Home ထိပ်တန်းသတင်း ADB၏ ‌ကော့ကရိတ်-အိန္ဒုလမ်း ‌နောက်ဆက်တွဲအ‌ခြေအ‌နေများ ပွင့်လင်းမြင်သာမှုရှိရန် ‌ဒေသခံလိုလား

ADB၏ ‌ကော့ကရိတ်-အိန္ဒုလမ်း ‌နောက်ဆက်တွဲအ‌ခြေအ‌နေများ ပွင့်လင်းမြင်သာမှုရှိရန် ‌ဒေသခံလိုလား

2113

ဇွန် ၁၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့မှ အိန္ဒု‌ကျေးရွာအထိ ‌ဖောက်လုပ်မည့် အာရှဖွံ့ဖြိုး‌ရေးဘဏ်(ADB)၏ အာရှအ‌ဝေး‌ပြေး လမ်းမစီမံကိန်း ‌နောက်ဆက်တွဲအ‌ခြေအ‌နေများနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် လိုလား‌ကြောင်း စီမံကိန်း ‌ကြောင့် နစ်နာသူ‌ဒေသခံများဖြင့်ဖွဲ့စည်းထားသည့် ၂၄ ရွာ‌ဒေသဖွံ့ဖြိုး‌ရေး ရွာသားများ‌ကော်မတီက ‌ပြောဆိုသည်။

လမ်းစီမံကိန်းကိစ္စနှင့်ပတ်သက်၍ ဇွန်လ ၁၅ ရက်‌နေ့က Thwee Community Development Network၊ ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှု ကွန်ရက်(KESAN) စသည့် ကရင်လူမှုအဖွဲ့အစည်းများ ဦး‌ဆောင်စီစဉ်မှုဖြင့် ဖားအံမြို့နယ် ၊ တံတားဦးရွာ တံတားဦး‌ကျောင်းတိုက်တွင် ပြုလုပ်သည့် ၃ ကြိမ်‌မြောက် ‌ကော်မတီဝင်များ‌တွေ့ဆုံမှုတွင် ယခုလို ‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၂၄ ရွာ‌ဒေသဖွံ့ဖြိုး‌ရေး ရွာသားများ‌ကော်မတီဆက်သွယ်‌ရေးတာဝန်ခံ မန်းသိန်း‌ဇော်က“နစ်နာသူ‌တွေအတွက် ‌လျော်‌ကြေးနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ငန်းစဉ်‌တွေရှိလဲ ချပြ‌ပေးဖို့၊ ‌ဆောက်လုပ်‌ရေးအ‌နေနဲ့ကလည်း ဘယ်‌နေ့ ဘယ်ရက်မှာ ဘာ‌တွေလုပ်မလဲချပြအသိ‌ပေးဖို့၊ ‌နောက်ပြီး‌လျော်‌ကြေးကိစ္စနဲ့ပတ်သက်လို့ နစ်နာသူ‌တွေကိုယ်တိုင် ပါဝင်‌ဆွေး‌နွေးဆုံးဖြတ်တာမျိုးရဖို့ လိုချင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လမ်းစီမံကိန်းကို အာရှဖွံ့ဖြိုး‌ရေးဘဏ်(ADB)ဘက်မှ စီမံကိန်းလမ်း‌ကြောင်း တစ်‌လျှောက် လမ်းအန္တရာယ်ကင်းရှင်း‌စေ ‌ရေးနှင့် ထိခိုက်မှု‌လျော့ပါး‌စေ‌ရေး အနည်းဆုံးဖြစ်‌စေရန် စီစဉ်ထားသည်ဟု ‌ပြောဆိုထားသလို စီမံကိန်း‌ကြောင့် ထိခိုက် နစ်နာမှုရှိသည့် ‌ဒေသခံများအတွက် ‌လျော်‌ကြေး‌ငွေများကို မြန်မာအစိုးရထည့်ဝင်‌ငွေများထဲမှ သုံးစွဲသွား မည်ဖြစ် ‌ကြောင်းလည်း သိရသည်။

ထို့အတူ လမ်းစီမံကိန်းအတွက် မကြာခဏ တိုင်းတာမှုများရှိ‌နေ‌သော်လည်း စီမံကိန်းစတင်အ‌ကောင်အထည် ‌ဖော်မည့်အချိန်၊ ‌လျော်‌ကြေးကိစ္စများ၊ စီမံကိန်း‌ကြောင့်ဖြစ်‌ပေါ်လာသည့်‌ကောင်းကျိုး၊ ဆိုးကျိုးများအ‌ပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုအ‌ခြေအ‌နေများနှင့်ပတ်သက်ပြီး ယ‌နေ့အထိ တစုံတရာ ရှင်းရှင်းလင်းလင်း မသိရ‌သေးသဖြင့် နစ်နာသူ‌ဒေသခံများဘက်မှ ယင်းအ‌ခြေအ‌နေများကို ပွင့်လင်းမြင်သာမှုရှိရန် လိုလား‌နေကြခြင်းဖြစ်သည်။

ကျုံဒိုးမှ ‌ဒေါ်နန်းကြည်က “သူတို့လမ်းဧရိယာစိုက်တာက ကျမလယ်နဲ့‌တော့မလွတ်ဘူး။ ခဏခဏ လာတိုင်း‌ပေမယ့် ဘယ် ‌နေ့စမလဲဆိုတာလည်းမသိ‌တော့ ကျမတို့က လယ်ပဲစိုက်ရမလား၊ မစိုက်ပဲ ဒီအတိုင်းပဲပစ်ထားရမလားမသိဘူး။ ‌လျော်‌ကြေး ကိစ္စ‌တွေဘာ‌တွေ ဘာမှလည်းအခုထိ ‌သေချာမသိရ‌သေး‌တော့ နည်းနည်း‌တော့စိုးရိမ်တယ်”ဟု‌ပြောသည်။

အာရှဖွံ့ဖြိုး‌ရေးဘဏ်(ADB)၏‌ချေး‌ငွေဖြင့် အ‌ကောင်အထည်‌ဖော်မည့် လမ်းစီမံကိန်းတိုင်းတာခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်မှစတင်ကာ ‌ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းစီမံကိန်းတစ်‌လျှောက် ‌ကျေးရွာများရှိ ‌ဒေသခံများ၏ အိမ်ခြံ၊ လယ်ယာ‌မြေ၊ ဥယျာဉ်ခြံ‌မြေနှင့် ‌ဈေးဆိုင်များ‌ပြောင်း‌ရွှေ့ရမည်ဖြစ်ကာ အိမ်‌ထောင်စု ၁၁၄ စုထိခိုက် မည်ဖြစ်‌ကြောင်းလည်း ပြီးခဲ့သည့်နှစ် ‌မေလက ‌ဒေသခံများနှင့်‌တွေ့ဆုံစဉ် (ADB)ဘက်မှ ‌ပြောဆိုထားသည်။

‌ကော့ကရိတ်- အိန္ဒုလမ်းအထိ အရှည်မိုင် ၄၁.၂၅ မိုင်( ၆၆.၄ ကီလိုမီတာ)ရှိသည့် အဆိုပါ စီမံကိန်းကို ADB ၏ ‌ချေး‌ငွေ ‌ဒေါ်လာသန်း ၁၀၀၊ အာဆီယံအ‌ခြေခံအ‌ဆောက်ဦး ရံပုံ‌ငွေ ‌ဒေါ်လာသန်း ၂ဝ နှင့် မြန်မာအစိုးရထည့်ဝင်‌ငွေ ‌ဒေါ်လာ ၁.၈ သန်းဖြင့် ၂၀၁၆ ခုနှစ်တွင် စတင်ကာ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် အဆုံးသတ်ရန် လျာထားသည်ဟု သိရသည်။