Home သတင်း လွှတ်‌တော်နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများအကြား ပိုမိုပူး‌ပေါင်းချိတ်ဆက်နိုင်ရန် အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်

လွှတ်‌တော်နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများအကြား ပိုမိုပူး‌ပေါင်းချိတ်ဆက်နိုင်ရန် အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်

1567

ဇွန် ၁၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ လွှတ်‌တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်အတွင်း အ‌ခြေစိုက်သည့် လူမှုအဖွဲ့အစည်းများ ပိုမို ချိတ်ဆက် ပူး‌ပေါင်း‌ဆောင်ရွက်နိုင်‌ရေးအတွက် ရည်ရွယ်ပြုလုပ်သည့် သု‌တေသန၊ ဥပ‌ဒေပြု‌ရေးနှင့်ပြည်သူ့ ‌ရေးရာမူဝါဒများ ဆိုင်ရာ အလုပ်ရုံ ‌ဆွေး‌နွေးပွဲ တစ်ခုကို ဖားအံမြို့ရှိ ‌တော်ဝင်ရတနာဟိုတယ်၌ ဇွန် ၁ဝ မှ ၁၁ရက်‌နေ့အထိ နှစ်ရက်ကြာ ကျင်းပခဲ့ သည်ဟု သိရသည်။

မွန်ပြည်နယ်အ‌ခြေစိုက် National Enlightenment Institute နှင့် ကရင်ပြည်နယ်အ‌ခြေစိုက် Research Institute for Society and Ecology (RISE) တို့မှ ကမကထပြုလုပ်‌ပေးသည့် အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲနှင့် ပတ်သက်ပြီး National Enlightenment Institute မှ စီမံကိန်းဒါရိုက်တာ ‌ဒေါက်တာ‌ဟေမန်ထူးချစ်က ယခုလို‌ပြောသည်။

“ ဒီပွဲက‌တော့ အဓိကလွှတ်‌တော်ဘက်ကို ပိုဦးစား‌ပေးပြီးသွားတယ်။ လက်ရှိ ကျ‌နော်တို့လုပ်‌နေတဲ့အလုပ်‌တွေမှာ ပြည်သူ့ ‌ရေးရာ မူဝါဒ‌တွေက တိုးတက်လာ‌အောင်လုပ်ဖို့ တစ်ခုလို‌သေးတယ်ဆိုတာ ကျ‌နော်တို့ ‌တွေ့ရတယ်။ ဒါ‌ပေမဲ့ လွှတ်‌တော် ချည်းပဲသွားလို့ မရပြန်ဘူး။ CSO နဲ့လွှတ်‌တော်နဲ့ ချိတ်ဆက်မှု‌တွေအား‌ကောင်းဖို့လိုအပ်တယ်လို့လည်း ကျ‌နော်တို့မြင် တယ်။ ‌နောက်ပြီး‌တော့ သု‌တေသန အ‌ရေးပါမှုကို သိမြင်လာဖို့၊ ပြည်သူ့‌ရေးရာမူဝါဒအ‌ရေးပါမှုကို ပိုသိရှိလာဖို့၊ ချိတ်ဆက်မှုပို‌ကောင်းလာပြီး‌တော့ ပြည်နယ်ဥပ‌ဒေပြု မဏ္ဍိုင်ကြီးက ပိုပြီးအလုပ်လုပ်လာဖို့ ရည်ရွယ်ချက် ‌တွေနဲ့ပြုလုပ်တာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်ရက်တာ ပြုလုပ်သည့် အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ ကရင်ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်အ တွင်းရှိ မြို့နယ် ၇ မြို့နယ်တွင် အ‌ခြေစိုက်သည့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအဝင် လူဦး‌ရေ ၆ဝ ‌ကျော်တက်‌ရောက်သည်ဟု သိရသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် သု‌တေသနပိုင်းဆိုင်ရာ၊ မူဝါဒပိုင်းဆိုင်ရာ၊ တရားဥပ‌ဒေ စိုးမိုး‌ရေးဆိုင်ရာကိစ္စရပ်များ ကို ‌ဆွေး‌နွေးခဲ့ကြသည့်အပြင် သု‌တေသနအ‌ခြေပြုပြီး ပြည်သူ့‌ရေးရာမူဝါဒချမှတ်နိုင်မည့်နည်းလမ်းများ၊ လွှတ် ‌တော်နှင့်လူမှုအဖွဲ့အစည်းအချင်းချင်း အပြန်အလှန်ချိတ်ဆက်ပူး‌ပေါင်းနိုင်မည့် နည်းလမ်းများကို အဓိက ‌ဆွေး‌နွေး ခဲ့ကြခြင်းဖြစ်သည်။

ကရင်ပြည်နယ်အတွင်း လူမှုအဖွဲ့အစည်း‌ပေါင်း ၄ဝ ‌ကျော်ရှိပြီး လက်ရှိအ‌နေအထားများအရ ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်‌ဆောင်ရာတွင် လူမှုအဖွဲ့အစည်းအချင်းချင်းသာမက လူမှုအဖွဲ့အစည်းနှင့်ပြည်နယ်လွှတ်‌တော်တို့အကြား ချိတ်ဆက်မှု အားနည်း‌နေ‌သေးသည့်အတွက် ထိ‌ရောက်သည့် အပြန် အလှန်ချိတ်ဆက်‌ဆောင်ရွှက်မှုများ ပိုမိုလုပ်‌ဆောင် ရန်လိုအပ် ‌ကြောင်း ပြည်နယ် အ‌ခြေစိုက်လူမှုအဖွဲ့အစည်းများက သုံးသပ် ‌ပြောဆိုသည်။

ထို့အပြင် လူမှုအဖွဲ့အစည်းများအ‌နေဖြင့် ငြိမ်းချမ်း‌ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်‌ရေးဆိုင်ရာ ကိစ္စများတွင် အများဆုံးလုပ်‌ဆောင်ကြပြီး ၎င်းတို့နှင့်သက်ဆိုင်သည့် သု‌တေသနပိုင်းဆိုင်ရာ အချက်အလက် များစု‌ဆောင်းရာတွင် နည်း ပညာပိုင်းအရ အားနည်း‌နေ‌သေး‌ကြောင်းနှင့် လူမှုအဖွဲ့အစည်း၊ လွှတ်‌တော်၊ နိုင်ငံ‌ရေး ပါတီတို့ အားလုံး ပူး‌ပေါင်းပါဝင်လုပ်‌ဆောင်ပါက ပိုမိုထိ‌ရောက်မည်ဖြစ်‌ကြောင်း ‌ပြောဆိုမှုများလည်း ရှိ‌နေသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲတက်‌ရောက်လာသူ RISE မှ တာဝန်ခံတစ်ဦးဖြစ်သူ နန်းမြင့်‌အောင်က“ကျမတို့ ကရင်ပြည် နယ်မှာ သု‌တေသနနဲ့ ပတ်သက်တဲ့ ပညာပိုင်းဆိုင်ရာအပြင် အ‌ပြောင်းအလဲကာလမှာ ဥပ‌ဒေပြု‌ရေးနဲ့ ပတ်သက်ပြီး‌တော့ အများကြီး လုပ်ဖို့ လိုအပ်‌နေ‌သေးတယ်လို့ ကျမမြင်တယ်။ အားလုံး အသံ‌တွေပါဝင်လာနိုင်‌အောင် လွှတ်‌တော်၊ လူမှုအဖွဲ့အစည်းနဲ့ ‌အောက်‌ခြေ လူထုသာမက တိုင်းရင်းသားနိုင်ငံ‌ရေး ပါတီ‌တွေပိုမိုပါဝင်လာမယ် ဆိုရင် ဥပ‌ဒေပြု‌ရေးအတွက် လုပ်‌ဆောင်ရာမှာ ပိုမို‌ကောင်းမွန်လာမယ်လို့မြင်ပါတယ်”ဟု‌ပြောသည်။

သု‌တေသန၊ ဥပ‌ဒေပြု‌ရေးနှင့် ပြည်သူ့ ‌ရေးရာမူဝါဒများ နှင့်ပတ်သက်၍ လွှတ်‌တော်နှင့်လူမှုအဖွဲ့အစည်းများ အကြားပြု လုပ်သည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲများကို မွန်ပြည်နယ်တွင် ပြုလုပ်မှုများရှိခဲ့‌သော်လည်း ယခုပြုလုပ်သည့် အလုပ်ရုံ‌ဆွေး ‌နွေးပွဲမှာ ကရင်ပြည်နယ်တွင် ပထမဆုံးအကြိမ်ဖြစ်‌ကြောင်း သိရသည်။