Home သတင်း ခရိုင်၊ မြို့နယ်ရှိ ပညာ‌ရေးမှူးများကို KEDမှ စွမ်းရည်မြှင့်သင်တန်း‌ပေး

ခရိုင်၊ မြို့နယ်ရှိ ပညာ‌ရေးမှူးများကို KEDမှ စွမ်းရည်မြှင့်သင်တန်း‌ပေး

1894

ဇူလိုင် ၁၁ ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပညာ‌ရေးဌာန-KED (ဗဟို)မှ ဦး‌ဆောင်ပြီး ၎င်းတို့ဌာနလက်‌အောက်ရှိ ခရိုင် ၇ခုနှင့် မြို့နယ်အသီးသီးမှ ပညာ‌ရေးတာ ဝန်ရှိ သူများအား ‌ခေါင်း‌ဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းရည်မြှင့်တင်သင်တန်းတစ်ခုကို ဖားအံခရိုင် KED ဗဟိုဌာနရုံး တွင် ဇူလိုင်လ ၁ဝ ရက်မှစ၍ ၂၅ ရက်‌နေ့အထိ ပြုလုပ်‌ပေးလျှက်ရှိသည်ဟု ဌာနတာဝန်ရှိသူများက ‌ပြောသည်။

ခရိုင်၊ မြို့နယ်အသီးသီးရှိ ဌာန‌ခေါင်း‌ဆောင်များအ‌နေဖြင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များအ‌ပေါ် စနစ်တကျ စီမံခန့် ခွဲနိုင်ရန်နှင့် အရည်အချင်းပြည့်ဝသည့်‌ခေါင်း‌ဆောင်မှုများဖြစ်‌ပေါ်လာ‌စေရန်ရည်ရွယ်၍ ယခုလိုသင်တန်း ‌ပေးရခြင်းဖြစ်‌ကြောင်း KED ဗဟိုဌာန အတွင်း‌ရေးမှူး ‌စော‌လောအယ်မူက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့‌တောင်းဆို‌နေတဲ့ ကျ‌နော်တို့ ပညာ‌ရေးကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်အတွက် ကျ‌နော်တို့မှာ ‌ခေါင်း‌ဆောင်မှုအရည်အချင်းက ရှိသင့်သ‌လောက်ပဲရှိမယ်ဆိုရင် အရမ်းခက်ခဲပါလိမ့်မယ်။ ‌နောက်တစ်ခုက ‌ခေတ်ကိုလိုက်ပြီး‌တော့လည်း ‌ခေါင်း‌ဆောင်မှုနဲ့ စီမံခန့်ခွဲမှုက အ‌ရေးကြီးလာတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ သင်တန်းသို့ သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဘိတ်-ထားဝယ်၊ ဖာပွန်၊ ဒူးပလာယာနှင့် ဖားအံစသည့် ‌ကေအဲန် ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်‌မြေရှိ ခရိုင် ၇ခုမှ KED၏ ခရိုင်၊ မြို့နယ်အဆင့် ပညာ‌ရေး ဌာနမှူး၊ ဌာန အတွင်း‌ရေးမှူးများနှင့် ဗဟိုမှဌာနတွင်းတာဝန်ရှိသူတချို့ စုစု‌ပေါင်း လူဦး‌ရေ ၅၀‌ကျော် တက်‌ရောက်‌နေသည်ဟု သိရသည်။

နှစ်ပတ်ကြာသင်တန်း‌ပေးမှု၌ ‌ခေါင်း‌ဆောင်မှုနှင့်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းတာဝန်ခွဲ‌ဝေမှု၊ ‌ခေါင်း‌ဆောင်မှု၊ ပြဿနာ ‌ဖြေရှင်းနည်း၊ စည်းရုံးလှုံ့‌ဆော်မှု၊ အပြန်အလှန်ဆက်သွယ်မှု၊ အစီအစဉ်ချမှတ်မှု၊ ‌လေ့လာဆန်းစစ်မှု၊ စု‌ပေါင်း‌ခေါင်း‌ဆောင်မှု၊ အစီအစဉ်များချိန်တွက်ဆမှု၊ မှတ်တမ်းသိမ်းဆည်းမှုနှင့် ပဋိပက္ခ‌ဖြေရှင်းနည်းများအပြင် လက်ရှိ‌ကေအဲန်ယူမှ ပါဝင်လုပ် ‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်များကိုပါ ထည့်သွင်း‌ဆွေး‌နွေး အသိ‌ပေးသွားမည်ဟု KEDက ဆိုသည်။

ကရင်ပညာ‌ရေးဌာန KEDသည် ‌ကေအဲန်ယူ လက်‌အောက်ခံ ဌာန ၁၄ ခုအနက် တစ်ခုဖြစ်ပြီး ၂၀၀ဝ ခုနှစ်မှစ၍ မြန်မာပြည် အ‌ရှေ့ဘက်ခြမ်း မြို့နယ်၂၄ ခုနှင့် ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ကရင်ဒုက္ခသည်စခန်း ၇ ခုမှ ‌ကျောင်းသား ‌ကျောင်း သူ‌ပေါင်း ၃၅၀,၀၀ဝ (သုံးသိန်းငါး‌သောင်း)‌ကျော်ကို ပညာ‌ရေးဆိုင်ရာ အ‌ထောက်အပံ့များ ပံ့ပိုး‌ပေးလျှက်ရှိသည်။