Home သတင်း ‌ကေအိုင်စီ၏ နှစ် ၂ဝ ပြည့် အခမ်းအနားတွင် မီဒီယာဆိုင်ရာ စကားဝိုင်းတစ်ခုနှင့်အတူ ပြုလုပ်ကျင်းပ

‌ကေအိုင်စီ၏ နှစ် ၂ဝ ပြည့် အခမ်းအနားတွင် မီဒီယာဆိုင်ရာ စကားဝိုင်းတစ်ခုနှင့်အတူ ပြုလုပ်ကျင်းပ

1908

ဇွန် ၈ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

ကရင်ပြည်နယ်၊ ဖားအံမြို့၊ သီရိဖားအံ ဟိုတယ်၌ ယ‌နေ့ (ဇွန်လ ၈ရက်‌နေ့)တွင် ပြုလုပ်ကျင်းပသည့် ကရင်သတင်းစဉ် -KIC ကရင်သတင်းဌာန၏ ဖွဲ့စည်းတည်‌ထောင်ခြင်း နှစ် ၂ဝ ပြည့်‌နေ့ အခမ်းအနားတွင် မီဒီယာ စကားဝိုင်းဆိုင်ရာ အစီအစဉ် တစ်ရပ်နှင့်အတူ ပြုလုပ်ကျင်းပခဲ့သည်။

‌ကေအိုင်စီ၏ လက်ရှိ လုပ်‌ဖော်ကိုင်ဖက်များ၊ ယခင်လုပ်‌ဖော်ကိုင်ဖက်များ၊ လူမှုအဖွဲ့အစည်းများ၊ စာဖတ်ပရိဿတ်များနှင့် အခြား‌သော မီဒီယာအဖွဲ့အစည်များအား ‌ကေအိုင်စီ၏ ဖွဲ့စည်းတည်‌ထောင်ခြင်း နှစ် ၂ဝ ပြည့်ပြီး ဖြစ်သည့်အ‌ကြောင်းကို အသိ‌ပေးလိုခြင်းနှင့် ‌ရှေ့ဆက်လုပ်ငန်းအတွက် အကြံပြုချက်များကို ရယူရန်အတွက် ယခုလိုအခမ်းအနားပြုလုပ်ခြင်း ဖြစ်သည်ဟု ‌ကေအိုင်စီ၏ ဒါရိုက်တာ နန်း‌ဖော့‌ဂေက အခမ်းအနား၌ ‌ပြောကြားခဲ့သည်။

သူမက “ကျမတို့အဖွဲ့ရဲ့ ဖွဲ့စည်းတည်‌ထောင်ခြင်း နှစ် ၂ဝပြည့်ပြီးဆိုတဲ့အ‌ကြောင်းကို မိတ်‌ဆွေ‌တွေကို အသိ‌ပေး ရင်းနဲ့ ကျမတိုရဲ့မီဒီယာလုပ်ငန်း‌ရှေ့ဆက်ခရီးအတွက် အကြံပြုချက်‌တွေရရှိနိုင်ဖို့ ကျမတို့ အစိုးရအပါအဝင် လူမှု အဖွဲ့အစည်းအသီးသီးကို ဖိတ်‌ခေါ်ပြီး‌တော့ မီဒီယာဆိုင်ရာ‌ဆွေး‌နွေးပွဲစကားဝိုင်းကို ဒီနှစ် ၂ဝပြည့်အစီအစဉ် ‌လေးနဲ့ တွဲဖက်ပြီး‌တော့ ကျမတို့တစ်ပါတည်းကျင်းပခြင်းဖြစ်ပါတယ် ”ဟု‌ပြောဆိုခဲ့သည်။

အဆိုပါ ‌ကေအိုင်စီ၏ နှစ် ၂ဝပြည့်အခမ်းအနားတွင် ‌ကေအိုင်စီဖြစ်‌ပေါ်လာခြင်းနှင့် အဖွဲ့၏ ရည်ရွယ်ချက်၊ ရည်မှန်း ချက်များကို အသိ‌ပေး‌ပြောကြားခြင်းနှင့် လတ်တ‌လော မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်၊ တိုင်းရင်းသား သတင်းမီဒီယာအခန်းကဏ္ဍအ‌ရေးကြီးပုံများအပြင် တက်‌ရောက်လာသည့် အသီးသီး‌သော အဖွဲ့အစည်းများ ထံမှ အကြံပြုချက်များရယူရန် လူမှုအဖွဲ့အစည်း‌ခေါင်း‌ဆောင်များနှင့်မီဒီယာ ‌ဆွေး‌နွေးပွဲစကားဝိုင်းကို ပြုလုပ်ခဲ့သည်။
၎င်းအခမ်းအနားသို့ ဖိတ်ကြားထားသည့် ပြည်နယ်အစိုးရ‌ခေါင်း‌ဆောင်များ၊ ‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးမှ ဗဟို‌ခေါင်း‌ဆောင်အချို့၊ နိုင်ငံ‌ရေးပါတီ‌ခေါင်း‌ဆောင်အချို့ ၊ လူမှု‌ရေးအဖွဲ့အစည်း ‌ခေါင်း‌ဆောင်များ၊ သတင်းမီဒီယာအဖွဲ့အ စည်း အချို့မှကိုယ်စားလှယ်များ၊ စာ‌ရေးဆရာများနှင့်စာဖတ်ပရိဿတ်အချို့ အပါအဝင် စုစု‌ပေါင်း ၈ဝ ဦး‌ကျော်တက်‌ရောက်ခဲ့သည်။

အခမ်းအနားသို့ တက်‌ရောက်ခဲ့သည့် ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒို‌စောလှထွန်းက “‌ကေအိုင်စီရဲ့ ဒီ လုပ်တဲ့ နှစ် ၂ဝပြည့်အ‌ပေါ်မှာ‌တော့ ဒါက ဝမ်းသာစရာ‌ပေါ့။ ဒါကလည်း ‌ကေအိုင်စီရဲ့ အခန်းကဏ္ဍကို ပြည်သူ လူထု‌တွေ‌ကော၊ ကရင်ပြည်သူ‌တွေ‌ကော ပိုပြီးသိရှိသွားတာ‌ပေါ့။ တစ်ပြိုင်နက်ထဲမှာလည်း ‌ကေအိုင်စီရဲ့ နှစ် ၂ဝ ပြည့်ကို ဖားအံမှာပြုလုပ်တဲ့အတွက် အားလုံး‌သောအဖွဲ့အစည်းများမပါဝင်နိုင်ရင် ‌တောင်မှ အခြားတိုင်းရင်း မီဒီယာ‌တွေ လာ‌ရောက်ကြသလို အစိုးရအဖွဲ့‌ခေါင်း‌ဆောင်‌တွေလည်းပါဝင်တဲ့ အတွက်လည်း ဒါက အသိအမှတ်ပြုမှု တစ်ခု အ‌နေနဲ့ခံယူလို့ရတာ‌ပေါ့‌နော်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

‌ကေအိုင်စီ သတင်းဌာနသည် ယခင်က နယ်စပ်အ‌ခြေစိုက်သည့် သတင်းမီဒီယာတစ်ခုအ‌နေဖြင့် အင်တာနက် ဝက်ဆိုဒ်စာမျက်နှာ၊ ဘ‌လော့ဂ်များဖြင့်ကနဦး‌ရေးသားတင်ဆက်ခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် တရားဝင်စာ‌စောင်အဖြစ် မှတ်ပုံတင်ပြီး‌နောက် မြန်မာပြည်တွင်းတွင် ထိုး‌ဖောက်ဝင်‌ရောက်ကာ လက်ရှိတွင် ဝက်ဘ်ဆိုက် သတင်းတင်ဆက်မှုအပြင် ဂျာနယ်စာ‌စောင်၊ အွန်လိုင်း‌ရေဒီယိုနှင့် ရုပ်သံသတင်းအစီအစဉ်များကို လုပ်‌ဆောင်လျက်ရှိသည်။

‌ကေအိုင်စီ -ကရင်သတင်းဌာနကို ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်‌ထောက်ခဲ့ပြီး ကရင်လူမှုအဖွဲ့အစည်းအတွင်း သ တင်းဆိုင်ရာအသိပညာ၊ ဗဟုသုတများ ပိုမိုသိရှိနားလည်‌စေရန် ရည်ရွယ်ချက်ဖြင့် လူ့အခွင့်အ‌ရေး၊ တိုင်းရင်းသားများအ ခွင့်အ‌ရေး၊ ဒီမိုက‌ရေစီ‌ရေးတို့အ‌ပေါ်တွင် ရပ်တည်၍ စ‌ကောကရင်၊ မြန်မာနှစ်ဘာသာပါဝင် သည့် ကရင်အမျိုးသား သတင်းစာ‌စောင် ကိုထုတ်‌ဝေလာခဲ့ပြီး ၂၀၀၄ ခုနှစ်မှစ၍ က‌ညောတာက‌စော်၊ ကရင်သ တင်းစဉ် အမည်ဖြင့် ယ‌နေ့တိုင်ထုတ်‌ဝေဖြန့်ချိလာခဲ့သည်။ အလားတူ ‌ကေအိုင်စီ၏ ၁ဝနှစ်ပြည့်အထိမ်းအမှတ် ကိုလည်း ၂၀၀၇ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာ၌ ပြုလုပ်ခဲ့သည်။