Home သတင်း လူငယ်ထုအတွင်း မူးယစ်‌ဆေးသုံးစွဲမှု ကာကွယ်‌ရေးနည်းပြသင်တန်း ဖားအံမြို့တွင် ပထမဦးဆုံးအကြိမ်ပြုလုပ်

လူငယ်ထုအတွင်း မူးယစ်‌ဆေးသုံးစွဲမှု ကာကွယ်‌ရေးနည်းပြသင်တန်း ဖားအံမြို့တွင် ပထမဦးဆုံးအကြိမ်ပြုလုပ်

2474

ဇွန် ၁၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

မူးယစ်‌ဆေးဝါးအန္တရာယ်ကို လူငယ်အချင်းချင်း အသိပညာ‌ပေး‌ဆောင်ရွက်နိုင်‌အောင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦး‌ဆောင် သည့် ပထမဦးဆုံးအကြိမ် လူငယ်ထုအတွင်း မူးယစ်‌ဆေးသုံးစွဲမှု ကာကွယ်‌ရေးနည်းပြသင်တန်းတစ်ခုကို ကရင်ပြည်နယ် ဖားအံမြို့ ၊ ‌တော်ဝင်ရတနာဟိုတယ်တွင် ဇွန်လ ၁၂ရက်မှ ၁၇ ရက်‌နေ့ထိ ပြုလုပ်‌ပေးလျှက်ရှိသည်။

ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုညွှန်မှူးဦး‌ဇော်မင်းက “လူငယ်အချင်းချင်း မူးယစ်‌ဆေးဝါးအန္တရာယ်‌တွေကို သိရှိပြီး‌တော့မှ သူတို့ကိုယ်တိုင် ‌ရှောင်ရှားနိုင်‌အောင်‌ပေါ့‌နော်။ အချင်းချင်း အသိပညာ‌ပေးလုပ်ငန်း‌တွေကို ‌ဆောင် ရွက်နိုင်ဖို့ပါ။ တားဆီးကာကွယ်‌ရေး‌တွေ၊ ‌လျှော့ချ‌ရေး‌တွေ ပူး‌ပေါင်း‌ဆောင်ရွက်နိုင်ဖို့ ရပ်မိရပ်ဖ‌တွေနဲ့ ‌ပေါင်းပြီး ‌စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်‌ရေးအသင်းကို ဖွဲ့စည်းသွားမယ်”ဟု ဇွန်လ ၁၅ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အ‌နေဖြင့် မူးယစ်‌ဆေးဖြတ်ပြီးသူများ ပြည်လည်ထူ‌ထောင်‌ရေးစခန်းကို ယခုနှစ်တွင် ‌ဆောင်ရွက်သွား မည် ဖြစ်ပြီး လူငယ်များ ‌ဆေးသုံးစွဲမှုမဖြစ်လာ‌အောင် ‌ဆေးကုသကြီးကြပ်မှုဖြင့် လူမှုအသိုင်းအဝိုင်းမှာ ပြန်လည်လက်ခံလာနိုင်‌အောင် လုပ်ငန်းစဉ်များ ‌ဆောင်ရွက်‌ပေးသွားမည်ဟု ဦး‌ဇော်မင်းက ဆက်‌ပြောသည်။

ကရင်ပြည်နယ်ရှိ မြို့နယ် ၇ ခုမှ တစ်မြို့နယ်လျှင် သင်တန်းသား နှစ်ဦးစီတက်‌ရောက်ပြီး ဆက်သွယ်စကား‌ပြောနည်း၊ စိတ်ဖိစီးမှုကို ရင်ဆိုင်‌ကျော်ဖြတ်နည်း၊ စိတ်ကျန်းမာ‌ရေးနှင့် မူးယစ်‌ဆေးစွဲ‌ရောဂါ ဆက်စပ်ပုံ၊ ဆုံးဖြတ်ချက် ချနည်းလမ်းများကို အခန်းဏ္ဍ ၆ ခုဖြင့် သင်ကြား‌ပေးပြီး မိမိတို့သက်ဆိုင်ရာ မြို့နယ်‌ဒေသအလိုက် ဆင့်ပွားသင်တန်း ပြန်လည်ပို့ချသွားရမည်ဟု သင်တန်းဆရာ ‌ဒေါက်တာ‌ကျော်ထက်ဒိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသင်တန်းကို တက်‌ရောက်‌နေသူ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ‌စောမြတ်သူက “ တစ်မျိုးသားလုံးကို အန္တရာယ်‌ပေး‌နေတဲ့ မူးယစ်‌ဆေးဝါးကို တစ်ဖက်တစ်လမ်းက‌နေ ကာကွယ်‌ပေးနိုင်တဲ့ နည်းလမ်း‌တွေ သိချင်လို့ လာတက်ဖြစ်တာပါ။ မူးယစ် ‌ဆေး ကာကွယ်တဲ့နည်း‌တွေ၊ လူငယ်ကြားမှာ မှန်ကန်တဲ့‌တွေး‌ခေါ်ချမှတ်မှု၊ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုပြီးထိ ‌ရောက်တဲ့ နည်းလမ်း‌တွေ အများကြီးရရှိတယ်။ မူးယစ်‌ဆေးစွဲပြီး ကိုယ်တိုင်ကြိုးဆွဲချသွားတဲ့ ဆိုးဝါးတဲ့ဖြစ်ရပ်မျိုး ကိုယ့်‌ဒေ သမှာ မြင်ဖူးတယ်။ မူးယစ်‌ဆေးကာကွယ်တဲ့နည်းလမ်း‌တွေ ‌ဒေသအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ပို့ချသွားမယ်” ဟု ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ‌မေလ အထိ ၅ လအတွင်း မူးယစ်‌ဆေးဝါး ဖမ်းဆီးရရှိမှု ၂၂၈ မှု ၊ WY စိတ်ကြွ‌ဆေးပြား (၁,၃၄၉ ,၉၁၈)ပြား ဖမ်းဆီးရမိသည်ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။