Home သတင်း မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်‌ရေးအတွက် ‌ဒေသခံများထံ လက်မှတ်‌ကောက်ခံ‌နေ

မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်‌ရေးအတွက် ‌ဒေသခံများထံ လက်မှတ်‌ကောက်ခံ‌နေ

1998

ဇွန် ၇ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

သထုံမြို့နယ်ရှိ မင်းလွင်(‌မောင်‌လေး)‌တောင် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်‌ရေး စီမံကိန်းအ‌ပေါ် ‌ဒေသခံလူထုု များ၏ သ‌ဘောထားဆန္ဒကို လက်မှတ်‌ကောက်ခံ‌ပေးရန် နယ်ခံ ‌ကေအဲန်ယူ တာဝန်ရှိသူများမှ ‌ပြောဆိုလာသ ဖြင့် သက်ဆိုင်ရာ ရွာခံအချို့က ၎င်းတို့ရွာတွင် ဇွန်လ ၃ ရက်မှစ၍ လက်မှတ်များ လိုက်လံ‌ကောက်ခံ‌ပေး လျှက် ရှိသည်။

အဆိုပါ လက်မှတ်များကို မင်းလွင်‌ဒေသရှိ ဝမ်းဘဲအင်း(နို့ထို့‌ဒေ့)၊ မင်းလွင်ရွာကြီး(‌မောင်‌လေးတ‌ဝေါဖာဒို့)၊ ပန်းသာ(‌မောင်‌လေး တ‌ဝေါဖိုး)၊ ‌ကျောင်းရွာ(ထီးဖိုး‌သေ့ရယ်)၊ အင်းရွာ(နို့ပလယ်ပလူ)၊ အလယ်ရွာ (ကာ့တ‌ဒေါ့်နီ)၊ ပိန္နဲ‌တော ‌အောက်ရွာ(ပနွယ်ကလားတ‌ဝေါလာ)၊ ပိန္နဲ‌တောအထက်ရွာ(ပနွယ်ကလား တ‌ဝေါထာ)၊ ပုရစ်ခို(လားခိုး)၊ ထီး‌မော(‌မောကလိုး)နှင့် ပအိုဝ်းစု(‌တောသူးကလား) စသည့် ‌ကျေးရွာများတွင် တအိမ်တက်၊ တအိမ်ဆင်းစနစ်ဖြင့် ယခုအချိန်ထိ ‌ကောက်ခံ‌ပေး‌နေခြင်းဖြစ်သည်။

လက်မှတ်‌ကောက်ခံခြင်းအ‌ပေါ် ‌ကေအဲန်ယူ ‌မောင်‌လေး‌ကျေးရွာအုပ်စု အတွင်း‌ရေးမှူးဖြစ်သူ ‌စောမြဒင်က “ဘိလပ်‌မြေစက်ရုံ စီမံကိန်းအ‌ပေါ် ‌ဒေသခံ‌တွေရဲ့ သ‌ဘောထား ဘယ်လိုရှိလဲဆိုတာ လက်မှတ်‌ကောက်ခံတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ‌ဒေသခံနဲ့ ‌ကေအဲန်ယူ ခရိုင်က တာဝန်ရှိသူ‌တွေ ထပ်‌တွေ့ဖို့ ရှိပါတယ်”ဟု ‌ပြောသည်။

မင်းလွင်‌တောင်၌ ဘိလပ်‌မြေစက်ရုံတည်‌ဆောက်ပြီး ‌ကျောက်ထုတ်လုပ်‌ရေးစီမံကိန်း လုံးဝ မလုပ်ရန် ‌ဒေသခံ ၉၀ဝ ‌ကျော် အသနားခံစာတစ်‌စောင်ကို မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ‌စောင့်‌ရှောက်‌ရေး‌ကော်မတီမှ ‌ကေအဲန်ယူ ဗဟို အပါအဝင် သထုံခရိုင်၊ သထုံမြို့နယ်နှင့် ‌မောင်‌လေး‌ကျေးရွာ အုပ်စု စသည့် သက်ဆိုင်ရာများထံသို့ ‌မေလ ၂၇ ရက်‌နေ့က ‌ပေးပို့ပြီး‌နောက် ယခုလို လက်မှတ်‌ကောက်ခံမှုများ လုပ်‌ဆောင်လာခြင်းလည်း ဖြစ်သည်။

မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး ‌ကော်မတီဝင် ဒုဥက္ကဌ ‌နော်သန်းစိန်က “အခု လက်မှတ် ‌ကောက်ခံတယ်ဆိုတာ သ‌ဘောတူသူ၊ မတူသူ‌လောက်ပဲ ‌ကောက်ခံတာ ဖြစ်‌ပေမယ့် ဘိလပ်စက်ရုံ ‌ဆောက်ရင် ‌ကောင်းကျိုး၊ ဆိုးကျိုး ဘာရှိလဲ ‌ဒေသခံ‌တွေ ဘာမှ မသိရ‌သေးပါဘူး။ တကယ်ဆို သက်ဆိုင်ရာ ကုမ္ပဏီနဲ့ ‌ကေအဲန်ယူဘက်က‌နေ ကွင်းဆင်းပြီး ‌သေချာချပြပြီးမှ လက်မှတ်‌ကောက်ခံသင့်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ထိုသို့ လက်မှတ်များ ‌ကောက်ခံရာတွင် ဇွန်လ ၅ရက်‌နေ့အထိ ဝမ်းဘဲအင်း‌ကျေးရွာတွင် ‌ကောက်ခံပြီးစီးပြီ ဖြစ်‌ကြောင်း၊ ကျန်ရွာများကို ဆက်လက်‌ကောက်ခံမှုများ ပြုလုပ်‌နေ‌ကြောင်းနှင့် ဇွန်လ ၆ရက်‌နေ့တွင် ‌ကေအဲန်ယူ သထုံခရိုင် တာဝန်ရှိသူများမှ မင်းလွင်‌ဒေသခံများနှင့် လာ‌ရောက်‌တွေ့ဆုံရန် ရှိ‌ကြောင်း သူမက ဆက်‌ပြောသည်။

မင်းလွင်‌တောင်၌ ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ ဓာတ်သတ္တု စမ်းသပ်တိုင်းတာ‌ရေးနှင့် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့် စီမံကိန်းကို အ‌ကောင်အထည်‌ဖော်ရန် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က စတင်ခဲ့ပြီး‌နောက် ၂၀၁၆၊ ‌မေလ၌ ‌ကေအဲန်ယူ ဗဟိုမှ ညွှန်ကြားချက်ဖြင့် ရပ်ဆိုင်းထားသည်မှာ ယခုအချိန်ထိ ဖြစ်သည်။