Home သတင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် ‌လေး‌ကေ‌ကော်မြို့သစ်သို့ သွား‌ရောက်‌လေ့လာ

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် ‌လေး‌ကေ‌ကော်မြို့သစ်သို့ သွား‌ရောက်‌လေ့လာ

2125

ဇွန် ၁၃ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ် Mr. Jukr Boon-Long ဦး‌ဆောင်‌သောအဖွဲ့သည် လက်ရှိ ‌ကေအဲန်ယူ-ကရင်အ မျိုးသားအစည်းအရုံးမှ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်‌နေသည့် မြဝတီမြို့နယ်အတွင်းရှိ ‌လေး‌ကေ‌ကော်မြို့ သစ်စီမံကိန်း သို့ ယ‌နေ့ (ဇွန်လ ၁၃ ရက်) မနက်ပိုင်းက သွား‌ရောက်‌လေ့လာခဲ့‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၂ ရက်‌နေ့တွင် စတင်အ‌ကောင်အထည်‌ဖော်ခဲ့သည့် အဆိုပါ ‌လေး‌ကေ‌ကော်မြို့ သစ်စီမံကိန်းသို့ ထိုင်းသံအမတ်ကြီးတစ်ဦးအ‌နေဖြင့် ပထမဆုံးအကြိမ် လာ‌ရောက်‌လေ့လာခြင်းဖြစ်ပြီး သံအမတ်နှင့် အဖွဲ့လာ‌ရောက်ခဲ့သည့် အ‌ခြေအ‌နေများကို ‌လေး‌ကေ‌ကော်မြို့ သစ်စီမံကိန်းတည်‌ဆောက်‌ရေး‌ကော်မတီဥက္ကဌ ‌ကေအဲန်ယူမှ ဗိုလ်မှူး‌စောရန်နိုင်က ယခုလို‌ပြောသည်။

“မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူးရုံးက‌နေပြီး ကျ‌နော်တို့ဆီကို ထိုင်းသံအမတ်အဖွဲ့လာ‌ရောက်မယ်ဆိုပြီးအ‌ကြောင်းကြားလာ တာဖြစ်ပါတယ်။ သံအမတ်အဖွဲ့ကလည်း လာရတဲ့အ‌ကြောင်းအရင်းကို‌တော့ ဘာမှ‌ပြောသွားတာ မရှိဘူး။ သူတို့အ‌နေနဲ့ လာပြီး‌တော့ ဒီကအ‌ခြေအ‌နေ‌လေး‌တွေအ‌ပေါ် ‌မေးမြန်းသွားတာပဲရှိပါတယ်” ဟု ဗိုလ်မှူး ‌စောရန်နိုင်က ‌ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ် Mr. Jukr Boon-Long နှင့် ဇနီးဖြစ်သူ Mrs. Kamolrat Boon-Long ဦး‌ဆောင်ပြီး ထိုင်းစစ်သံမှူးများပါဝင်သည့် အဖွဲ့ဝင် ၁၄ ဦး၊ မြဝတီခရိုင်၊ မြို့ နယ်အုပ်ချုပ်‌ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးတို့နှင့်အတူ ‌လေး‌ကေ ‌ကော်မြို့သစ်တာဝန်ရှိသူများနှင့် ‌တွေ့ဆုံပြီး‌နောက် မြို့သစ်အတွင်းရှိ အထက်တန်း‌ကျောင်းသို့ သွား‌ရောက်‌လေ့လာခဲ့ ‌ကြောင်းလည်း သိရသည်။

သံအမတ်ကြီး ဦး‌ဆောင်သည့်အဖွဲ့အ‌နေဖြင့် ‌လေး‌ကေ‌ကော်မြို့သစ်စီမံကိန်း တည်‌ဆောက်သည့်အ‌ခြေအ‌နေ၊ ‌နေရာ ချ ထား‌ပေး‌နေမှုအ‌ခြေအ‌နေ၊ ‌နေထိုင်သူများ၏ လုပ်ကိုင်စား‌သောက်မှု အ‌ခြေအ‌နေများကို ‌မေးမြန်းခဲ့သည့်အပြင် ၎င်းတို့အား အကူအညီ‌ပေးနိုင်မည့် အ‌ခြေအ‌နေများနှင့်ပတ်သက်ပြီး အကြံဉာဏ်‌ပေး‌ပြောဆိုမှုများရှိ‌ကြောင်း သိရသည်။

‌လေး‌ကေ့‌ကော်မြို့သစ်စီမံကိန်းသည် ‌ကေအဲန်ယူ တပ်မိသားစုနှင့် စစ်‌ဘေး‌ရှောင် ဒုက္ခသည်များအတွက် ပြန်လည် ‌နေရာချ ထား‌ပေးသည့် စီမံကိန်းဖြစ်ပြီး ‌မြေဧက‌ပေါင်း ၁,၈၀ဝ လျာထားကာ ၇၅၅ ဧကကို အရစ်ကျ အ‌ကောင်အထည်‌ဖော်မည် ဖြစ်ပြီး တန်ဖိုးနည်းအိမ် အလုံး‌ရေ ၁,၅၀ဝ ‌ဆောက်လုပ်ရန် လျာထားလျှက်ရှိသည့် အိမ်ရာစီမံကိန်းတစ်ခုလည်း ဖြစ်သည်။