Home သတင်း ၂၁ ရာစု ညီလာခံ အ‌ခြေအ‌နေကို နယ်စပ် လူမှုအဖွဲ့အစည်းများအား ‌ကေအဲန်ယူ ပြန်ရှင်းလင်းမည်

၂၁ ရာစု ညီလာခံ အ‌ခြေအ‌နေကို နယ်စပ် လူမှုအဖွဲ့အစည်းများအား ‌ကေအဲန်ယူ ပြန်ရှင်းလင်းမည်

1779

ဇွန် ၂ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ ရာစု ပင်လုံတွင် တက်‌ရောက်‌ဆွေး‌နွေးခဲ့သည့် အ‌ခြေအ‌နေများနှင့် ပတ်သက်၍
‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးက နယ်စပ်အ‌ခြေစိုက် ကရင်လူမှုအဖွဲ့အစည်းများထံ ပြန်လည်ချပြရှင်းလင်းပွဲ တစ်ရပ်ကို ဇွန် ၉ ရက်‌နေ့တွင် ၎င်းတို့ ‌လေးဝါးစခန်း၌ ပြုလုပ်သွားမည်ဟု ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး ၂ ပဒို ‌စောလှ ထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ၏ ‌မေလဆန်းပိုင်းက ပြုလုပ်ခဲ့သည့် ဗဟိုအမြဲတမ်း‌ကော်မတီ အစည်းအ‌ဝေး၏ ‌ရှေ့လုပ်ငန်းစဉ်အရ လက်ရှိ နိုင် ငံ‌ရေးအ‌ခြေအ‌နေကို ပြည်သူလူထုများထံသို့ တင်ပြညှိနှိုင်း‌ဆွေး‌နွေးခြင်း(Consultation) များကို ပြုလုပ်ရန် သ‌ဘောထားရှိ သည့်အ‌လျောက် ယခုလိုပြုလုပ်သွားရန် စီစဉ်လာခြင်းဖြစ်သည်ဟု ပဒို‌စောလှထွန်းက ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ဖြစ်‌နေတဲ့ လက်ရှိနို်င်ငံ‌ရေးအ‌ခြေအ‌နေ‌တွေကို ကျ‌နော်တို့ ကရင်လူမှုအဖွဲ့အစည်း‌တွေကို ‌တွေ့ဆုံရှင်းလင်းပြ ချင်လို့ပါ။ ကရင်အမျိုးသားအချင်းချင်းကြားထဲမှာ အခုသွား‌နေတဲ့နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအရ ကျ‌နော်တို့ အားလုံက အပြန်အ လှန်နားလည်မှု ရှိမှုနဲ့ ဟန်ချက်ညီညီ ကိုယ့်ရဲ့ ဘယ်လိုအခန်းကဏ္ဍက‌နေ ဘယ်လိုပါဝင် ထိစပ်လုပ်‌ဆောင် သွားမ လဲဆိုတဲ့ ရည်ရွယ်ချက်က အဓိက‌ပေါ့ ” ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် ၂၁ ပင်လုံ ဒုတိယအစည်းအ‌ဝေးကို တက်‌ရောက်ခဲ့သည့် ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များမှ ၎င်းတို့‌ဆွေး ‌နွေးခဲ့ရ သည့် ဖြစ်စဉ်များ၊ ရရှိလာသည့်ရလဒ်အ‌ပေါ်တွင် အ‌ခြေခံသွားမည့်ပုံစံ၊ ယခင်အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ၌ ကရင် လူထု၏ ‌ဆွေး‌နွေးအကြံပြုချက်များထဲမှ ‌ဆွေး‌နွေးခွင့်ရရှိခဲ့သည့် အချက်၊ ကျန်ရှိခဲ့သည့် အချက်များအ‌ပေါ် ‌ရှေ့ဆက်‌ဆွေး ‌နွေးသွားမည့်ပုံစံများ၊ တတိယအကြိမ် ပြည်‌ထောင်စုညီလာခံ မတိုင်ခင်ကြားကာလ ပြုလုပ်သွားရမည့် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများအတွက် ‌တွေ့ဆုံရှင်းလင်းပြီး တက်‌ရောက်လာမည့် အဖွဲ့အစည်းကိုယ်စားလှယ်များ၏ သ‌ဘောထား များကို ရယူသွားမည်ဟုလည်း ပဒို‌စောလှထွန်းက ဆက်‌ပြောသည်။

ဇွန်လ ၉ ရက်မှ ၁ဝ ရက်‌နေ့အထိ နှစ်ရက်တာပြုလုပ်မည့် ယင်း‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအ‌ဝေး၏ တင်ပြ‌ဆွေး‌နွေးခဲ့သည့်ဖြစ်စဉ်တစ်ခုလုံး၏အ‌ခြေအ‌နေနှင့် နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ လုံခြုံ‌ရေးနှင့် ‌မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ ငါးခုကို ၎င်းပင်လုံအစည်းအ‌ဝေးသို့ တက်‌ရောက်‌ဆွေး‌နွေးခဲ့ သည့် ‌ကေအဲန်ယူ၏ ထိပ်ပိုင်း‌ခေါင်း‌ဆောင်များမှ ပြန်လည် ရှင်းလင်းတင်ပြ‌ဆွေး‌နွေးသွားမည်ဟု သိရသည်။

၎င်း‌တွေ့ဆုံ‌ဆွေး‌နွေးပွဲသို့ နယ်စပ်အ‌ခြေစိုက် ကရင်လူမှုအဖွဲ့အစည်းများ၊ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူမှု‌ရေး စသည့် အရပ် ဖက်လူမှုအဖွဲ့အစည်း ၁၄ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ‌ကေအဲန်ယူဌာန အသီးသီးမှ ‌ခေါင်း‌ဆောင်များ၊ ယခင်အမျိုးသားအ ဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင် ပါဝင်ခဲ့သည့် တာဝန်ရှိသူကိုယ်စားလှယ်အချို့ အပါအဝင် စုစု‌ပေါင်း ကိုယ်စားလှယ် ၁၅ဝ ဦး ခန့်တက် ‌ရောက်သွားရန် စီစဉ်ထားသည်ဟု ‌ကေအဲန်ယူက ဆိုသည်။

ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုကွန်ယက်(KESAN)၏ ဒါရိုက်တာ ‌စော‌ပေါလ်စိန်ထွားက“အရပ် ဖက်အဖွဲ့‌တွေကို သူတို့(KNU)ရဲ့ လုပ်ငန်းစဉ်အ‌ကြောင်းအရာ‌တွေကိုပြန်လည် အသိ‌ပေးတာ‌ကောင်းပါတယ်။ ဒါ‌ပေမဲ့ ကျ ‌နော်တို့မြင်တာက သွား‌နေတဲ့လုပ်ငန်းစဉ်အဆင့်ဆင့်အရ သူတို့အစည်းအ‌ဝေးကို မသွားခင် ကျ‌နော်တို့ CBO၊ CSO‌တွေ နဲ့‌တွေ့ပြီး‌တော့ ကျ‌နော်တို့ရဲ့အမြင်သ‌ဘောထား၊ စိုးရိမ်ပူပန်မှု‌တွေကို ရယူသင့်ပြီး‌တော့မှ ပြန်လည်ရရှိလာတဲ့ ရလဒ်အ‌ပေါ် ပြန်ပြီး‌ဆွေး‌နွေးကြတာပိုပြီးနည်းမှန်၊ လမ်းမှန်ဖြစ်မယ်။ အခုက ကျ‌နော်တို့ သ‌ဘောထားမပါပဲ လက်မှတ်ထိုးလာတဲ့ရလဒ် ‌တွေအ‌ပေါ်မှာ ပြန်‌ဆွေး‌နွေးတာ‌တော့ နည်းလမ်းမကျဘူးလို့ မြင်တယ်”ဟု ‌ပြောသည်။

ကျင်းပပြီးစီးခဲ့သည့် ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအ‌ဝေး၌ ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ပြုလုပ်ကျင်းပခဲ့သည့် အ ဆင့်ဆင့်‌သော ‌ဆွေး‌နွေးပွဲမှရရှိလာ‌သော အဆိုပြု ချက်များကို ပြည်‌ထောင်စု သ‌ဘောတူစာချုပ်အစိတ်အပိုင်းအဖြစ် ချုပ် ဆိုခဲ့ရာ ကဏ္ဍကြီး (၅)ခုမှ လုံခြုံ‌ရေး ကဏ္ဍမှလွဲ၍ နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ ‌မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ (၄)ခုမှ မူဝါဒ သ‌ဘောတူညီချက် ၃၇ ချက်ကို ပြည်‌ထောင်စုသ‌ဘောတူ စာချုပ် အစိတ်အပိုင်း (၁)အဖြစ် အဖွဲ့အစည်းအသီးသီးမှ ‌ခေါင်း‌ဆောင်များ နှင့် အသိသက်‌သေများမှ သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ကြသည်။

‌ကေအဲန်ယူနှင့် အရပ်ဖက်ကရင်လူမှုအဖွဲ့အစည်းများအကြား ယခင်က ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ မကြာခဏရှိခဲ့‌သော်လည်း နိုင်ငံ‌ရေး ဖြစ်စဉ်အရ ‌ပေါ်‌ပေါက်လာ‌သော အ‌ရေးကြီးသည့် ကဏ္ဍများရှိလာမှသာ ‌တွေ့ဆုံ‌ဆွေး‌နွေးကြခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူက ဆိုသည်။