Home ထိပ်တန်းသတင်း ကရင်အမျိုးသား စု‌ပေါင်းသစ်ပင်စိုက်ပျိုးသည့်‌နေ့ ပထမဆုံးအကြိမ် ကျင်းပ

ကရင်အမျိုးသား စု‌ပေါင်းသစ်ပင်စိုက်ပျိုးသည့်‌နေ့ ပထမဆုံးအကြိမ် ကျင်းပ

2926

ဇူလိုင် ၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်၍ ကရင်အမျိုးသားစု‌ပေါင်း သစ်ပင်စိုက်ပျိုးသည့် ‌နေ့ အခမ်းအနားတစ်ရပ်ကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သစ်‌တောဌာနနှင့် ကရင်လူငယ်အစည်းအရုံး-KYO တို့ဦး‌ဆောင်ပြီး ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ‌မော်ဖိုခို့ရွာတွင် ဇူလိုင်လ ၁ ရက်‌နေ့က ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ သည်။

‌ကေအဲန်ယူ၏ ထိန်းချုပ်နယ်‌မြေများတွင် နှစ်စဉ် သစ်ပင်စိုက်ပျိုးကြ‌သော်လည်း စု‌ပေါင်းစိုက်ပျိုးသည့်‌နေ့ရက် သတ် သတ်မှတ်မှတ်မရှိ‌သော‌ကြောင့် ၁၆ ကြိမ်‌မြောက် ‌ကေအဲန်ယူကွန်ဂရက်တွင် ဇူလိုင်လ ၁ ရက်‌နေ့အား ကရင်အမျိုးသားစု‌ပေါင်းသစ်ပင်စိုက်ပျိုးသည့်‌နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ သစ်‌တောဌာနမှ သင်တန်းမှူး တစ်ဦးဖြစ်သူ ‌စော‌ကျော့မိန်က ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ တိုင်းပြည်ရဲ့ ရာသီဥတုအ‌ခြေအ‌နေအရ ဇူလိုင် ၁ ရက်‌နေ့ထိ ‌ရောက်ရင်မိုးများလာလို့ ‌မြေ ကြီးလည်း အနက်ကြီးစိုစွတ်‌နေပြီ‌လေ။ သစ်ပင်စိုက်ရင် ရှင်သန်ဖို့ အ‌ကောင်းဆုံးအချိန်မို့ ဒီ‌နေ့ကို သတ်မှတ် လိုက်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အခမ်းအနားတွင် ‌ကေအဲန်ယူနှင့် ထိုင်းအစိုးရတာဝန်ရှိသူများမှ သစ်ပင်များ၏ ‌ကောင်းကျိုးများကို အသိ‌ပေး ‌ပြောကြားခဲ့ပြီး‌နောက် ကျွန်း၊ အင်၊ သစ်‌မွှေး၊ ကြိမ်ခါးနှင့် သ‌ပြေပင် အစရှိသည့် ပျိုးပင်စုစု‌ပေါင်း နှစ်‌ထောင်‌ကျော်အား ရွာ၏ လမ်း‌ဘေး‌နေရာအနှံ့တွင် တက်‌ရောက်လာ‌သော သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ‌ဒေသခံရွာသားများက အတူတကွ စု‌ပေါင်းစိုက်ပျိုးခဲ့ကြသည်။

‌ကေအဲန်ယူ လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA) တပ်မဟာ(၇)၊ တပ်ရင်း (၂၁)၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စောသိန်းတန်က “သစ်‌တောဟာ မုန်တိုင်းဒဏ်၊ သဘာဝ‌ဘေးအန္ကရာယ်ဒဏ်ကို ကာကွယ်‌ပေး တယ်။ ဒို့ ဘိုး၊ ဘွား ‌ခေတ်တုန်းက ဖားအံခရိုင်မှာ သစ်‌တော‌တွေနဲ့အတူ ကျန်းကျန်းမာမာ စိမ်းစိမ်း လန်းလန်း ‌နေနိုင်‌ပေ မယ့် အခုသစ်‌တော‌တွေ မရှိ‌တော့ တ‌နေ့ကျ သဲကန္ကာရ ဖြစ်သွားမှာစိုးလို့ ခုလို စိုက်တာဖြစ်ပါတယ်။” ဟု ‌ပြောသည်။

ထိုသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ ‌ကေအဲန်ယူ သစ်‌တောဌာန၊ KYO၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင် ပညာ‌ရေးဌာန၊ ကျန်းမာ‌ရေးဌာနတို့မှ တာဝန်ရှိသူများ၊ မျိုးဆက်သစ်‌ခေါင်း‌ဆောင်မှုသင်တန်းမှ သင်တန်းသား/သူများ၊ နယ်‌မြေခံ KNLA ရဲ‌ဘော်များ၊ ထိုင်းနယ်ခြား‌စောင့်တပ်ဖွဲ့၊ ရဲ၊ သစ်‌တောဌာနမှ တာဝန်ရှိသူများ၊ ‌ကျောင်းသား/သူများနှင့် ရွာသူ၊ ရွာသားများအပါအဝင် စုစု‌ပေါင်း ၁၀ဝ ‌ကျော်တက်‌ရောက်ကာ စု‌ပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁ ရက်‌နေ့တွင် ကျ‌ရောက်‌သော ပထမအကြိမ်‌မြောက် ကရင်အမျိုးသားစု‌ပေါင်းသစ်ပင် စိုက်ပျိုးသည့်‌နေ့အား ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေများရှိ ခရိုင်၊ မြို့နယ်များတွင် အလားတူ သစ်ပင်စိုက်ပျိုးပွဲ‌တော်ကို ပြုလုပ်ကျင်းပခဲ့ကြသည်ဟု ‌ကေအဲန်ယူ သစ်‌တောဌာန၏ ‌ပြောကြားချက်အရ သိရသည်။