Home သတင်း ငှက်ဖျား‌ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းရန် ‌ဆေးစိမ်ခြင်‌ထောင်များ အခမဲ့‌ဝေ

ငှက်ဖျား‌ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းရန် ‌ဆေးစိမ်ခြင်‌ထောင်များ အခမဲ့‌ဝေ

2921

ဇူလိုင် ၁၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ငှက်ဖျား‌ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်တွင် ယခု ဇူလိုင် ၁၁ ရက်‌နေ့မှ စတင်ကာ ‌ဆေးစိမ်ခြင်‌ထောင်များ အခမဲ့‌ဝေငှ‌ပေး‌နေ‌ကြောင်း ငှက်ဖျား ‌ရောဂါတိုက်ဖျက်‌ရေး စီမံချက် အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် အ‌မေရိကန် ဒုက္ခသည်များဆိုင်ရာ ‌ကော်မတီ -American Refugee Committee (ARC) တာဝန်ရှိ သူများထံမှ သိရသည်။

ယင်းစီမံချက်ကို USAID မှ အဓိက ကူညီပံ့ပိုး‌ပေးပြီး အစိုးရ ကျန်းမာ‌ရေးဝန်ကြီးဌာနက လက်လှမ်းမမီသည့် ‌ဒေသများတွင် ARC အဖွဲ့မှ ၅ နှစ်ခန့် တာရှည်ခံသည့် ‌ဆေးစိမ်ခြင်‌ထောင်များအား စီမံချက်ဖြင့် အခမဲ့‌ဝေရခြင်းဖြစ်‌ကြောင်း ARC ၏ ‌ကော့ကရိတ်မြို့နယ် ညှိနှိုင်း‌ရေးမှူး ကို‌ဝေလင်း‌အောင်က ယ‌နေ့(ဇူလိုင်လ ၁၄ ရက်‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

သူက “‌ဆေးစိမ်ခြင်‌ထောင်က နှစ်‌ယောက် တစ်လုံးနှုန်းနဲ့ ‌လောက်‌လောက်ငှငှကို ‌ပေး‌ဝေတယ်။ ငှက်ဖျား‌ရောဂါ ဖြစ်များတဲ့ ‌ဒေသ‌တွေကို အဓိကထား ‌ဝေတာဖြစ်တယ်။ စီမံချက်မှာပါတဲ့ အချို့နယ်‌မြေ‌တွေမှာ ငှက်ဖျားအဖြစ်နည်း‌ပေမည့်လည်း ခြင်‌ထောင်‌ဝေ‌ပေးခြင်းအားဖြင့် ငှက်ဖျားအပြင် မိုးရာသီမှာ အဖြစ်များတဲ့ ‌သွေးလွန်တုပ်‌ကွေးနဲ့ အခြား‌ရောဂါ‌တွေပါ ကာကွယ်နိုင်ပါတယ်”ဟု‌ပြောသည်။

ဇူလိုင်လ ၁၁ ရက်မှ ၁၃ ရက်အထိ ‌ကော့ကရိတ်မြို့နယ်မှ ရွာ‌ပေါင်း ၄ ရွာတွင် ‌ဆေးစိမ်ခြင်‌ထောင် နှစ်‌ထောင် ခန့်‌ဝေခဲ့ပြီဖြစ် ကာ ယခုနှစ်တွင် ARC အ‌နေဖြင့် ကရင်ပြည်နယ်အတွင်း သံ‌တောင်ကြီးမြို့နယ်မှလွဲ၍ ကျန် ၆ မြို့ နယ်ရှိ စီမံချက်ကျသည့် ‌ဒေသများ၌ ‌ဆေးစိမ်ခြင်‌ထောင်များအား‌ဝေခြင်း၊ ခြင်‌ထောင်အသုံးပြုပုံ၊ ကျန်းမာ‌ရေးဆိုင်ရာ အသိပညာ ‌ပေးခြင်းများအား ဇူလိုင်မှ စက်တင်ဘာလအထိ ၃လကြာ ကွင်းဆင်းပြုလုပ်‌ပေးမည်ဟု ကို‌ဝေလင်း‌အောင်က ဆက်‌ပြောသည်။

‌ဆေးစိမ်ခြင်‌ထောင်များအား လက်ခံရရှိသည့် ‌ကော့ကရိတ်မြို့နယ်၊ ယွာခဲ‌အောင်ရွာ အုပ်ချုပ်‌ရေးမှူး ‌စောဒါးဘိုက “‌မောင်‌ကျော်တို့အိမ်ဆို နှစ်လုံး‌တောင်ရတယ်။ ‌ဆေးစိမ်ခြင်‌ထောင်နဲ့ အိပ်ရင် ခြင်မကိုက်‌တော့ အနာ‌ရောဂါ ‌တွေလည်း ကင်းတာ‌ပေါ့။ ခုလိုတစ်ရွာလုံးကို‌ဝေတဲ့အတွက် ‌ဝေတဲ့လူ‌တွေအားလုံးကို ‌ကျေးဇူးတင်ပါတယ်လို့ ‌ပြောချင်ပါတယ်”ဟု‌ပြောသည်။

မြန်မာနိုင်ငံတွင် ငှက်ဖျား‌ရောဂါတိုက်ဖျက်‌ရေးစီမံချက်ကို လုပ်‌ဆောင်‌နေ‌သော အစိုးရမဟုတ်သည့် NGOs အဖွဲ့ ၆ ဖွဲ့အနက် တစ်ဖွဲ့အပါအဝင်ဖြစ်သည့် ARC အဖွဲ့သည် ယခုနှစ်တွင် ကရင်ပြည်နယ်နှင့် တနသင်္ာရီတိုင်း ‌ဒေသ ကြီးများရှိ စီမံချက်ကျသည့် ‌နေရာ‌ဒေသများ၌ လုပ်‌ဆောင်‌နေသည့် အဖွဲ့ဖြစ်ကာ ယခင်၂၀၁၃-၂၀၁၄ခုနှစ်များ ကလည်း အလားတူ ငှက်ဖျားတိုက်ဖျက်‌ရေး စီမံချက်အား လုပ်‌ဆောင်ခဲ့ကြသည်ဟု သိရသည်။