Home သတင်း ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် ဋ္ဌာန‌ပေါင်းစုံအတွက် နိုင်ငံ‌ရေးသင်တန်း‌ပေး

‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် ဋ္ဌာန‌ပေါင်းစုံအတွက် နိုင်ငံ‌ရေးသင်တန်း‌ပေး

2798

ဇွန် ၁၃ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ဋ္ဌာန‌ပေါင်းစုံအတွက် နိုင်ငံ‌ရေးတတ်သိပညာစွမ်းရည် မြှင့်တင်ရန်နှင့် လုပ်ငန်းများ ပိုမိုစွမ်း‌ဆောင်နိုင်ရန် ရည်ရွယ်၍ ငါးရက်ကြာ အ‌ခြေခံ နိုင်ငံ‌ရေး ရက်တိုသင်တန်းတစ်ရပ်ကို ဇွန်လ ၁၂ ရက်‌နေ့မှ စတင်ကာ မြို့နယ်ရုံးတွင် စတင်ပို့ချ‌ပေးလျှက်ရှိသည်။

ထိုသို့ ပို့ချ‌ပေးရာတွင် မြို့နယ်အတွင်းရှိ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လယ်ယာစိုက်ပျိုး‌ရေး၊ သစ်‌တော၊ ရဲ၊ ရုံး၊ လူငယ်၊ အမျိုးသမီးစသည့် သက်ဆိုင်ရာ ဌာနများအား ‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင် ‌စောပိုပိုတူး‌အောင် အပါအဝင် မြို့နယ် တာဝန်ရှိသူအချို့တို့က အဆိုပါ အ‌ခြေခံနိုင်ငံ‌ရေးသင်တန်းကို ပို့ချ‌ပေး‌နေခြင်းဖြစ်သည်။

သင်တန်းဆရာ ‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင် ‌စောပိုပိုတူး‌အောင်က “ဒီသင်တန်းမှာ ကျ‌နော်တို့ ပို့ချ‌ပေးတာက ကရင့်‌တော်လှန်‌ရေးသမိုင်း၊ ‌ကေအဲန်ယူရဲ့ လမ်းစဉ်၊ ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေ၊ ‌ရှေ့လုပ်ငန်းစဉ်နဲ့ ရုံးလုပ်ငန်းဆိုင်ရာ စတာ‌တွေ ဖြစ်ပါတယ်။ ပထမရက်မှာ သမိုင်းနဲ့ လမ်းစဉ် ပို့ချ‌ပေးပြီးပါပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် သင်တန်းသို့ တက်‌ရောက်သည့် ဋ္ဌာနဆိုင်ရာ ဝန်ထမ်းများသည် ပို့ချမှုအ‌ပေါ် စိတ်ဝင်တစား ရှိကြ‌ကြောင်းနှင့် ‌ကေအဲန်ယူ ဒူးပလာယာခရိုင်ရှိ အခြားမြို့နယ်များတွင်လည်း အလားတူ သင်တန်းများ ပို့ချရန် အစီအစဉ်ရှိ‌ကြောင်း ‌စောပိုပိုတူး‌အောင်က ဆိုသည်။

ဇွန် ၁၂ ရက်မှ ၁၆ ရက်‌နေ့အထိ ပြုလုပ်မည့် ယင်းသင်တန်း၌ ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် ဋ္ဌာန‌ပေါင်းစုံမှ တက်‌ရောက်သူ ၁၀ဝ ‌ကျော်ရှိကာ အများစုမှာ လူငယ်ပိုင်းများ ဖြစ်ကြပြီး သင်တန်းပြီးဆုံးသည့်အခါ ၎င်းတို့သည် သက်ဆိုင်ရာဋ္ဌာနများသို့ ပြန်လည်တာဝန်ထမ်း‌ဆောင်ကြရမည်ဖြစ်သည်ဟု မြို့နယ် တာဝန်ရှိသူများ၏ အ‌ပြော ကြားချက်အရ သိရသည်။

‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် အတွင်းအ‌ရေးမှူးဖြစ်သူ ‌စောအယ်‌ကော်‌သောက “အနာဂတ်မှာ နိုင်ငံ့‌ခေါင်း‌ဆောင် အဖြစ် လူငယ်‌တွေကို ကျ‌နော်တို့ လိုအပ်တယ်။ ဒီသင်တန်းကို တက်‌ရောက်တဲ့ အထဲမှာ အရည်အ‌သွေးပြည့်မီတဲ့ သူတချို့ ထွက်‌ပေါ်လာမယ်။ ကျ‌နော်တို့ရဲ့ အကြီးမားဆုံး ‌မျှော်မှန်းချက်က‌တော့ သူတို့‌တွေ ပြန်လည်ဦး‌ဆောင်မှု ‌ပေးနိုင်ဖို့ပါ။ အလားတူ မွမ်းမံသင်တန်းများလည်း ကျ‌နော်တို့ လုပ်‌ပေးနိုင်ဖို့ ကြိုးပမ်းသွားမယ်”ဟု ‌ပြောဆိုသည်။

လက်ရှိ အ‌ခြေအ‌နေအရ နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းလမ်းဖြင့် ‌ဖြေရှင်းသွားရမည်ဖြစ်သည့်အတွက် ‌တော်လှန်‌ရေးတွင် ပါဝင်‌နေကြသည့် သူများအ‌နေဖြင့် နိုင်ငံ‌ရေးကို တတ်သိနားလည်‌ရေးနှင့် ‌မျှော်မှန်းချက်အတိုင်း ‌ဖြောင့်‌ဖြောင့်ဖြူးဖြူး ‌လျှောက်လှမ်းနိုင်‌ရေးသည် ၎င်းတို့၏ ကြီးမားသည့် ‌မျှော်လင့်ချက်ဖြစ်သည်‌ကြောင်း ‌စောအယ်‌ကော်‌သောက ဆိုသည်။

‌ကေအဲန်ယူ ဗဟိုမှ ဒူးပလာယာခရိုင်ရှိ မြို့နယ်များတွင် ယခင်က သက်ဆိုင်ရာ ဋ္ဌာနများအတွက် နိုင်ငံ‌ရေးသင်တန်းများ ‌ပေးခဲ့မှုများ ရှိခဲ့‌သော်လည်း ‌ကော့ကရိတ်မြို့နယ်အတွင်း ဋ္ဌာန‌ပေါင်းစုံစု‌ပေါင်း၍ ယခုုလို သင်တန်း‌ပေးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု မြို့နယ်တာဝန်ရှိသူများ၏ ‌ပြောကြားချက်အရ သိရသည်။