Home အမြင်သဘောထား ‌ကေအိုင်စီ-ကရင်သတင်းဌာန နှစ် ၂ဝ ပြည့် အထိမ်းအမှတ် စတင်တည်‌ထောင်ခဲ့သူ ‌ကေအဲန်ယူ ဒုဥက္ကဌ‌ဟောင်း ပဒို ‌ဒေးဗစ်သာက‌ပေါ၏ အမှတ်တရ အမှာစကား

‌ကေအိုင်စီ-ကရင်သတင်းဌာန နှစ် ၂ဝ ပြည့် အထိမ်းအမှတ် စတင်တည်‌ထောင်ခဲ့သူ ‌ကေအဲန်ယူ ဒုဥက္ကဌ‌ဟောင်း ပဒို ‌ဒေးဗစ်သာက‌ပေါ၏ အမှတ်တရ အမှာစကား

2441

အဲဒီအချိန် ကျ‌နော်က ‌ကေအဲန်ယူ သတင်းနဲ့ ပြန်ကြား‌ရေး ဌာနကို ကိုင်ရတဲ့အခါမှာ ၁၉၉၇ ခုနှစ်မှာ Karen Information Center အဲ့သလို သတင်းဖြန့်ချိ‌ရေးဌာနကို ထူ‌ထောင်ခဲ့တယ်။ ထူ‌ထောင်တာက ‌တော့ Independent News အ‌နေနဲ့ပဲ ‌ကေအဲန်ယူအတွက် ဝါဒဖြန့်ချိ ‌ရေးဆိုတာထက် ဒီမိုက‌ရေစီ လှုပ်ရှားမှု ၈၈ ‌နောက်ပိုင်းမှာ ‌ရောက်ရှိလာတဲ့ ဒီမိုက‌ရေစီ အင်အားစု‌တွေရဲ့ လှုပ်ရှားမှု၊ စစ်‌ရေးနဲ့ ပတ်သက် လို့က‌တော့ မီးရှို့ခံရတဲ့ရွာ‌တွေ၊ ညဉ်းပမ်းနှိပ်စက်ခံရတဲ့ဟာ‌တွေ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံရတဲ့ သတင်း‌တွေ ကျ‌နော်တို့ ထုတ်ခဲ့ပါတယ်။

‌နောက်ပြီး‌တော့ ‌ကေအဲန်ယူအ‌နေနဲ့ အဓိက က‌တော့ ဒီမိုက‌ရေစီအတွက် ဒီမိုက‌ရေစီအင်အားစု‌တွေနဲ့ ဘယ်လိုပူး‌ပေါင်း‌ဆောင်ရွက်မှု၊ လှုပ်ရှားမှု စတဲ့သတင်း‌တွေကို ကျ‌နော်တို့ အများအပြား ဖြန့်‌ဝေတယ်။ သတင်း‌တွေလည်းထုတ် ဖြစ်တယ်။ တစ်လတစ်ခါ အဂင်္လိပ်လိုလည်း ပါတယ်။ ‌နောက်ပိုင်း အဂင်္လိပ် လို မလို‌တော့ ဖြုတ်လိုက်တယ်။ ‌နောက် ဗမာစာနဲ့ ကရင်စာ တစ်လတစ်ခါ ထုတ်တယ်။

အ‌နောက်တိုင်း သတင်းစာ‌တွေလိုပဲ သတင်းနဲ့ ပတ်သက်တဲ့ အ‌နေအထားအတိုင်းပဲ သတင်းဆိုတာ က အဖြစ်အပျက်အမှန်ကို ‌ဖော်ပြတယ်။ စာဖတ်ပရိဿတ် အ‌နေနဲ့ ပြည်သူအ‌နေနဲ့ အမှားအမှန် ‌ရွေး ချယ်ဖို့ပဲ။ သတင်းမှာက‌တော့ လိုအပ်တာ ၃ မျိုးရှိတာ‌ပေါ့‌လေ။ အသိ‌ပေး၊ ပညာ‌ပေးနဲ့ ‌ဖျော်‌ဖြေ‌ရေး။ ‌ဖျော်‌ဖြေ တယ်ဆိုတာက ကဗျာတို့ လကင်္ာတို့‌ပေါ့‌နော်။ အဲဒီမှာ ဖတ်စရာ၊ မှတ်စရာ အတိုအထွာ၊ ရယ် စရာ ‌မောစရာ ဟာသ‌လေး‌တွေ အဲဒီအစိတ်အပိုင်း‌တွေလည်း သတင်းစာထဲမှာ တဖြည်းဖြည်းထည့် လာတာ‌ပေါ့‌လေ။

သတင်းအ‌နေနဲ့က လွတ်လပ်စွာ ‌ရေးသား ‌ပြောဆိုခွင့် အ‌ခြေခံအရ ပါတီစုံ ဒီမိုက‌ရေစီ စနစ်မှန်ကဲ့သို့ ပါပဲ။ အာဏာအလွဲ သုံးစားမှု လုပ်တတ်တယ်။ အစိုးရဆိုတာ လူတစ်စု ‌ကောင်းစား‌ရေးအတွက် လုပ် တတ်တယ်။ အဲဒီ‌တော့ သတင်းဌာနအ‌နေနဲ့က အဲဒါ‌တွေကို ‌ထောက်ပြဖို့ တာဝန်ရှိတယ်။ ဒါက ဒီမိုက ‌ရေစီမှာ Check and Balance ‌ပေါ့‌လေ။ အဲဒါ‌တွေနဲ့ မလုံ‌လောက်‌သေးဘူး။ ပြည်သူလူထု ဘက်က ထိန်း‌ကျောင်းတဲ့ သ‌ဘောမျိုး။ အဲဒီ‌တော့ သတင်းဌာနဆိုတာ ပြည်သူဘက်က ရပ်တည်ရမယ် ဆိုတဲ့ အ‌ခြေခံအရ ‌ကေအိုင်စီကလည်း အဲဒီပုံစံမျိုးပဲ။
သမ္မတကြီး ဦးသိန်းစိန် ဒီမိုက‌ရေစီ အ‌ပြောင်းအလဲဆိုပြီး‌တော့ တက်လာတဲ့အချိန်မှာ အစိုးရရဲ့ လုပ် ငန်း‌တွေ အ‌ကြောင်းကိစ္စနဲ့ ပတ်သက်ပြီး‌တော့ ‌ရေးသားပါတယ်။ ‌နောက်ပြီး‌တော့ ပြည်သူ‌တွေရဲ့အသံ၊ အ‌ခြေအ‌နေ အ‌သေးစိတ် အစိုးရအ‌နေနဲ့ မ‌ဆောင်ရွက်တာ၊ ‌ဆောင်ရွက်‌ပေးနိုင်တာ‌တွေကို ‌ဖော်ပြပါ တယ်။ ကရင်မီဒီယာ အ‌နေနဲ့က ဒီမိုက‌ရေစီ စစ်စစ်ဖြစ်‌ပေါ်‌ရေးအတွက်ကို အများပြည်သူသိရှိ‌အောင် အ‌ခြေအ‌နေ မှန်‌တွေကို တင်ပြဖို့ လိုပါတယ်။ အ‌ခြေအ‌နေ မှန်ဆိုတာ ပြည်တွင်း၊ ပြည်ပမှာ ရှိတဲ့ ကရင် လူထု‌တွေ အား‌ကောင်းလာ‌အောင် ကရင်မီဒီယာက‌နေ ‌ကေအိုင်စီအ‌နေနဲ့ ‌ဆောင်ရွက်နိုင်တယ်။ ‌ဆောင်ရွက်လည်း‌ဆောင်ရွက်သင့်တယ်။

ဒီ ၂ဝ အတွင်း အများကြီးတိုးတက်လာပါတယ်။ ဒီထက်ပိုအား‌ကောင်း‌အောင် ကျွမ်းကျင်တဲ့ လူငယ် ‌တွေ ‌မွေးထုတ်ရမယ်။ အဲ့ဒီအလုပ်လည်း ရှိတယ်။ အဲဒါအတွက် အဓိက ‌ထောက်ပံ့‌ကြေး ဆိုတာထက် သတင်းအ‌နေနဲ့ ဝင်‌ငွေဟာ ကိုယ့်လည်ပတ်မှုအတွက် အ‌ရေးကြီးတယ်။ အဲဒီ‌တော့ သတင်းကို ‌ရောင်း ပြီး ဝင်တဲ့ဝင်‌ငွေဟာလည်း လူသစ်‌တွေ၊ သတင်းသမားအသစ်‌တွေ၊ ကရင် လူငယ်‌တွေထဲမှာ ‌မွေးထုတ် သင်တန်း‌ပေးနိုင်‌အောင် အဲဒါလိုအပ်တယ်။ ‌ကေအဲန်ယူရဲ့ ဝါဒဖြန့်တဲ့ စာ‌စောင်တစ်ခုမဖြစ်ဖို့ အဲဒါ က‌တော့ ကျ‌နော်တို့ အများကြီး သတိထားတယ်။ ပြည်သူလူထုအတွက် ရပ်တည်ဖို့ အဓိကဖြစ်တယ်။
တစ်ပတ်တစ်ခါ ဒီဗွီဘီမှာ ရုပ်သံ ထုတ်လွှင့်တာကို ၂၀၁၅ ခုနှစ်မှာ ဖြစ်လာပါတယ်။ ရုပ်သံလွှင့်တယ် ဆို‌တော့ ပိုပြီး‌တော့ ကျယ်ပြန့်လာတာ‌ပေါ့။ ‌ကေအိုင်စီအ‌နေနဲ့ ကျ‌နော်တို့ ကရင်တစ်မျိုးသားလုံး အတိုင်းအတာနဲ့ လွှမ်းခြုံတဲ့ သတင်းဌာနအဖြစ် တဖြည်းဖြည်း ဖြစ်လာပါတယ်။ ‌နောက်ကိုလည်း ဒီထက်ပိုပြီး ကျယ်ပြန့်လာမယ်လို့ ‌မျှော်လင့်ပါတယ်။ အဲဒါ ပြည်သူ‌တွေရဲ့ ‌ထောက်ခံမှုလည်း လိုတယ်။

အဲဒီ‌တော့ ထုတ်တဲ့သတင်းစာကို တန်ရာတန်‌ကြေး‌ပေါ့‌လေ ဝယ်ကျဖို့ လိုပါတယ်။ ဥပမာ.. တစ်‌ယောက် ဝယ်ရင် နှစ်‌ယောက်၊ သုံး‌ယောက်ဖတ်နိုင်တယ် အစရှိသဖြင့် အ‌ယောက်တိုင်းဝယ်ဖို့ဆိုတာထက် တတ်နိုင်တဲ့ လူ‌တွေအ‌နေနဲ့ ‌ကေအိုင်စီက ထုတ်တဲ့ သတင်းစာ‌တွေ ဝယ်ဖို့လိုတယ်။ ‌နောက်ဆုံးပိုပြီး ‌တော့ အဆင့်မြင့်လာတဲ့အချိန်ကျ‌တော့ ကျ‌နော်တို့ News Agency သတင်းဌာနအ‌နေနဲ့ အဲ့သလို ‌ကေအိုင်စီက ဖြစ်လာနိုင်တယ်လို့ ‌မျှော်လင့်တယ်။ ဖြစ်လာဖို့ ‌မျှော်လင့်တယ်။ သတင်းစာ၊ ဂျာနယ်‌တွေ အဲဒါကို တဆင့်သတင်းပြန်ပြီး‌တော့ ဖြန့်‌ဝေတာ‌ပေါ့။ ဖြန့်‌ဝေတဲ့အခါမှာလည်း တန်ရာတန်‌ကြေးဆိုင်ရာ အဖိုးအခနဲ့ အဲဒီ ဖြန့်‌ဝေတဲ့အထိ‌ပေါ့။

အဲဒီမှာ တစ်ပြည်လုံးအတိုင်းအတာနဲ့ သတင်းယူတာ၊ သတင်းဖြန့်‌ဝေတာမျိုး ဖြစ်လာနိုင်ဖို့လည်း ရှိပါ တယ်။ အဲဒီအခါကျ‌တော့ ကျ‌နော်တို့ ကရင်လူငယ်ထဲက သတင်းဌာနနဲ့ ပတ်သက်တာ အ‌ရေးကြီး တာ‌တွေ သိမြင်လာလို့ရှိရင် သတင်းဌာနဆိုတာက ခံစား ခွင့်‌တော့ သိပ်မရှိဘူး။ အဲဒီ‌တော့ ပါဝင်ပြီး ‌တော့ သတင်းယူ၊ သတင်းဖြန့်ချိ‌ရေး လုပ်ငန်း‌တွေ ပိုမို ပါဝင်လာမယ်လို့လည်း ‌မျှော်လင့်ပါတယ်။ အဲဒီ‌တော့ ဒီသတင်းက ကရင်တစ်မျိုးသားလုံး ‌ဘောင်ကို ‌ကျော်ပြီး‌တော့ တစ်တိုင်းပြည်လုံး အတိုင်း အတာနဲ့ အဖြစ်အပျက်အ‌ခြေအ‌နေ‌တွေ အများပြည်သူ သိရှိ‌အောင် တင်ပြဖို့‌ပေါ့။
‌နောက်ပြီး‌တော့ သတင်းအ‌နေနဲ့ကလည်း တဆင့်ဆင့် အဆင့်မြင့်လာတယ်ဆိုတဲ့အတိုင်း ‌ပေါ့‌လေ သတင်း‌ပေးခြင်း၊ ပညာ‌ပေးခြင်းဆိုတာလည်းရှိပါတယ်။ ဥပမာ…ကျန်းမာ‌ရေးနဲ့ ပတ်သက်လို့ ပညာ‌ပေး တာရှိမယ်။ အားကစားနဲ့ ပတ်သက်လို့ ပညာ‌ပေးတာရှိမယ် အစရှိသဖြင့်‌ပေါ့။ အဲလိုပညာ‌ပေးတာ ဖတ်စရာ၊ မှတ်စရာ‌တွေ‌ပေါ့။ အဲ့သလို ပညာ‌ပေးတာ ရှိသလို ‌ဖျော်‌ဖြေ‌ရေးနဲ့ ပတ်သက်လို့လည်း ဓာတ်ပုံ၊ ကာတွန်း၊ ရယ်စရာ‌မောစရာ၊ ဟာသ၊ စာတိုစာပိုဒ်‌တွေ အဲဒါထည့်ပြီး‌တော့ ဖြန့်‌ဝေသွားမှ ဆိုရင်‌တော့ ဖြန့်‌ဝေသွားနိုင်မယ့်အဆင့်ကို ‌ရောက်ရှိသွားမယ် လို့‌မျှော်လင့်ပါတယ်။