Home သတင်း ကရင်ပြည်နယ်၏ ဒုတိယအကြိမ်‌မြောက် ‌လှေ‌လှော်ပြိုင်ပွဲ စတင်ကျင်းပ

ကရင်ပြည်နယ်၏ ဒုတိယအကြိမ်‌မြောက် ‌လှေ‌လှော်ပြိုင်ပွဲ စတင်ကျင်းပ

1808

ဇူလိုင် ၁၃ ရက်၊ ၂၀၁၇ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ်ရှိ အထင်ကရ ရဟန်းတစ်ပါးဖြစ်သည့် ‌တောင်က‌လေးဆရာ‌တော် အရှင်ပညာသာမိ (‌တောမှီရဟန်း)၏ ဝိဇာတ(‌မွေး‌နေ့) မဂင်္လာနှင့် ပါရမီတံတားဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကျင်းပသည့် ‌လှေ‌လှော်ပြိုင်ပွဲကို ယ‌နေ့ (ဇူလိုင်လ ၁၃ ရက်)တွင် စတင်ကျင်းပလျှက်ရှိသည်။

‌တောင်က‌လေးဆရာ‌တော်၏ သက်‌တော် ၅၇ နှစ်ပြည့်‌မွေး‌နေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် အဆိုပါ‌လှေ ‌လှော်ပြိုင်ပွဲကို ဖားအံမြို့နယ်အတွင်းရှိ လှကမြင်‌ကျေးရွာတွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုသို့ကျင်း ပရခြင်းနှင့် ပတ်သက်၍ ကရင်ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဋ္ဌာန ညွှန်ကြား‌ရေးမှူး ဦး‌အေးလွင်က ယခုလို‌ပြောသည်။

၎င်းက “ ဆရာ‌တော်အ‌နေနဲ့စည်စည်ကားကား‌လေးလုပ်ချင်တယ်‌ပေါ့။ ဆရာ‌တော်က တာဝန်‌ပေး‌တော့ ကျ‌နော် တို့အား/ကာနဲ့ပူး‌ပေါင်းပြီး‌တော့ လုပ်မယ်‌ပေါ့။ ‌လှေ‌လှော်ပြိုင်ပွဲဆိုတာကလည်း ဒီမှာ အ‌လေ့အထ ကသိပ်မရှိဘူး ဖြစ်‌နေတယ်။ ပထမ‌တော့ ဒီ‌လောက်စည်ကားမယ်လို့‌တော့ မထင်မိဘူး။ အခုအသင်းက မထင်မှတ်ပဲအရမ်း များသွားတယ်။ ဒီအတွက် ‌တော်‌တော်‌လေး အားရစရာ‌ကောင်းပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ ကျင်းပသည့် အဆိုပါ‌လှေ‌လှော်ပြိုင်ပွဲတွင် ဖားအံမြို့နယ်၊ မြို့တွင်းရပ်ကွက်နှင့် လှှိုင်းဘွဲမြို့နယ်အတွင်းရှိ အမျိုးသားနှင့် အမျိုးသမီး‌လှေ‌လှော်အသင်း‌ပေါင်း ၆၁ သင်းယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပထမဆုကို ကျပ် ၃ သိန်း၊ ဒုတိယဆုကို ၂ သိန်းနှင့် တတိယဆုကို ၁ သိန်းချီးမြှင့်သွားမည်ဖြစ်သည်ဟု သိရသည်။
ထိုသို့ယှဉ်ပြိုင်ရာတွင် အမျိုးသား‌လှော်တက် ၅ ‌ယောက်ပြိုင်ပွဲတွင် ၃၈ သင်း၊ အမျိုးသမီး ၅ ‌ယောက် တက်‌လှော် ၁၁ သင်း၊ ကျား ၃ တက်‌လှော် ၁၂ သင်းတို့ဖြင့် အုပ်စုပွဲ ၄၁ ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဇူလိုင်လ ၁၄ ရက်‌နေ့အထိ ယှဉ်ပြိုင်‌လှော်ခတ်ရမည်ဖြစ်သည်။

ထို့အတူ ယခုပြုလုပ်သည့် ‌လှေ‌လှော်ပြိုင်ပွဲတွင် မိမိတို့အ‌နေဖြင့် လူငယ်အားကစားများ ‌ပေါ်ထွက်လာ‌ရေး အ တွက် အဓိကထားခြင်း ဖြစ်သလို ယခု‌လှေ‌လှော်ပြိုင်ပွဲများက‌နေ ပြည်နယ်နှင့်တိုင်း ‌လှေ‌လှော် လက်‌ရွေး စင်များ ‌ပေါ်ထွက်လာ‌ရေးအတွက် ရည်ရွယ်ပြီး‌ရွေးချယ် ‌စေလွှတ်သွားမည်ဖြစ်‌ကြောင်းလည်း ဦး‌အေးလွင်က ဆက်လက်‌ပြောဆိုသည်။

ကရင်ပြည်နယ်အတွင်း ‌လှေ‌လှော်ပြိုင်ပွဲများကို ကျင်းပ‌လေ့သိပ်မရှိ‌သော်လည်း ၂၀၁၆ ခုနှစ်တွင် ကျ‌ရောက် သည့် ၆၁ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဋ္ဌာန၏ဦး‌ဆောင်ပြီး ဖားအံမြို့၊ အထင်ကရ ကန်သာယာကန်၌ နိုဝင်ဘာ ၆ရက်မှ ၈ရက်‌နေ့ထိ‌လှေ ‌လှော်ပြိုင်ပွဲကို ပထမဦး ဆုံးအကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။

ယ‌နေ့ ကျင်းပသည့် ‌တောင်က‌လေး ဆရာ‌တော်‌မွေး‌နေ့ အထိမ်းမှတ် ‌လှေ‌လှော်ပြိုင်ပွဲမှာ အစိုးရ သစ်လက် ထက် ယခုနှစ်အတွင်း ကရင်ပြည်နယ်တွင် ကျင်းပသည့် ဒုတိယအကြိမ်‌မြောက် ‌လှေ‌လှော်ပြိုင်ပွဲလည်း ဖြစ်သည်။