Home သတင်း ၅ ကြိမ်‌မြောက် တိုင်းရင်းမီဒီယာညီလာခံကို လွိုင်‌ကော်တွင် ကျင်းပ

၅ ကြိမ်‌မြောက် တိုင်းရင်းမီဒီယာညီလာခံကို လွိုင်‌ကော်တွင် ကျင်းပ

1780

ဇွန် ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ပြည်နယ်အ‌ခြေစိုက် တိုင်းရင်းသားမီဒီယာများအများဆုံးပါဝင်ပြီး ဇွန်လ ၂၆ ရက်မှ ၂၈ ရက်‌နေ့အထိ ကျင်းပမည့် ၅ ကြိမ်‌မြောက် တိုင်းရင်းမီဒီယာညီလာခံကို ကယားပြည်နယ်၊ လွိုင်‌ကော်မြို့ရှိ မြို့နယ်ခန်းမတွင် ယ‌နေ့ (ဇွန်လ ၂၆ ရက်‌နေ့)မှ စတင်ကာ ကျင်းပ‌နေပြီဖြစ်‌ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို နိုင်ငံတကာမြန်မာ့သတင်း (Burma News International –BNI) နှင့် ကယားပြည်နယ်အ‌ခြေ စိုက်ကန္တာရဝတီတိုင်းမ် သတင်းဌာနတို့မ ှဦး‌ဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားမီဒီယာများ၏ အခန်းကဏ္ဍမြှင့်တင် ‌ပေး‌ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်‌ကြောင်း BNI အဖွဲ့ ဒါရိုက်တာ နိုင်က‌ဆော့မွန်က ယခုလို‌ပြောသည်။

၎င်းက “ကျ‌နော်တို့ပြည်နယ် ၇ ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားသတင်းမီဒီယာ‌တွေ သတင်း‌ထောက် ‌တွေအ‌နေနဲ့ အခုလို အ‌ပြောင်းအလဲကာလ ဖက်ဒရယ်ပြည်‌ထောင်စု ‌ဖော်‌ဆောင်‌နေတဲ့ကာလအတွင်းမှာ ကျ‌နော်တို့ တိုင်းရင်းသား မီဒီယာ‌တွေ ဘယ်အခန်းကဏ္ဍ‌တွေမှာ ပါဝင်သင့်တယ်၊ ပါဝင်ထိုက်တယ်ဆိုတာ ‌တွေအပြင် တိုင်းရင်းသားပြည်သူ‌တွေ အတွက် မှန်ကန်တဲ့သတင်းအချက်အလက်‌တွေ ဘယ်လို‌ပေးနိုင်မလဲ၊ ဘယ်လိုမြှင့်တင်‌ပေးနိုင်မလဲ စတာ‌တွေအတွက် ရည်ရွယ်ခြင်းဖြစ်ပါတယ်” ဟု အခမ်းအနားအဖွင့်အမှာစကားတွင် ထည့်သွင်း‌ပြောဆိုသည်။

Promoting the Ethnic Media in Political Transition in Myanmar ‌ခေါင်းစဉ်ဖြင့် လွိုင်‌ကော်မြို့တွင ်ပြုလုပ်သည့် ၅ ကြိမ်‌မြောက် တိုင်းရင်းသားမီဒီယာညီလာခံကို ပြန်ကြား‌ရေးဝန်ကြီးဌာန ဝန်ကြီး‌ဒေါက်တာ ‌ဖေမြင့်၊ ကယားပြည်နယ်ဝန်ကြီး ချုပ် အယ်လ်‌ဖောင်းရှိုအပြင် BNI တာဝန်ရှိသူများ၊ သတင်းမီဒီယာ‌ကောင်စီမှ တာဝန်ရှိသူများ၊ ပြည်နယ်အသီးသီးတွင် အ ‌ခြေစိုက်သည့် တိုင်းရင်းသား မီဒီယာများမှ ကိုယ်စားလှယ်များအပါအဝင် လူဦး‌ရေ ၃၀ဝ နီးပါးခန့်တက် ‌ရောက်ခဲ့ကြသည်။

ပြန်ကြား‌ရေးဝန်ကြီးဌာန ဝန်ကြီး ‌ဒေါက်တာ ‌ဖေမြင့်က “ကျ‌နော်တို့ တိုင်းပြည်သည် နိုင်ငံ‌ရေးအရက ကူး‌ပြောင်း ‌နေတဲ့ကာလဖြစ်ပါတယ်။ ကျ‌နော်တို့ တိုင်းပြည်သည် ပြည့်ဝတဲ့ဒီမိုက‌ရေစီ အ‌နေအထား‌ရောက်ဖို့အတွက် ဘယ်ဟာ ‌တွေ‌ပြောင်း လဲဖို့လိုအပ်တယ်ဆိုတာကို အားလုံးလည်း သိပြီးသားဖြစ်ပါတယ်။ ကျ‌နော်တို့တိုင်းပြည် ဒီမိုက‌ရေစီကူး‌ပြောင်းဖို့ကိစ္စမှာ အမျိုးသား ရင်ကြား‌စေ့‌ရေးဟာ အ‌ရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ အဲဒီ‌တော့အချင်းချင်းကြားမှာ စိတ်ရှည်သည်း ခံမှုနဲ့ အပြန်အလှန်သ‌ဘောထားကြီးမှု‌တွေဟာ အင်မတန်မှ အ‌ရေးကြီးပါတယ်။ ” ဟု ညီလာခံတွင် ‌ပြောကြားခဲ့သည်။

ထို့အပြင် ‌ပြောင်းလဲ လာသည့် အ‌ခြေအ‌နေတွင် လုပ်ကိုင်‌ဆောင်ရွက်သည့် နည်းလမ်းများမှာ ‌ပြောင်းလဲမှု မရှိလျှင် ‌ရှေ့တိုး တက်သည့် အ‌နေအထားမရသည့်အပြင် ရှိပြီးသား အ‌ခြေအ‌နေကိုလည်း ပြိုပျက်သွားနိုင်သည့် အ‌နေအထားမျိုးလည်းရှိ ‌နေ‌ကြောင်း ပြန်ကြား‌ရေး ဝန်ကြီးဌာန ဝန်ကြီး ‌ဒေါက်တာ‌ဖေမြင့်က ဆက်‌ပြောသည်။

သုံးရက်တာ ပြုလုပ်မည့် ယင်းတိုင်းရင်းသား မီဒီယာညီလာခံ ပထမ‌နေ့တွင် တိုင်းရင်းမီဒီယာများ‌တွေ့ကြုံ‌နေရသည့် အခက်အခဲများကို ပြည်နယ်အလိုက် ရှင်းလင်းတင်ပြခြင်း၊ သတင်းရပိုင်ခွင့်အချက်လက်များ၊ မူဝါဒ၊ အားလုံး ပါဝင်သည့် တိုင်းရင်းသားမီဒီယာဖွံ့ဖြိုးမှုအတွက် ချဉ်းကပ်‌ဆောင်ရွက်မှုမြှင့်တင်ခြင်း၊ မြန်မာ့ငြိမ်းချမ်း‌ရေးဖြစ်စဉ်အတွက် တိုင်းရင်းသား မီဒီယာများ၏ အခန်းကဏ္ဍ၊ တိုင်းရင်းမီဒီယာမူဝါဒအကြံ ‌ပေးခြင်း၊ အမျိုးသမီးသတင်း ‌ထောက်များ၏ အခွင့်အ‌ရေးစသည့် အခန်းကဏ္ဍများကို အဓိကထား ‌ဆွေး‌နွေးကြမည်ဖြစ်သည်။

တိုင်းရင်းသား မီဒီယာအဖွဲ့များ စုစည်းပြီး ၂၀၁၃ ခုနှစ်မှစတင်ကာ ပထမဆုံးအကြိမ်အဖြစ် မွန်ပြည်နယ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် တစ်နှစ် တစ်ကြိမ် နယ်လှည့် ညီလာခံ ကျင်းပလာခဲ့ရာ ယခု ကယားပြည်နယ်အတွက် ၅ ကြိမ်‌မြောက် ကျင်းပခြင်းဖြစ်သည်။