Home သတင်း မဲ‌ဆောက်တွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၃၀ဝ နီးပါး အဖမ်းဆီးခံ‌နေရဟု ဆို

မဲ‌ဆောက်တွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၃၀ဝ နီးပါး အဖမ်းဆီးခံ‌နေရဟု ဆို

1929

ဇွန် ၂ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ ရှိ အထည်ချုပ်စက်ရုံ၊ ‌ဆောက်လုပ်‌ရေးနှင့် အ‌ထွေ‌ထွေလုပ်ငန်းများတွင် အလုပ်လုပ် ကိုင်‌နေကြသည့် မြန်မာအလုပ်သမား ၃၀ဝ နီးပါးခန့်ကို ယမန်‌နေ့ (ဇွန်လ ၁ ရက်)မှ ယ‌နေ့ (ဇွန် ၂ရက်)အထိ တာ့ခ်ခရိုင်ပူး ‌ပေါင်း အထူးရဲတပ်ဖွဲ့မှ ဝင်‌ရောက်စစ်‌ဆေးဖမ်းဆီးခဲ့သည်ဟု အလုပ်သမားအ‌ရေး ကူညီ‌ဆောင်ရွက်‌နေသူများက ‌ပြော သည်။

မဲ‌ဆောက်‌ဒေသ မယ်‌တောင်မိုင်၊ မယ်ပ၊ မဲ့ကဆာနှင့် မယ်ကု တိုက်နယ်ရှိ အလုပ်သမား လက်မှတ်ကိုင်‌ဆောင်ထားခြင်း မ ရှိသည့် တရားမဝင် မြန်မာအလုပ်သမားများနှင့် က‌လေးအလုပ်သမားများကို ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ က‌လေး အလုပ်သမားနှင့် တရားမဝင်အလုပ်သမားပ‌ပျောက်‌ရေး အထူးစီမံချက်ဖြင့် ယခုလိုဖမ်းဆီးစစ်‌ဆေး‌နေခြင်းဖြစ်သည်ဟု မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု ‌ကော်မတီ (JACBA ) ဥက္ကဌ ဦးမိုးကြိုးက ‌ပြောသည်။

၎င်းက “ဒီ‌နေ့လည်း အဖမ်းအဆီးရှိတယ်။ ဒီ‌နေ့လည်း ၁၀ဝ ‌လောက်ဖမ်းတာပဲ။ ဒီ‌နေ့က မဲ‌ဆောက်မြို့ မယ်ပ တိုက်နယ်၊ မဲ့ကဆာတိုက်နယ်၊ မယ်ကုတိုက်နယ်က စက်ရုံ၊ အလုပ်ရုံ၊ ‌ဆောက်လုပ်‌ရေး၊ အ‌ထွေ‌ထွေအလုပ်သမား‌တွေဖြစ်တယ်။ မ‌နေ့ က ဖမ်းတာက ၂၀ဝ နီးပါး‌လောက်ရှိတယ်။ ဒါက အထူးစီမံချက်နဲ့ဖမ်းတာ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ဖမ်းဆီးခြင်းမှာ ပြီးခဲ့သည့် ‌မေလ ၁၈‌နေ့က ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၏ လက်‌ထောက်ညွှန်ကြား‌ရေး မှူး နှစ်ဦးမှ မဲ‌ဆောက်မြို့သို့‌ရောက်ရှိလာပြီး မြန်မာအလုပ်သမားသံအရာရှိ ဦး‌အောင်ကိုသန်းနှင့် အလုပ်သမားအ‌ရေး ‌ဆောင် ရွက်သူများနှင့်‌တွေ့ဆုံကာ မဲ‌ဆောက်‌ဒေသအတွင်း က‌လေးအလုပ်သမားအ‌ခြေအ‌နေ၊ တရားမဝင်အလုပ်သမား အ‌ခြေအ ‌နေများကို ‌မေးမြန်းစုံစမ်းပြီး‌နောက်ပိုင်း က‌လေးနှင့်တရားမဝင်အလုပ်သမား ပ‌ပျောက်‌ရေးစီမံချက်ဖြင့် ဖမ်းဆီးစစ်‌ဆေးမှုလုပ်ငန်းကို စတင်လာခြင်းဖြစ်သည်ဟု ဦးမိုးကြိုးက ဆက်‌ပြောသည်။

လတ်တ‌လော အဖမ်းအဆီးမှုများ‌ကြောင့် မဲ‌ဆောက်‌ဒေသထဲရှိ စက်ရုံ၊ အလုပ်ရုံအများစုကို ပိတ်ထားပြီး အ‌ထောက် အထားမရှိသည့် အလုပ်သမားအချို့ကို မြဝတီဘက်ခြမ်းနှင့် နီးစပ်ရာ ‌ဆွေးမျိုးသားချင်း အိမ်များ၊ ဘုန်ကြီး‌ကျောင်းများ၊ လယ်ကွင်းပြင်များ၊ ‌တောစပ်များသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရသည်ဟု မဲ‌ဆောက်‌ဒေသအ‌ခြေစိုက်သည့် အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများက ဆိုသည်။

လက်ရှိ အဖမ်းအဆီးခံထားရသည့် အလုပ်သမားများကို လိုအပ်သည့် စား‌သောက်မှုများအတွက် ၎င်းတို့၏ အလုပ်ရှင်များ၊ မန်‌နေဂျာများမှ ကူညီ‌ဆောင်ရွက်‌ပေးမှုများရှိ‌နေသလို မဲ‌ဆောက်အတွင်းရှိ အလုပ်သမားအ‌ရေး ကူညီ‌ဆောင်ရွက်‌ပေး‌နေ သည့် အဖွဲ့အစည်းများမှလည်း ကူညီ‌ဆောင်ရွက်‌ပေး‌နေမှုများရှိ‌နေသည်ဟု သိရသည်။

‌ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ရုံးအဖွဲ့တာဝန်ခံ ကိုမိုး‌ကျော်က “မ‌နေ့က ညပိုင်းအထိက နှစ်ထပ်အချုပ်မှာ အဖမ်းခံရ တာ ၁၉၇ ‌ယောက်ရှိတယ်။ ‌နောက်ပြီး သူတို့စစ်ဖို့‌မေးဖို့ရှိတယ်ဆိုပြီး‌တော့ မယ်ပဘက်မှာရှိတဲ့ မြို့နယ် ရဲရုံးကြီးမှာ တချို့ ‌ခေါ် ထားတာရှိတယ်။ ‌နောက်ပြီး‌တော့ က‌လေးအလုပ်သမားကလည်း မ‌နေ့က ကျ‌နော်တို့ သိရသ‌လောက် ၁၁ ‌ယောက်ရှိ ‌ပေမဲ့ ထပ်ပြီးစုံစမ်းသိရှိရသ‌လောက် ၁၈ ‌ယောက်‌လောက်ရှိတယ်လို့ကြားရတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အဖမ်းဆီးခံ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများကို တရားရုံးတင်ပြီး ထိုင်းဥပ‌ဒေအရ ၄၅ ရက်‌ထောင်ကျခံရမည် ဖြစ်‌သော်လည်း စီမံချက်အရ ဖမ်းဆီးခံရသည့်အတွက် ၁၂ ရက်အထိသာ ‌ထောင်အကျခံရမည်ဖြစ်ပြီး ထိုင်းအလုပ်သမား ဝန်ကြီးဌာနမှ သိရှိလိုသည့်
တရားမဝင်အလုပ်သမားဖြစ်‌ပေါ်လာရသည့် အ‌ကြောင်းအရင်း၊ အလုပ်သမားအခွင့်အ‌ရေးနှင့် က‌လေး အလုပ်သမားရှိ‌နေရသည့် အ‌ခြေအ‌နေများကို ‌မေးမြန်းစစ်‌ဆေးပြီး ဒဏ်‌ငွေ ရိုက်ကာ ပြန်လွတ်‌ပေးသွားမည်ဟု ထိုင်းအာဏာပိုင်ဘက်က ‌ပြောဆိုထား‌ကြောင်း JACBA ဥက္ကဌ ဦးမိုးကြိုးက ‌ပြောသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြို့နယ် ၉ မြို့နယ်တွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား‌ပေါင်း ‌လေးသိန်း‌ကျော်ရှိသည့်အနက် မဲ‌ဆောက်မြို့နယ် တစ်ခုတည်းတွင် နှစ်သိန်း‌ကျော်ရှိကာ အများစုမှာ အ‌ထွေ‌ထွေ လုပ်ငန်းများဖြစ်သည့် စိုက်ပျိုး‌ရေး၊ ‌ဆောက်လုပ်‌ရေး၊ ‌မွေးမြူ‌ရေးနှင့် ကျဘမ်းအလုပ်များကို လုပ်ကိုင်‌နေကြပြီး ဒုတိယအများဆုံးမှာ စက်ရုံအလုပ်ရုံ အလုပ်သမားဖြစ်ကြသည်ဟု အလုပ်သမားအ‌ရေး လှုပ်ရှား‌ဆောင်ရွက်‌နေသူများက ‌ပြောသည်။