Home သတင်း သစ်‌တောဆိုင်ရာ အရပ်ဖက်အဖွဲ့များပါဝင်သည့် FLEGT ၏ လုပ်ငန်း‌ဖော်‌ဆောင်‌ရေးအဖွဲ့ကို ကရင်ပြည်နယ်တွင် ဖွဲ့စည်း

သစ်‌တောဆိုင်ရာ အရပ်ဖက်အဖွဲ့များပါဝင်သည့် FLEGT ၏ လုပ်ငန်း‌ဖော်‌ဆောင်‌ရေးအဖွဲ့ကို ကရင်ပြည်နယ်တွင် ဖွဲ့စည်း

1667

ဇွန်လ ၁၉ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

တရားဝင် သစ်‌တောထွက်ပစ္စည်းများ ဥပ‌ဒေနှင့်အညီ ကူးသန်း‌ရောင်းဝယ်ဖွံ့ဖြိုး‌ရေးဆိုင်ရာ ‌ကောင်းမွန်‌သော သစ်‌တောစီမံအုပ် ချုပ် လုပ်ကိုင်မှု တိုးမြှင့်‌ဆောင်ရွက်ခြင်းအဖွဲ့ Forest Law Enforcement Governance and Trade (LEGT) အ‌နေဖြင့် ၎င်းတို့ လုပ်ငန်းများ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်နိုင်ရန်အတွက် FLEGT လုပ်ငန်း‌ဖော်‌ဆောင်‌ရေးအဖွဲ့ကို ကရင်ပြည်နယ်တွင် ဇွန် လ ၁၈ရက်‌နေ့က ဖွဲ့စည်းလိုက်သည်။

ဇွန်လ ၁၇ရက်နှင့် ၁၈ရက်‌နေ့များတွင် FLEGT အဖွဲ့၏ ဦး‌ဆောင်မှုဖြင့် ဖားအံမြို့သု‌မေဓာရာမ‌ကျောင်းတိုက်၌ ပြုလုပ်သည့် FLE GT-VPA လုပ်ငန်းဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲအပြီးတွင် ပြည်နယ် အတိုင်းအတာအရ အဆိုပါ လုပ်ငန်း‌ဆောင်‌ဆောင်‌ရေးအဖွဲ့ကို ပထမဆုံး ဖွဲ့စည်းလိုက်ခြင်းဖြစ်‌ကြောင်း ၎င်းအဖွဲ့၏ ကိုယ်စားလှယ်တစ်ဦးက ‌ပြောသည်။

EU-FlEGT VPA ကြားဖြတ်လုပ်ငန်းအဖွဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းကိုယ်စားလှယ် ကို‌ဇော်သူရက “သစ်‌တောထိန်းသိမ်း‌စောင့် ‌ရှောက်ဖို့ စနစ်ကျတဲ့ စီမံအုပ်ချုပ်မှုလိုချင်တယ်။ ပြီး‌တော့သစ်‌တော‌တွေနဲ့ ‌ဒေသခံလူထုနဲ့ သဟဇာတ ဖြစ်‌အောင် ဘယ်လိုယှဉ် တွဲ‌နေထိုင်ကြမလဲ။ ဒီသစ်‌တော‌တွေကို မထိခိုက်၊ အရင်းမကုန်ဘဲနဲ့ အတိုးကို ဘယ်လိုထုတ်ယူသုံးစွဲမလဲ။ ‌နောက်ဆုံး ထာဝစဉ် တည်တံ့တဲ့ သစ်‌တော စီမံအုပ်ချုပ်မှုစနစ်ကို ပြည်သူ‌တွေပူး‌ပေါင်းပါဝင်ပြီး ‌ဖော်‌ဆောင်‌စေချင်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါလုပ်ငန်းများအား မြန်မာနိုင်ငံတွင် အ‌ကောင်အထည်‌ဖော်နိုင်‌ရေးအတွက် အစိုးရကိုယ်စားလှယ်များ၊ ပုဂ္ဂလိက ကိုယ်စား လှယ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များ ပါဝင်သည့် သုံးပွင့်ဆိုင်ညွှန့်‌ပေါင်းအဖွဲ့ကို မြို့နယ်အဆင့်၊ ပြည်နယ်နှင့် တိုင်း‌ဒေသကြီးအဆင့်၊ နိုင်ငံ‌တော်အဆင့် စသည်ဖြင့် အသီးသီး ‌ရွေးချယ်တင်‌မြှောက်ဖွဲ့စည်းပြီး လုပ်ငန်းများအား လုပ်‌ဆောင် သွားမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ယင်း‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် FLEGT ၏ လုပ်ငန်း‌ဖော်‌ဆောင်‌ရေးအဖွဲ့အတွက် ပြည်နယ်အတွင်း မြို့နယ် ၇ခုရှိ အရပ်ဖက်လူမှုအ ဖွဲ့‌ပေါင်း ၄၀‌ကျော်ထဲမှ တစ်မြို့နယ်လျှင် ကိုယ်စားလှယ် ၃ဦးနှုန်းဖြင့် ကိုယ်စားလှယ် ၂၁ဦးကို ပြည်နယ်အဆင့် ‌ရွေးချယ်ခဲ့ကြပြီး နိုင်ငံ‌တော်အဆင့်အတွက် ကိုယ်စားလှယ် ၃ဦးကို ထပ်မံ ‌ရွေးချယ်ခဲ့ကြသည်။

ပြည်နယ်အတွက် ‌ရွေးချယ်ဖွဲ့စည်းလိုက်သည့် ၎င်းလုပ်ငန်း‌ဖော်‌ဆောင်‌ရေးအဖွဲ့အ‌နေဖြင့် သစ်‌တောဥပ‌ဒေနှင့်ပတ်သက်ပြီး လူထု ထံ အသိပညာ‌ပေးခြင်း၊ သစ်‌တောထိန်းသိမ်း‌ရေးလုပ်ငန်းများ လုပ်‌ဆောင်ခြင်း၊ သစ်‌တောနှင့်ဆက်စပ်ပြီး ဖြစ်‌ပေါ်လာသည့် ကိစ္စ များအတွက် လူထုဘက်မှ ရပ်တည်‌ဖြေရှင်း‌ပေးခြင်း၊ အစိုးရဌာနများ၊ လုပ်ငန်းရှင်များနှင့် ပူး‌ပေါင်းလုပ်‌ဆောင်ခြင်း စသည့် လုပ် ငန်းများကို လုပ်‌ဆောင်သွားရမည်ဖြစ်သည်။

ကရင်ပြည်နယ်အတွင်း လက်ရှိအချိန်၌ ငြိမ်းချမ်း‌ရေးရယူထားသည့် လက်နက်ကိုင်အဖွဲ့အစည်း‌ပေါင်းစုံရှိပြီး ယင်းလက်နက်ကိုင် အဖွဲ့များ လုပ်‌ဆောင်သည့် လုပ်ငန်းများထဲတွင် သစ်ထုတ်လုပ်ခြင်းမှာ အဓိက ပါဝင်‌နေသည့်အတွက် အချို့‌နေရာများတွင် အဆ မတန် သစ်ထုတ်လုပ်‌နေမှုများ ဖြစ်‌ပေါ်‌နေ‌ကြောင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများက ‌ထောက်ပြ‌ပြောဆို‌နေကြသည်။

သံ‌တောင်မြို့နယ် ဆာမူ‌ထော်ကရင်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ် ‌စောကလူ‌ထောက ၎င်းတို့‌နေထိုင်ရာ သံ‌တောင်၊ လိပ်သို ‌ဒေသများတွင် လက်နက်နှင့် ငြိမ်းချမ်း‌ရေးလဲလှယ်ခဲ့သည့် အဖွဲ့များကို အစိုးရက လုပ်ပိုင်ခွင့်များ ‌ပေးထားခဲ့သည့်အတွက် သစ် ‌တောပြုန်းတီးမှုများစွာ ဖြစ်‌ပေါ်လျှက်ရှိ‌ကြောင်း ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ဒီမှာရှိတဲ့ လက်နက်နဲ့ ငြိမ်းချမ်း‌ရေး လဲလှယ်ထားတဲ့အဖွဲ့ကို အစိုးရက လုပ်စားပိုင်ခွင့်‌ပေးထားတယ်။ ပထမ‌တော့ ကျွန်းပင်‌တွေ တအား‌ပေါတယ်။ ခုတ်ပြီး‌ရောင်းတယ်။ ကုန်သွား‌တော့မှ သစ်စုံ ၃‌ပေ ပတ်လည်အထက် ရှိတာ‌တွေကိုခုတ်ပြီး သစ်ခွဲစက်‌ထောင် တယ်။ ‌နောက် ၃‌ပေ‌အောက်၊ အခု‌တော့ တစ်‌ပေခွဲ၊ နှစ်‌ပေ အပင်‌တွေ‌တောင် မကျန်‌တော့ပါဘူး။ ကျန်တဲ့အကိုင်းအခက်‌တွေကို မီး‌သွေးအကြီးအကျယ် ဖုတ်တဲ့အခါကျ‌တော့ ဝါးပဲ ကျန်‌တော့တယ်။ ဝါး‌တွေကို‌တော့ တူစက်ရုံ‌တွေ‌ပေးဝင်ပြီး သူတို့ အခွန်အခ ‌ကောက်တာ‌ပေါ့။ ဒီ‌တော့ သစ်‌တွေကုန်၊ ဝါး‌တွေကုန်နဲ့ ‌နောက်ဆုံး ကျ‌နော်တို့ဆီမှာ ချုံပုတ်ပဲ ကျန်‌တော့တယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ သစ်‌တော‌ပေါများရာ ‌နေရာအများစုမှာ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာ‌နေရာများဖြစ်သည့်အတွက် လုပ်ငန်းအ ‌ကောင်အထည်‌ဖော်‌ရေးတွင် ငြိမ်းချမ်း‌ရေးဖြစ်စဉ်များနှင့်အညီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အစိုးရနှင့် လူမှုအဖွဲ့အစည်း များအ‌နေဖြင့် ပူး‌ပေါင်းညှိနှိုင်းပြီး လုပ်‌ဆောင်သွားရမည်ဖြစ်‌ကြောင်း EU-FlEGT VPA ကြားဖြတ်လုပ်ငန်းအဖွဲ့ အရပ်ဖက် လူမှုအ ဖွဲ့အစည်း ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကို‌ဇော်သူရကလည်း သုံးသပ်‌ပြောဆိုသည်။

FLEGT သည် ဥ‌ရောပသမဂ္ဂ-EU က ၎င်းတို့ နိုင်ငံများအတွင်း တရားမဝင် သစ်ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း‌ကြောင့် ဖြစ်‌ပေါ် လာသည့် ဆိုးကျိုးများ ‌လျော့နည်းပ‌ပျောက်‌စေ‌ရေးအတွက် တရားဝင်သစ် ထုတ်လုပ်ကုန်သွယ်မှုကို အား‌ပေးခြင်း၊ သစ်‌တော များအား စီမံအုပ်ချုပ် လုပ်ကိုင်နိုင်‌သော စွမ်းရည်‌ပေးခြင်းအပြင် သစ်‌တောအုပ်ချုပ်မှုှနှင့်ပတ်သက်သည့် သက်ဆိုင်သူများ ပါဝင်၊ ဆုံးဖြတ်၊ အ‌ကောင်အထည်‌ဖော်နိုင်‌ရေးအတွက် ရည်ရွယ်၍ လုပ်ငန်းစီမံချက်များ ချမှတ်‌ဆောင်ရွက်‌နေသည့်အဖွဲ့ ဖြစ်သည်။

မြန်မာနိုင်ငံတွင် FLEGT လုပ်ငန်း‌ဖော်‌ဆောင်‌ရေးအဖွဲ့ကို မန္တ‌လေးတိုင်း‌ဒေသကြီးနှင့် ယခု ကရင်ပြည်နယ်တွင် ဖွဲ့စည်းခဲ့ပြီး ‌နောက် ကချင်ပြည်နယ်၊ မ‌ကွေးတိုင်း‌ဒေသကြီး အပါအဝင် ကျန်ပြည်နယ်နှင့် တိုင်း‌ဒေသကြီးများတွင်လည်း ဆက်လက် ဖွဲ့စည်း သွားမည်ဖြစ်‌ကြောင်း သိရသည်။