Home သတင်း ဆက်ဆံ‌ရေးရုံးများ၏ တာဝန်နှင့်ဝတ္တရားများ (ToR) မူကြမ်း ပြန်လည်ပြင်ဆင်‌ရေးဆွဲပြီးစီး

ဆက်ဆံ‌ရေးရုံးများ၏ တာဝန်နှင့်ဝတ္တရားများ (ToR) မူကြမ်း ပြန်လည်ပြင်ဆင်‌ရေးဆွဲပြီးစီး

2051

ဇွန် ၁၉ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၁၇ရက်နှင့် ၁၈ရက်‌နေ့က ပြည်နယ်နှင့် ပြည်‌ထောင်စုအဆင့် အပစ်အခတ် ရပ်စဲ‌ရေးစာချုပ် (Bilateral Agreement) လက်မှတ်‌ရေးထိုးထားပြီး ဆက်ဆံ‌ရေးရုံးများဖွင့်ထားကြသည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန် ‌ရေးအဖွဲ့အစည်း ၁၁ဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးတွင် ဆက်ဆံ‌ရေးရုံးများ၏ တာဝန်နှင့်ဝတ္တရားများ (Term of Reference -ToR) မူကြမ်းကို ပြန်လည် ပြင်ဆင်‌ရေးဆွဲမှုပြီးစီးခဲ့ပြီဟု သိရသည်။

၂၀၁၆ ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း‌ခေါင်း‌ဆောင်များ(EAOs)နှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့-PPSTမှ အတည်ပြုခဲ့သည့် အဆိုပါ ToR မူကြမ်းကို ဆက်လက်အတည်ပြုနိုင်ရန် EAOs၊ အပစ်အခတ်ရပ်စဲ‌ရေး အ‌ကောင်အထည်‌ဖော်မှု ညှိနှိုင်းအစည်းအ‌ဝေး-JICM၊ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ပူးတွဲ‌ကော်မတီ-UPDJC၊ ပစ်ခတ် တိုက်ခတ်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (ပြည်‌ထောင်စု)JMC-U၊ ဆက်ဆံ‌ရေးရုံးများလုပ်ငန်း ညှိနှိုင်း‌ကော်မ တီ-LOCC တို့ ပူး‌ပေါင်းပြီး ပြန်လည် ပြင်ဆင်‌ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု KNU ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃) ဆက် ဆံ‌ရေးရုံး တာဝန်ခံ ‌စောကလယ်မူးထူးက ‌ပြောသည်။

၎င်းက “နှစ်ရက်တာ ပြုလုပ်ခဲ့တဲ့ ဒီအစည်းအ‌ဝေးမှာ အရင်က ပြုစုလာတဲ့ ToR မူကြမ်းကို ပြန်‌ဆွေး‌နွေး‌ရေးဆွဲပြီး JMC ကို တင်ပြပြီး‌တော့ JMCက အတည်ပြုနိုင်ဖို့အတွက် ဖြစ်တယ်။ အခုက မူကြမ်းရဲ့လိုအပ်တဲ့ အချက်အလက်‌တွေကို ‌ဆွေး‌နွေး ခဲ့ပြီး‌တော့ ‌ဆွေး‌နွေးချက်‌တွေကို ပြန်စုထားပြီး JMC ကို တင်ဖို့ပဲရှိ‌တော့တယ်။ ပြီးရင်‌တော့ JMC ရဲ့ အတည်ပြုချက်က‌နေ ဒီမူကြမ်းက အသက်ဝင်လာမှာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယခုပြန်လည်‌ရေးဆွဲပြီးစီးထားသည့် ၎င်း ToR မူကြမ်းတွင် နိုင်ငံ‌ရေး၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းနှင့် အ‌ထွေ‌ထွေစသည့် အခန်းကဏ္ဍ ၃ ခုပါဝင်သည်ဟုလည်း ‌စောကလယ်မူးထူးက ဆက်‌ပြောသည်။

ကိုယ်စားလှယ် (၈၀) ဦးခန့် တက်‌ရောက်ခဲ့သည့် ယင်းအစည်းအ‌ဝေးတွင် ဆက်ဆံ‌ရေးရုံးများ၏ ToR မူကြမ်းကို အဓိက ‌ဆွေး‌နွေးခဲ့ကြပြီး ၂၀၁၇ ခုနှစ်၊ မတ်လ ၂၈ ရက်နှင့် ၃ဝ ရက်‌နေ့က မိတ်ဆက်‌ပေးခဲ့သည့် LOOC ၏ လုပ်ငန်းဆိုင်ရာ‌ဆွေး ‌နွေးမှုများ၊ ဆက်ဆံ‌ရေးရုံးများ၏ အခက်အခဲ၊ စိန်‌ခေါ်မှုများနှင့်‌အောင်မြင်မှုများကို EAOs ‌ခေါင်း‌ဆောင်များထံသို့ တိုက်ရိုက် တင်ပြခြင်းဆိုင်ရာ‌ဆွေး‌နွေးမှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ-ALP ဒုဥက္ကဌ ခိုင်စိုးနိုင်‌အောင်က “အထူးသဖြင့် ဆက်ဆံ‌ရေးရုံး‌တွေမှာ အစိုးရ ဖိအား ‌ပေး တဲ့ပုံစံမျိုး၊ အ‌ပေါ်စီးဆက်ဆံတဲ့ပုံစံမျိုးရှိတာကို တင်ပြကြတယ်။ အဖွဲ့အချင်းချင်းကြား ‌ဆွေး‌နွေးမှုအ‌ပေါ်မှာ‌တော့ အားရ ‌ကျေနပ်မှုရှိ‌ပေမဲ့ ဒီ‌ဆွေး‌နွေးမှုရလဒ်‌တွေကို အစိုးရက လက်ခံ၊ မခံ‌တော့မသိ‌သေးဘူး။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရနှင့်အပစ်ရပ်စဲပြီး‌နောက် KNU ကရင်အမျိုးသားအစည်းအရုံးအဖွဲ့ ဆက်ဆံ‌ရေးရုံး (၆)ရုံး၊ ရှမ်းပြည်ပြန်လည်ထူ ‌ထောင်‌ရေး‌ကောင်စီ RCSS ဆက်ဆံ‌ရေးရုံး(၇)ရုံး၊ မွန်ပြည်သစ်ပါတီ NMSP ဆက်ဆံ‌ရေးရုံး (၆)ရုံး၊ ကရင်ငြိမ်းချမ်း‌ရေး ‌ကောင်စီ KNU/KNLA-PC ဆက်ဆံ‌ရေးရုံး (၃)ရုံး ၊ ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော် DKBA ဆက်ဆံ‌ရေးရုံး (၃)ရုံး၊ ချင်းအမျိုးသားတပ်ဦး CNF ဆက်ဆံ‌ရေး ရုံး (၃)ရုံး၊ ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ ALP ဆက်ဆံ‌ရေးရုံး (၁)ရုုံး ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဆက်ဆံ‌ရေးရုံး(၁)ရုံး၊ ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေး အဖွဲ့ချုပ် PNLO ဆက်ဆံ‌ရေးရုံး (၃)ရုံး၊ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ KNPP ဆက်ဆံ‌ရေးရုံး (၃) ရုံးနှင့် ရှမ်းပြည်တိုးတက်‌ရေးပါတီ SSPP ဆက်ဆံ‌ရေးရုံး (၃) ရုံး ဖွင့်လှစ်ထားရှိသည်ဟု သိရသည်။

၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ၎င်းဆက်ဆံ‌ရေးရုံးများ ‌ကောင်းမွန်စွာ လည်ပတ်နိုင်‌ရေးအတွက် Working Group of the Enhanced Cooperation (WGEC)က ToR (ယာယီ)တစ်ခုကို ပြုစု‌ပေးခဲ့ရာမှ ၂၀၁၅ခုနှစ် ‌မေလတွင် စတင်၍ နှစ်ဖက်သ‌ဘောတူ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး စာချုပ်များအ‌ပေါ် အ‌ခြေခံ၍ ဆက်ဆံ‌ရေးရုံးများ၏ ပုံမှန် ညှိနှိုင်းအစည်းအ‌ဝေးများတွင် ToR မူကြမ်းကိုပြုစုနိုင်ခဲ့ပြီး ၎င်းမူကြမ်းကို EAOsနှင့် PPST‌ခေါင်း‌ဆောင်များမှ ၂၀၁၆ ခုနှစ် တွင် အတည်ပြုခဲ့သည်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်တွင် အ‌ခြေစိုက်သည့် ဖွံ့ဖြိုး‌ရေးနှင့် ဒီမိုက‌ရေစီ အကျိုး‌ဆောင်အဖွဲ့ဖြစ်သည့် ဥ‌ရောပ မြန်မာ ရုံး (Euro-Burma Office-EBO)မှ ကမကထ ပြုလုပ်‌ပေးသည့် ၎င်းအစည်းအ‌ဝေးသို့ EAOs ၁၁ ဖွဲ့မှ ဆက်ဆံ‌ရေးရုံးတာဝန် ခံအားလုံးအပြင် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA လက်မှတ်‌ရေးထိုးထားသည့် KNU ၊ DKBA၊ KNU/KNLA ၊ CNF၊ PNLO၊ ALPနှင့် RCSSတို့မှ ထိပ်သီး‌ခေါင်း‌ဆောင်များလည်း တက်‌ရောက်ခဲ့သည်။