ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ၂၀၁၇ခုနှစ် မေလ ၂၄ရက် မှ ၂၉ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေး၏ ရလဒ်မှာ အစိုးရအစုအဖွဲ့ကိုယ်စားလှယ်၊ လွှတ် တော်အစုအဖွဲ့ကိုယ်စားလှယ်၊ တပ်မတော်အစုအဖွဲ့ကိုယ်စားလှယ်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများ အစုအဖွဲ့ကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့ကြ သည့် ပြည်ထောင်စုသဘောတူစာချုပ်ပင် ဖြစ်သည်။ သို့သော် ဤပြည်ထောင်စု သဘောတူစာချုုပ်သည် တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသားများအားလုံးအတွက် မည်သည့်အာမခံချက်မျှ မဆောင်ကြဉ်းပေးပါ။ စင်စစ် အနာဂတ်ငြိမ်းချမ်းရေးနှင့် စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအတွက် စိုးရိမ်စရာများကို ဖြစ်ပေါ်စေပါသည်။
အကြောင်းရင်းမှာ –
၁။ ဤပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ ကိုယ်စားလှယ်အဖြစ် တက် ရောက်ပါဝင်ဆွေးနွေးခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှာ KNU၊ DKBA၊ KPC၊ CNF၊ PLNO နှင့် ABSDF (၆)ဖွဲ့သာဖြစ်ပါသည်။ ထို့ကြောင့် အစည်းအဝေးရလဒ်ဖြစ်သည့် ပြည်ထောင်စုသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးရာတွင် NCA ကို လက်မှတ်ရေးထိုးထားသည့် RCSS နှင့် ALP တို့ ပါဝင်ခြင်းမရှိပါ။ အကြောင်းမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ၎င်းတို့၏ ပြည်နယ်အသီးသီး၌ တိုင်းရင်းသားပြည်သူ များနှင့် ကျင်းပပြုလုပ်ခွင့်မရသောကြောင့် ဖြစ်ပါသည်။ NCA နှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မပြုလုပ်မီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို အရင်ပြုလုပ်ရမည်ဟု ဖေါ်ပြထားပါသည်။
ထို့ကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒုတိယဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြည်ထောင်စုသဘော တူစာချုပ်ကို လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၆)ခုကိုသာ ကိုယ် စားပြုပါသည်။
၂။ NCA ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများဖြစ်စေ၊ လက် မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်စေ ထိုအစည်းအဝေးမှ ရရှိလာသည့်ရလဒ်များကို ကိုယ်စားပြု လက်မှတ်ရေးထိုးရန် မည်သည့်ပုဂိ္ဂုလ်တစ်ဦးတစ်ယောက်ကိုမျှ လုပ်ပိုင်ခွင့် အာဏာ ပေးအပ်ထားခဲ့ခြင်းမရှိပါ။ အကြောင်းမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအနေ ဖြင့် ၎င်းတို့အချင်းချင်းအကြား UPDJC ၏ မူဝါဒအဆိုပြုချက်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီ ချက် ရယူခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။
၃။ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)တွင်ပါရှိသည့် မူဝါဒဆိုင်ရာ သဘောတူညီချက် (၃၇)ချက်ကို မည်သို့မည်ပုံ သဘောတူဆုံးဖြတ်ချက်ချသည်မှာ ရှင်းလင်းမှုမရှိချေ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ကဏ္ဍအလိုက် ခေါင်းစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် အချိန်ကုန်လူပင်ပမ်းခံ ဆွေးနွေးပြီးနောက် ရရှိလာသည့် သဘောတူညီချက်များရှိပါသည်။ သို့သော် ထိုသဘောတူညီချက်များကို ပြည်ထောင်စု သဘောတူစာချုပ်တွင် မတွေ့ရပါ။ ပြည်ထောင်စုသဘောတူစာချုပ်တွင် ဖေါ်ပြသည့် သဘောတူညီချက်အချို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှ တိုက်ရိုက်ရယူထားသည့် အချက်အလက်များဖြစ်သည်။ အချို့အချက်အလက်များမှာ စကားလုံးအချို့ကို ပြောင်းလဲထားခြင်းသာဖြစ်ပြီး ၎င်းတို့၏အဓိပ္ပါယ်မှာ ကရင်တိုင်းရင်းသားများနှင့် တခြားတိုင်းရင်းသားများ စုစည်းဖေါ် ပြသည့်အမြင်များနှင့် ကိုက်ညီမှုမရှိချေ။ ထို့ကြောင့် ဤသဘောတူညီချက်များသည် တိုင်းရင်းသားများအတွက် စစ် မှန်သည့်အာမခံချက်များ မဟုတ်သေးပေ။
၄။ အစုအဖွဲ့များက ၎င်းတို့အကြား သဘောတူညီချက်များရရှိသည်အထိ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ခြင်းမရှိသည့် အကြောင်းအရာများကို ဆက်လက်ဆွေးနွေးညှိနှိုင်းရန် သဘောထားရှိပါသည်။ သို့သော် UPDJC က ထိုကိစ္စရပ်များ နှင့်ပတ်သက်ပြီး သဘောတူညီချက်များကို ချမှတ် ဆုံးဖြတ်ပေးခဲ့သည်။
၅။ UPDJC ၏ ဆုံးဖြတ်ချက်ချမှတ်ခြင်းယန္တရားကို နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် ရှင်းလင်းစွာ ဖေါ်ပြထား ခြင်းမရှိပါ။ UPDJC ၏ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် များသောအားဖြင့် တပ်မတော် အစု အဖွဲ့၏ အမြင်သဘောထားများကသာ အဓိကလွှမ်းမိုးနေရာယူသည်။ တပ်မတော်အစုအဖွဲ့၏ ဆုံးဖြတ်ချက်ကို အခြား အစုအဖွဲ့များက နာခံရသည့်သဘော ပေါ်လွင်နေသည်။ တစ်နိုင်ငံလုံး၏အရေး အထူးသဖြင့် တိုင်းရင်းသားများ၏ ကံကြမ္မာသည် လူနည်းစု သို့မဟုတ် လူတစ်စု၏လက်ထဲ၌သာရှိပါက ဤငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မှားယွင်းနေ ပြီဟု ဆိုရမည်။ ထို့ကြောင့် ပြန်လည်သုံးသပ်ခြင်းနှင့် ပြုပြင်ခြင်းများကို ပြုလုပ်ရမည်။ သို့မဟုတ် တရားမျှတသော နည်းလမ်းသစ်ကို ရှာဖွေရမည်။
၆။ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ဒေသန္တရဖွံ့ဖြိုးရေး၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတို့ နှင့် ပတ်သက်သည့် သဘောတူညီချက်များတွင် တိုင်းရင်းသားအခွင့်အရေးများနှင့်ပတ်သက်၍ စိုးစဉ်းမျှမပါရှိပါ။ သာမန် ရေးသားချမှတ်နေကျ ယေဘုယျကျသော ကိစ္စများသာပါသည်။ တိုင်းရင်းသားအခွင့်အရေးနှင့် တန်းတူညီမျှ မှုအတွက် အာမခံချက်များ မပါရှိပါ။
၇။ ပြည်ထောင်စုသဘောတူစာချုပ်တွင် သုံးနှုန်းထားသည့် “နိုင်ငံသားအခွင့်အရေး”သည် “တိုင်းရင်းသား အခွင့်အ ရေး”နှင့် မတူညီပါ။ တိုင်းရင်းသားများက “တိုင်းရင်းသား အခွင့်အရေး”အတွက် ကြိုးပမ်းဆောင်ရွက်နေခြင်းသည် “နိုင်ငံသားအခွင့်အရေး”အတွက် ကြိုးပမ်းဆောင်ရွက်နေခြင်းမဟုတ်ပါ။ ဤအခွင့်အရေးနှစ်ရပ်သည် မတူညီပါ။ “နိုင်ငံသားအခွင့်အရေး”များအတွက် တိုင်းရင်းသားများက အသက်၊ သွေး၊ ချွေး မြောက်များစွာပေးဆပ်ပြီး ကြိုးပမ်း လာခဲ့ကြခြင်း မဟုတ်ပါ။ ဥပဒေက နိုင်ငံသားတစ်ဦးစီ၌ တန်းတူညီမျှမှု အခွင့်အရေးနှင့် ပိုင်ဆိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသော်လည်းပဲ တိုင်းရင်းသား အခွင့်အရေးကို လွှမ်းခြုံခြင်းမရှိပါ။ တိုင်းရင်းသားအခွင့်အရေးကို ဥပဒေ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒတွင် ပြဋ္ဌာန်းထားခြင်းမရှိပါက တိုင်းရင်းသားများအတွက် မည်သည့်အာမခံချက်မျှ မရှိပါ။
အကြံပြုချက်များ
၁။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကြည့်ပါက NCA ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေး အဖွဲ့အစည်းများသော်လည်းကောင်း၊ ဗမာ့တပ်မတော်သော်လည်းကောင်း၊ လက်ရှိအစိုးရသော်လည်း ကောင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအားလုံး NCA အဆင့်တွင် ပါဝင်လက်မှတ်ရေး ထိုးပြီး NCA အတိုင်း လိုက်နာလုပ်ဆောင်ကြရမည်ဟု ဆိုကြပါသည်။ သို့သော် ၎င်းတို့ကိုယ်၌ကပင်လျှင် NCA ပါ သတ်မှတ်ချက်များအတိုင်း လိုက်နာလုပ်ဆောင်ခြင်းမရှိပါ။
ဥပမာ NCA အခန်း(၅)၊ အပိုဒ်(၂၀) တွင် တစ်ဆင့်ချင်းစီ လုပ်ဆောင်ရမည့် နိုင်ငံရေးလမ်းပြမြေပုံကို အောက်ပါအ တိုင်း ဖေါ်ပြထားပါသည်။
(၁) NCA ကိုလက်မှတ်ရေးထိုးခြင်း
(၂) နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ရေးဆွဲခြင်းနှင့် အတည်ပြုခြင်း
(၃) အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပခြင်းနှင့်
(၄) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံဟုလည်း ယခုအစိုးရက ခေါ်ဆိုသည်။)ကို ကျင်းပခြင်းတို့ ဖြစ်သည်။
ထိုအဆင့် (၄)ဆင့်ကိုပင်လျှင် တစ်ဆင့်ပြီးတစ်ဆင့် ပြီးမြောက်သည်အထိ ထိထိရောက်ရောက် လိုက်နာ လုပ်ဆောင်နိုင်ကြခြင်း မရှိပါ။
၂။ နောက်အချက်တစ်ချက်မှာ လက်ရှိအစိုးရက အာဏာရလာပြီးနောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြန် လည်သုံးသပ်ရန် ဆုံးဖြတ်ချမှတ်ခဲ့ပါသည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးက ပြန်လည်သုံးသပ်ခြင်းကို လုပ်ဆောင်၍ မပြီးပြတ်သေးသကဲ့သို့ မူဘောင်တစ်ခုလုံးကိုလည်း အတည်ပြု နိုင်ခြင်း မရှိသေးပါ။ လက်ရှိကာလတွင် ငြိမ်းချမ်းရေးလုပ်ငန်းများကို တစ်ပိုင်းတစ်စသာ အတည်ပြုထားသည့် မူဘောင်ကို အခြေခံပြီး ဆောင်ရွက်နေကြခြင်းဖြစ်သည်။
၃။ ထိုနည်းလည်းကောင်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အတွက် ရေးဆွဲချမှတ်သည့် terms of reference အားလုံးကိုလည်း အတည်မပြုရသေးပါ။ ဤကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်သူများ အချင်းချင်းအကြား ရှင်းလင်းမှု မရှိသကဲ့သို့၊ အဖွဲ့အစည်းကိုလည်း ရှင်းရှင်းလင်းလင်း ပြန်လည်တင်ပြခြင်း မပြုလုပ်နိုင်သည့်အတွက် အားလုံးက နားမလည်ကြပါ။ ဥပမာ ပြည်ထောင်စုသဘောတူစာချုပ်ကို မည်သို့သော ဆုံးဖြတ်ချက်ချမှတ်ခြင်း ယန္တရားဖြင့် ဖေါ် ဆောင်သည်မှာ မရှင်းလင်းသကဲ့သို့ ပြီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအစည်းအဝေးကို မည်သို့ မည်ပုံကျင်းပသည်နှင့် ပတ်သက်၍လည်း ညီလာခံတက်ရောက်ခဲ့သည့် ကျမတို့၏ကိုယ်စားလှယ်များက မရှင်းပြ တတ်ပါ။ သို့ဖြစ်၍ ညီလာခံတက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များအတွက် မည်သို့အဓိပ္ပါယ်ရှိပါသနည်း။ ညီလာခံ နှင့်ပတ်သက်၍ သိနားလည်ခြင်းမရှိဘဲ ညီလာခံကို တက်ရောက်ထောက်ခံပေးသည့် သဘောသာ သက်ရောက် သည်။
၄။ လမ်းပြမြေပုံအရ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ပြုလုပ်ပြီးမှသာ ပြည်ထောင်စုငြိမ်းရေးညီလာခံကို ပြုလုပ်ရမည်ဖြစ်သည်။ စင်စစ် NCA ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအ ဖွဲ့အစည်း (၈)ဖွဲ့တွင် အချို့အဖွဲ့များက အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို မပြုလုပ်ရသေးပါ။ စင်စစ် တပ်မ တော်က အဖွဲ့ (၈)ဖွဲ့ထဲမှ (၂)ဖွဲ့ကို ၎င်းတို့၏ဆန္ဒအတိုင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပပြုလုပ် ခွင့် မပေးသောကြောင့် ထိုအဖွဲ့များက မပြုလုပ်ရသေးပါ။ သို့သော် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ပြီးသော ကျန် (၆)ဖွဲ့ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့တိုးပြီး ဆက်လက်လုပ်ဆောင်ကြသည်။ ထို့ ကြောင့် တပ်မတော်၊ အစိုးရ၊ လွှတ်တော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၈)ဖွဲ့သည် NCA မှ သွေဖည်သွားပြီဖြစ်သောကြောင့် NCA မှာ ပျက်ယွင်းသွားပြီဖြစ်သည်။
သို့ဖြစ်၍ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက် ဆောင်ရွက်ရန်အလို့ငှာ NCA ကို ပြန်လည်သုံးသပ်မည်လော သို့မဟုတ် လမ်းကြောင်းအသစ် ဖေါ်ဆောင်မည်လော။ ကျမတို့ စဉ်းစားကြရပေမည်။ ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်း အတိုင်း ရှေ့ဆက်ဆောင်ရွက်မည်ဆိုပါက NCA ကိုပြန်လည်သုံးသပ်ပြီး လိုအပ်ချက်များကို ပြုပြင်ဖြည့်စွက်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။ ထို့နည်းတူ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်နှင့် ၎င်း၏ terms of reference ကို ပြန် လည်သုံးသပ်ပြုပြင်ဖြည့်စွက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းကို ရှေ့ဆက်ဆောင်ရွက်ကြရမည်။ ယခင်ကကဲ့သို့ အလျင်စလို မလုပ်ဆောင်သင့်ပါ။ ယခင်ကကဲ့သို့သာ ဆက်လက်လုပ်ဆောင်ပါက ယခုငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဧကန်အမှန် ပျက်ယွင်းသွားပေလိမ့်မည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခြင်း ပြုလုပ်မည်ဆိုပါက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေး၏ ရလာဒ်ဖြစ်သော ၂၀၁၇ခုနှစ်၊ မေလ ၂၉ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြ သည့် မူဝါဒဆိုင်ရာ သဘောတူညီချက် (၃၇)ချက်ပါ ပြည်ထောင်စုသဘောတူစာချုပ်နှင့်ပတ်သက်၍ ပြုပြင်မှုများ ပြု လုပ်ရပေမည်။
(၁) ပဒိုစောကွယ်ထူးဝင်း ကိုယ်စားပြုလက်မှတ်ရေးထိုးခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ “တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ကိုယ်စားလှယ်” ဟူသည့်အသုံးအနှုန်းကို “တိုင်းရင်းသားလက်နက်ကိုင် (၆)ဖွဲ့ အစုအဖွဲ့ကိုယ်စားလှယ်” ဖြင့် ပြင်ဆင်ရေးသားရမည်။
(၂) ပြည်ထောင်စုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည့် အစုအဖွဲ့များအနေဖြင့် နောင်ပါဝင်လာမည့် အစု အဖွဲ့များ ပြင်ဆင်ဖြည့်စွက်လိုသော အကြောင်းအရာများရှိပါက ပြင်ဆင်ဖြည့်စွက်နိုင်မည့်အကြောင်း သဘောတူညီ ချက်တစ်ရပ်ကိုပါ လက်မှတ်ရေးထိုးကြရန် လိုအပ်ပါသည်။ သို့မှသာလျှင် ငြိမ်းချမ်းရေးအတွက် အတူတကွ ရှေ့ ဆက်လျှောက်လှမ်းနိုင်ရန်အတွက် အာမခံချက်ရှိပေမည်။ မိမိတို့အနေဖြင့် NCA မူကြမ်းကို လက်မှတ်ရေးထိုးခဲ့ပြီး နောက် ၎င်းကို ပြင်ဆင်ဖြည့်စွက်၍ မရတော့သည့် ဖြစ်ရပ်မျိုးကို နောက်တစ်ဖန် မကြုံတွေ့လိုပါ။ မိမိတို့အနေဖြင့် ဤသို့ အလိမ်အညာခံရသည့် အတွေ့အကြုံ ရှိခဲ့ပြီဖြစ်သောကြောင့် အထက်တွင်ဖေါ်ပြခဲ့သော သဘောတူညီချက် မျိုးကို ပြုလုပ်ရန် လိုအပ်ပါသည်။
——————<>——————-