Home သတင်း ပထမအကြိမ် ကရင်အမျိုးသားအ‌ပျော်တမ်း အမှတ်‌ပေး‌ဘောလုံးပြိုင်ပွဲ စတင်ကျင်းပ

ပထမအကြိမ် ကရင်အမျိုးသားအ‌ပျော်တမ်း အမှတ်‌ပေး‌ဘောလုံးပြိုင်ပွဲ စတင်ကျင်းပ

1527

ဇွန် ၁၂ရက်၊ ၂၀၁၇ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်ရှိ လူငယ်များ ‌ဘောလုံးစွမ်းရည်မြင့်မားလာရန် ရည်ရွယ်ပြီး ကျင်းပ‌ပေးသည့် ပထမအကြိမ် ကရင်အမျိုးသား များ အ‌ပျော်တမ်း အမှတ်‌ပေး‌ဘောလုံးပြိုင်ပွဲ (Kayin National Amateur League) ကို ဖားအံမြို့နယ် ဒုံရင်းနယ်၊ လှှိုင်ကမ္ဘာ ‌ကျေးရွာ‌ဘောလုံးကွင်းတွင် ဇွန်လ ၆ရက်‌နေ့မှ စတင်ကာ ယှဉ်ပြိုင်‌နေပြီဖြစ်‌ကြောင်း ‌ဘောလုံးကျင်းပ‌ရေး တာဝန်ရှိသူများထံမှ သိရသည်။

ကရင်အမျိုးသား အ‌ပျော်တမ်း အမှတ်‌ပေး‌ဘောလုံးပြိုင်ပွဲကို ကရင်ပြည်နယ်အတွင်း ဖွဲ့စည်းထားသည့် ‌ဘောလုံးကလပ် (Club) ၁၂ခု ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ထိုသို့အမှတ်‌ပေးပြိုင်ပွဲများ ကျင်းပရသည့် ရည်ရွယ်ချက်ကို ‌ဘောလုံးပြိုင်ပွဲဦး‌ဆောင် ကျင်းပသူတစ်ဦးဖြစ်သည့် ‌စောကြည်လင်းက ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ ကရင်‌တွေရဲ့ မျိုးဆက်သစ်‌ဘောလုံးသမား‌ကောင်း‌တွေ‌ပေါ်ထွက်လာပြီး မြန်မာ့လက်‌ရွေးစင်ဖြစ်လာဖို့အထိ ကျ‌နော်တို့ ရည်မှန်းထားတယ်။ ပြီး‌တော့ သူတို့ကို အားကစားဖက်မှာ ဦးစား‌ပေးလုပ်‌ပေးမှ က‌လေး‌တွေက မူးယစ်‌ဆေးဝါး၊ အရက်‌သေစာဘက်‌တွေမှာ သူတို့စိတ်ပါဝင်စားမှု နည်းလာဖို့ အဲဒီရည်ရွယ်ချက်လည်း ပါတယ်”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြော သည်။

ယင်း‌ဘောလုံးပြိုင်ပွဲကို လူငယ်‌ဘောလုံးဝါသနာရှင်များ စဉ်ဆက်မပြတ် ‌ဘောလုံးကစားနိုင်ပြီး မျိုးဆက်သစ် ကစားသမားများ ‌ဘောလုံးစွမ်းရည်တိုးတက်‌ရေး၊ ‌ဘောလုံးကစားနည်းများ ပိုမိုစိတ်ဝင်စားလာခြင်းအားဖြင့် ‌လောင်းကစား၊ မူးယစ်‌ဆေးဝါး စိမ့်ဝင် မှု ‌လျော့ပါး‌ရေးကို အ‌ထောက်အကူပြု‌စေ‌ရေးအပြင် ‌ဘောလုံးကစားခြင်းကို ‌ထောက်ပံ့‌ပေး‌သော ဝါသနာရှင်များ ‌ပေါ်ထွက်လာ ‌စေ‌ရေး စသည့် ရည်ရွယ်ချက်များ ပါဝင်‌ကြောင်းလည်း ပြိုင်ပွဲ ဦး‌ဆောင်သူများက ‌ပြောသည်။

ယခု စတင်ကျင်းပ‌နေပြီဖြစ်သည့် ၎င်းအ‌ပျော်တမ်း အမှတ်‌ပေး‌ဘောလုံးပြိုင်ပွဲတွင် အခြားပြည်နယ်နှင့် တိုင်း‌ဒေသကြီးရှိ အားက စားသမားများ ပါဝင်ခွင့်မ‌ပေးဘဲ ကရင်ပြည်နယ်အတွင်းရှိ ‌ဘောလုံးကလပ်များသာ ပါဝင်ယှဉ်ပြိုင်ကစား‌စေမည်ဖြစ်ပြီး အမှတ် ‌ပေး ပတ်လည်စနစ်ဖြင့် ကျင်းပသည့်အတွက် ၆လကြာမြင့်မည်ဖြစ်သည်ဟု သိရသည်။

‌သောင်ရင်းလူငယ် FC မှ ပါဝင်ကစားသူ ‌စောထူးအဲ့မူးက “ကျ‌နော်တို့ ‌ရွှေက္ကိုလ်ရွာ ကိုယ်စားပြုအ‌နေနဲ့လာတာ ဖြစ်တယ်။ အား ကစားဘက်မှာ ကျ‌နော်တို့ ဦးစား‌ပေးမှ အခြားမ‌ကောင်းတဲ့အရာ‌တွေ စိတ်ဝင်စားမှုနည်းမယ်။ လက်ရှိ ကျ‌နော်တို့ လူငယ်‌တွေ ဟာ မူးယစ်‌ဆေးဝါးနဲ့ အားကစားဆိုရင် တစ်ဖက် ၅ဝရာခိုင်နှုန်း စိတ်ဝင်စားတယ်။ အဲဒီလိုဖြစ်တာလည်း ကျ‌နော်တို့ ပြည်နယ်မှာ အားကစားဘက်က လူကြီး‌တွေ ဦး‌ဆောင်စီစဉ်မှုနည်းလို့ လူငယ်‌တွေ မူးယစ်‌ဆေးဝါး‌ကြောင့် ပျက်စီးလာတာများတယ်လို့ ကျ‌နော်က‌တော့ မြင်တယ်”ဟု ‌ပြောသည်။

ထို့အပြင် ယခု‌ဘောလုံးပြိုင်ပွဲတွင် အိမ်ကွင်း အ‌ဝေးကွင်း နှစ်‌ကျော့စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်သည့်အတွက် ‌ဘောလုံးကွင်း လိုအပ်ချက်‌ကြောင့် ဖားအံမြို့နယ်၊ ဒုံရင်းနယ် လှှိုင်ကမ္ဘာ‌ကျေးရွာ‌ဘောလုံးကွင်းတွင်သာ အမှတ်‌ပေး ပတ်လည်စနစ်နှင့် စုစု ‌ပေါင်း ပွဲစဉ် ၂၂ပွဲ ယှဉ်ပြိုင်ကစားကြရမည်ဖြစ်‌ကြောင်း သိရသည်။

မြန်မာအမျိုးသားလိဂ်ထဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်‌နေသည့် ကရင်ပြည်နယ် ကိုယ်စားပြု ဇွဲကပင်ယူနိုက်တက် FC တွင် ကရင်ပြည် နယ်ထွက် အားကစားသမားများ ပါဝင်မှု နည်းပါး‌သော‌ကြောင့် ယခု KNAL ပြိုင်ပွဲမှ ထွက်ရှိ‌သော အားကစားသမားများကို ဇွဲကပင် ယူနိုက်တက် FC အသင်းတွင် ဝင်‌ရောက်ယှဉ်ပြိုင်နိုင်ရန်အထိ ရည်မှန်းထား‌ကြောင်းလည်း ဦး‌ဆောင်စီစဉ်သူများထံမှ သိရ သည်။