Home သတင်း မြစ်ကျိုး စာသင်‌ကျောင်း‌ဆောင်သစ် အခန်းမလုံ‌လောက်မှု ကြုံ

မြစ်ကျိုး စာသင်‌ကျောင်း‌ဆောင်သစ် အခန်းမလုံ‌လောက်မှု ကြုံ

2029

ဇွန် ၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ဘီးလင်းမြို့နယ် ‌လေး‌ကေ‌ကျေးရွာအုပ်စုရှိ မြစ်ကျိုး(ပယာ‌ရော)‌ကျေးရွာ စာသင်‌ကျောင်း၌ ယခု စာသင်နှစ် အတွက် ‌ကျောင်းသား‌ကျောင်းသူများ တစ်စုတစ်စည်းတည်း ‌ကျောင်းတက်နိုင်ရန် ရည်ရွယ်၍ ‌ဆောက်လုပ်ပြီးစီး‌သော စာသင်‌ဆောင်သို့ ‌ပြောင်း‌ရွှေ့ရန် ‌ကျောင်းအခန်းမလုံ‌လောက်မှုနှင့် ကြုံ‌တွေ့လျှက်ရှိသည်ဟု ၎င်း‌ကျောင်း ဆရာ၊ ဆရာများက ‌ပြောဆိုသည်။

‌ကျောင်းအ‌ဆောင်‌ပြောင်း‌ရွှေ့ရသည့် ‌နေရာသည် အ‌ဆောက်အဦး နှစ်ခုရှိသည့်အနက် စုစု‌ပေါင်း အခန်း‌ပေါင်း ၇ ခန်းရှိ‌သော်လည်း သူငယ်တန်းမှ အဋ္ဌမတန်းအထိ ရှိ‌သော‌ကြောင့် အခန်းနှစ်ခန်းစာ လိုအပ်‌နေသည်ဟု မြစ် ကျိုးစာသင်‌ကျောင်း၏ ‌ကျောင်းအုပ်ဖြစ်သူ ဆရာ‌အောင်မျိုးဟိန်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောဆိုသည်။

၎င်းက “ဒီနှစ် စာသင်ကြားဖို့ အ‌ဆောင်သစ် နှစ်‌ဆောင် ရှိပါတယ်။ တစ်‌ဆောင်က တည်‌ဆောက်ထားတာ အရည်အ‌သွေး အားနည်းလို့ လိုအပ်တာ ပြုပြင်ပြီး တက်‌ရောက်မယ်။ တက်‌ရောက်ခွင့်ရမရ ကရင် တာဝန်ရှိ သူ(‌ကေအဲန်ယူ)နဲ့လည်း ကျ‌နော်တို့ ‌ဆွေး‌နွေးကြည့်မယ်။ ဒါ‌ပေမဲ့ နှစ်‌ဆောင်‌ပေါင်းမှ အခန်း ခုနှစ်ခန်းပဲ ရှိလို့ အခက်အခဲ‌တော့ ရှိတာ‌ပေါ့။ လာမည့်နှစ်မှာ အ‌ဆောင်လုံ‌လောက်‌အောင် လုပ်‌ဆောင်နိုင်ဖို့ ‌မျှော်လင့်ထားပါ တယ်”ဟု ‌ပြောသည်။

မြစ်ကျိုး‌ကျေးရွာ စာသင်‌ဆောင်အသစ်သည် ရွာအ‌နောက်ဘက်တွင် တည်ရှိပြီး ရွာ‌မြောက်ပိုင်းရှိ ‌ကျောင်းအ‌ဟောင်း တည်ရှိသည့် ‌နေရာနှင့် တစ်‌နေရာစီ ဖြစ်‌နေ၍ ဆရာများအတွက် စာသင်ကြား‌ရေး အဆင်‌ပြေ‌ချော‌မွေ့‌စေရန်နှင့် က‌လေးများ ‌နေရာတစ်ခုတည်းတွင် ‌ကျောင်းတက်နိုင်ရန် အ‌ရေးတကြီး လိုအပ်ချက်တစ်ခု ဖြစ်‌နေ‌ကြောင်း မြစ်ကျိုး‌ဒေသခံများ၏ ‌ပြောဆိုချက်အရ သိရသည်။

၂၀၁၇-၁၈ စာသင်နှစ်အတွင်း မြစ်ကျိုးစာသင်‌ကျောင်း၏ ‌ကျောင်းသားဦး‌ရေမှာ ၃၀ဝ ဝန်းကျင်ရှိ‌နေပြီး အတန်းတစ်ခုစီ ပျှမ်းမျှလူဦး‌ရေ ၃ဝ ‌ကျော် ရှိသည့်အတွက် တစ်‌နေရာတည်း အတန်း ‌ပေါင်းထားနိုင်ရန် အခက်‌တွေ့‌နေသည်ဟု မြစ်ကျိုး‌ကျေးရွာ၏ ‌စေတနာ့ဝန်ထမ်း ‌ကျောင်းဆရာမနှင့် ‌ကျောင်းသားမိဘတစ်ဦးဖြစ်သူ ‌နော်မြင့်မြင့်‌အေးက ‌ပြောသည်။

“လိုအပ်‌နေတဲ့ နှစ်ခန်းစာအတွက် အတန်းငယ်‌တွေ ‌ပေါင်းထားမလားလို့ စဉ်းစားတယ်။ ဒါ‌ပေမဲ့ တတိယ တန်းမှာကပဲ ‌လေး‌ကျော်‌နေပြီ။ ကျမတို့ စဉ်းစားရ အ‌တော်ခက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သက်ဆိုင်ရာ လုပ်‌ဖော်ကိုင်ဖက်‌တွေနဲ့ ‌တွေ့ဆုံပြီး က‌လေး‌တွေကို အတူထားနိုင်‌ရေး၊ မနိုင်‌ရေး ဆုံးဖြတ်ကြမယ်”ဟု ‌နော်မြင့်မြင့်‌အေးက ‌ပြောသည်။

မြစ်ကျိုး‌ကျေးရွာရှိ ‌ကျောင်းအ‌ဆောင်သစ် နှစ်ခုကို ပြီးခဲ့သည့် ၂၀၁၅ ခု၊ နှစ်ဆန်းပိုင်းက တည်‌ဆောက်ပြီးစီးခဲ့ပြီး မြို့နယ်အစိုးရ နှင့် ဆွီဒင်နိုင်ငံမှ SDC အမည်ရှိ အဖွဲ့တို့၏ ကူညီ‌ထောက်ပံ့မှုဖြင့် ‌ကျောင်း‌ဆောင်တစ်ခုချင်းစီ တာဝန်ယူ ‌ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အစိုးရ ‌ဆောက်လုပ်‌ပေးသည့် ‌ကျောင်း‌ဆောင်မှာ မျက်နှာကြက် ပြိုကျခြင်း၊ နံရံနှင့် ကြမ်းခင်း အက်ကွဲခြင်းများ ရှိခဲ့သည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ‌လေး‌ကေ‌ကျေးရွာအုပ်စုအတွင်းရှိ မြစ်ကျိုးရွာ စာသင်‌ကျောင်းသည် မူလွန် ‌ကျောင်း(အလယ်တန်းအဆင့်) အစိုးရ‌ကျောင်းဖြစ်ပြီး ၂၀၁၆-၁၇ စာသင်နှစ်၌ သူငယ်တန်းမှ အဋ္ဌမ တန်းအထိ ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၂၆ဝ ‌ကျော် ရှိသည်ဟု ယင်း‌ကျောင်း၏ ‌ကျောင်းသားဦး‌ရေ စာရင်းအရ သိရသည်။