ရက်မှ ၂၃ရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် ဆွီဒင်နိုင်ငံ ကရင်အမျိုးသားများ ‌နွေရာသီ‌တွေ့ဆုံပွဲသို့ ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်လူငယ်သုံးဦး ပထမဦးဆုံးအကြိမ်အဖြစ် တက်‌ရောက်ခဲ့ကြသည်။

ဆွီဒင်နိုင်ငံရှိ ကရင်လူငယ်များအ‌နေဖြင့် အနာဂတ်တွင် အမျိုးသား‌ရေးကို စိတ်ဝင်စားပြီး အမျိုးသား အကျိုးပြုလုပ်ငန်းများကို နယ်စပ်လူငယ်များနှင့် ပြန်လည်ပူး‌ပေါင်းလုပ်‌ဆောင်နိုင်ရန် နယ်စပ်ရှိ ကရင်‌ကျောင်းသားများကွန်ရက်အဖွဲ့(KSNG)၏ ဒုဥက္ကဌ ‌နော်ဒီဘယ်ရီ၊ Karen News မှ ‌စော‌မော့နှင့် လူငယ်‌တေးသံရှင် ‌စောမူးထူးတို့သုံးဦးကို ဖိတ်‌ခေါ်ရခြင်းဖြစ်သည်ဟု ဆွီဒင်ကရင် လူမှုအသိုင်းအဝိုင်း ဥက္ကဌ ‌နော်သီတာနုိုင်က ယခုလို ‌ပြောသည်။

“ဒီက လူငယ်‌တွေအ‌နေနဲ့‌ပေါ့‌လေ။ ‌ရှေ့ဆက် အနာဂတ်မှာ ပြည်တွင်း (မြန်မာပြည်)က အမျိုးသား‌တွေကို ပြန်လည်ကူညီ‌ရေးအ ပိုင်းမှာ အား‌ပေးစကား‌တွေ‌ပြောဖို့ ပထမဆုံးအကြိမ် နယ်စပ်က လူငယ်‌တွေကို ဖိတ်တာ ဖြစ်ပါတယ်။ သူတို့ပူး‌ပေါင်းပါဝင်နိုင်တဲ့ အတွက် ပြည်တွင်းက ကရင်‌တွေရဲ့အ‌ခြေအ‌နေကို ဒီက လူငယ်‌တွေအတွက် အများကြီး သိရှိနားလည်သွားတယ်”ဟု သူမက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖိတ်ကြားခံရသည့် နယ်စပ်မှ ကရင်လူငယ်သုံးဦးက ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်များ၏ လတ်တ‌လော ကြုံ‌တွေ့‌နေရ သည့် အကြပ်အတည်း အ‌ခြေအ‌နေ၊ ကရင်‌ကျောင်းသားလူငယ်များ၏ လှုပ်ရှားမှု အ‌ခြေအ‌နေများကို ချပြသွားသည့်အတွက် ဆွီဒင်နိုင်ငံရှိ လူငယ်များအ‌နေဖြင့် ‌ကျောင်းပညာ‌ရေး ပြီးစီးသွားပါက အမျိုးသား‌ရေးလုပ်ငန်းကို ပြန်လည် ကူညီလုပ်‌ဆောင်ရန် စိတ်ဓာတ်ခွန်းအားဖြစ်‌စေမည်ဟု ယုံကြည်‌ကြောင်း ‌နော်သီတာနိုင်က ဆက်‌ပြောသည်။

အဆိုပါ ဆွီဒင်နိုင်ငံ ကရင်အသိုင်းအဝိုင်း ‌တွေ့ဆုံပွဲတွင် နယ်စပ် ကရင်လူငယ်များအပြင် ‌နော်‌ဝေး၊ အဂင်္လန်‌ရောက် ကရင်အမျိုး သားများ၊ မြန်မာပြည်ရှိ ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များနှင့် ဆွီဒင်နိုင်ငံ‌ရောက် ကရင်အမျိုးသားများနှင့် ‌ကျောင်းသားလူငယ် များ အပါအဝင် စုစု‌ပေါင်း ၁ဝဝ‌ကျော် ပူး‌ပေါင်းပါဝင်ခဲ့သည်ဟု သိရသည်။

၇ရက်ကြာ ပြုလုပ်သည့် ယင်း‌နွေရာသီ ‌တွေ့ဆုံပွဲတွင် ကရင်ရိုးရာယဉ်‌ကျေးမှု ပြန်လည်ထုတ်‌ဖော်ခြင်း၊ ကရင့်သမိုင်း‌ကြောင်းကို ပြန်လည်‌လေ့လာသင်ယူခြင်း၊ အ‌ခြေခံ သတင်းမီဒီယာသင်တန်း၊ ‌ကျောင်းပညာပြီးဆုံးသည့် ‌ကျောင်းသူ၊‌ကျောင်းသားများကို ဂုဏ်ပြုခြင်း၊ ‌တေးသီချင်း သီဆိုပြိုင်ပွဲ၊ ‌ဘောလုံးအားကစားပြိုင်ပွဲ၊ ‌လေ့လာ‌ရေးခရီးစဉ်နှင့် ၁၂နှစ်‌အောက် က‌လေးငယ်များအ တွက် ‌ပျော်ပွဲစားခြင်းများ ပါဝင်သည်ဟု ပွဲစီစဉ်သူများက ‌ပြောသည်။

ယင်း‌တွေ့ဆုံပွဲသို့ တက်‌ရောက်ခဲ့သူ KSNG ဒုဥက္ကဌ ‌နော်ဒီဘယ်ရီက “ဒီက လူမှုအသိုင်းအဝိုင်းက လူမှုအသိုင်းအဝိုင်းငယ်‌လေး တစ်ခုဖြစ်‌ပေမယ့် သူတို့‌တွေဟာ အမျိုးသားအ‌ရေးကိုလုပ်ဖို့ အရမ်း စိတ်အားထက်သန်ကြတယ်။ ပြီး‌တော့ ပြည်တွင်းက အမျိုး သား‌တွေကိုလည်း ပြန်ပြီးကူညီဖို့ စိတ်သန်ကြတယ်။ ဒီ‌နွေရာသီ‌တွေ့ဆုံပွဲမှုက နယ်စပ်လူငယ်‌တွေ ‌တွေ့ဆုံမှုနဲ့ နှိုင်းယှဉ်ရင် ‌တော် ‌တော်‌လေး ကွာခြားပါတယ်။ ဒီက လူငယ်‌တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိကြတယ်။ နယ်စပ်မှာဆို တားဆီးပိတ်ပင်မှု ‌ကြောင့် ဒီလိုလူငယ်‌တွေ့ဆုံဖို့ သိပ်မလွယ်ကူဘူး။”ဟု ‌ပြောသည်။

ကရင်ဘာသာစကား၊ ရိုးရာယဉ်‌ကျေးမှုများကို ထိန်းသိမ်းရန်၊ ဆွီဒင်နိုင်ငံ‌ရောက် ကရင်အမျိုးသား‌ရေးရာနှင့် အခွင့်အ‌ရေးများကို လှုပ်ရှားသွားရန်၊ ပြည်တွင်းပြည်ပ၊ နယ်စပ်‌ဒေသရှိ ကရင်အမျိုးသားများနှင့် ချိတ်ဆက်လုပ်‌ဆောင်သွားရန် ရည်ရွယ်ပြီး ၂၀၀၆ခု နှစ်တွင် Karen Swedish Community ကို စတင်ဖွဲ့စည်းခဲ့ရာ ယခုအချိန်တွင် အဖွဲ့ဝင် စုစု‌ပေါင်း ၆ဝဝ‌ကျော် ရှိသည်။

ဆွီဒင်‌ရောက် ကရင်လူမျိုးများသည် ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည်စခန်းများမှ ဒုက္ခသည်အများစုဖြစ်ကြပြီး ကုသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ တတိယနိုင်ငံ ‌နေရာချထား‌ရေး အစီအစဉ်ဖြင့် ၂ဝဝ၅ခုနှစ်က စတင် ‌ရောက်ရှိသူ များဖြစ်ကြသည်။ ဆွီဒင်နိုင်ငံတွင် လက်ရှိ ကရင်လူဦး‌ရေ‌ပေါင်း ၁၂ဝဝ‌ကျော်ရှိသည်ဟု Karen Swedish Community ၏ စာရင်းအရ သိရသည်။

တတိယနိုင်ငံ‌ရောက် ကရင်လူမျိုးများ တစ်နှစ်တစ်ကြိမ် ‌တွေ့ဆုံနိုင်ရန်၊ ကရင်လူငယ်များ မိမိဘာသာစကား၊ ရိုးရာ ယဉ်‌ကျေးမှု ကို သိရှိနားလည်ပြီး ထိန်းသိမ်းတတ်ရန်၊ ကရင်လူမျိုး၏ မူလဇစ်မြစ်၊ သမိုင်း‌ကြောင်းကို ‌လေ့လာသင်ယူနိုင်‌ရေးတို့ကို အဓိက ရည်ရွယ်၍ ဆွီဒင်နိုင်ငံ ကရင်အမျိုးသားများ ‌နွေရာသီ‌တွေ့ဆုံပွဲကို ၂၀၀၆မှစတင်ကာ တစ်နှစ်တစ်ကြိမ် ကျင်းပလာခဲ့‌သော်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်လူငယ်များ ပူး‌ပေါင်းပါဝင်မှုမှာ ယခု ပထမဆုံးအကြိမ်ဖြစ်သည်။

ယခုအချိန်တွင် မြန်မာနှင့် ထိုင်းနိုင်ငံ အပါအဝင် အာရှတိုက်ရှိ နိုင်ငံများတွင် မိုးရာသီကာလဖြစ်‌သော်လည်း ဆွီဒင်နိုင်ငံ တည်ရှိ သည့် ဥ‌ရောပတိုက်တွင်မူ ‌နွေရာသီကာလ ဖြစ်သည်။