Home သတင်း ကရင်ဒုက္ခသည်စခန်းရှိ လူထုအ‌ခြေပြု လုပ်သားများကို လစာ ၄ဝရာခိုင်နှုန်း ‌လျှော့ချရန်ဆုံးဖြတ်

ကရင်ဒုက္ခသည်စခန်းရှိ လူထုအ‌ခြေပြု လုပ်သားများကို လစာ ၄ဝရာခိုင်နှုန်း ‌လျှော့ချရန်ဆုံးဖြတ်

2164

ဇွန်လ ၁၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် အလုပ်လုပ်‌နေကြသည့် လူထုအ‌ခြေပြုလုပ်သားများ၏ အ‌ခြေခံလစာများ ကို ဇူလိုင်လမှ စတင်ကာ ၄ဝ ရာခိုင်နှုန်း ‌လျှော့ချသွားရန် ဆုံးဖြတ်လိုက်ပြီးဟု ကရင်ဒုက္ခသည်‌ကော်မတီ-KRCက ယ‌နေ့( ဇွန် ၁၅ရက်)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒုက္ခသည်စခန်းများအတွက် အလှူရှင်များ၏ အကူအညီများ ‌လျော့နည်းလာမှုအ‌ပေါ် ဒုက္ခသည်များကို အဓိက အကူအညီ ‌ပေး‌နေသည့် The Border Consortium (TBC) နှင့် KRC တာဝန်ရှိသူတို့သည် ပြီးခဲ့သည့် ‌မေလကုန်ပိုင်းက ထိုင်း-မြန်မာနယ်စပ် တစ်‌နေရာတွင် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ပြီး‌နောက် ယခုလို လုပ်အားလစာ‌လျှော့ချသွားရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်ဟု KRC အတွင်း‌ရေးမှူး ‌စောပွယ်‌စေးက ‌ပြောသည်။

၎င်းက “လုပ်သားဦး‌ရေ ‌လျှော့ချလိုက်ရင် အားလုံးက နှုတ်ထွက်သွားနိုင်တဲ့အ‌ခြေအ‌နေ‌ကြောင့် လုပ်သားဦး‌ရေကို မ‌လျှော့ ပါဘူး။ (Stipend) လစာကိုပဲ ၄ဝ ရာခိုင်နှုန်း ‌လျှော့မှာဖြစ်တဲ့အတွက် ၁၀ဝ ဆိုရင် ၆ဝ ပဲရ‌တော့မယ်။ ‌အေးအတူ ပူအမျှ ‌ပေါ့။ ဥပမာ-လုပ်ရင်လည်း အတူတူလုပ်မယ်၊ ထွက်ရင်လည်း အတူတူထွက်မယ်ဆိုတဲ့ သ‌ဘောဖြစ်ပါတယ်။”ဟု ‌ပြော သည်။

ထိုကဲ့သို့ လစာ‌လျှော့ချပါက လုပ်သားများ၏ စားဝတ်‌နေ‌ရေးမှာ အခက်အခဲရှိနိုင်၍ လက်ရှိအလုပ်မှ ထွက်မည့် အလုပ်သ မားများလည်း ရှိလာနိုင်‌သော‌ကြောင့် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ဟာကွက်များမည်ဟု ဒုက္ခသည်တာဝန်ရှိသူများက ‌ပြော ဆိုသည်။

မဲ‌ဆောက်မြို့၊ ‌မြောက်ဘက် ကီလိုမီတာ ၆ဝ အကွာအ‌ဝေးတွင် တည်ရှိသည့် မယ်လဒုက္ခသည်စခန်း၏ ဥက္ကဌဖြစ်သူ ‌စော‌အောနက်ကလည်း “ခက်ခဲမူက‌တော့ အများကြီးပါပဲ၊ နိုင်ငံတကာ အ‌ထောက်အပံ့‌တွေ ရပ်ဆိုင်းမှာက ၂၀၁၈ လား၊ ၂၀၁၉ လား မသိဘူး။ ဘယ်‌နေ့မှာ စားနပ်ရိက္ခာ အ‌ထောက်အပံ့‌တွေ ရပ်ဆိုင်းမှာကို ကြိုမသိနိုင်တဲ့အတွက် ပြင်ဆင်ထား နိုင်ဖို့ ခက်ခဲပါတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်များအတွက် အကူအညီ ‌ထောက်ပံ့မှု‌လျော့ကျလာမှုမှာ အ‌ရေး‌ပေါ် အကူအညီလို အပ်‌နေသည့် အခြား ‌နေရာ‌ဒေသများသို့ သွား‌ရောက်ကူညီ‌ထောက်ပံ့‌ပေး‌နေရခြင်းဖြစ်သည်ဟု ဒုက္ခသည်များကို ကူညီ‌ပေး‌နေသည့် အစိုးရမဟုတ်‌သော အဖွဲ့အစည်း -NGOsများဘက်က ‌ပြောဆိုထားသည်။
ဒုက္ခသည်စခန်းရှိ လူထုအ‌ခြေပြုအဖွဲ့ လုပ်သားဆိုသည်မှာ စခန်းကို ဦး‌ဆောင်သူ စခန်း‌ကော်မတီဝင်များ အပါအဝင် ၊ ကျန်းမာ‌ရေးလုပ်သား၊ ပညာ‌ရေးလုပ်သား ၊ ရိက္ခာဂို‌ဒေါင်တာဝန်ခံနှင့် လုံခြုံ‌ရေး အဖွဲ့ဝင်များပါဝင်ပြီး ၎င်းတို့ကို အနည်းဆုံး လစာ ဘတ် ၁,၀၀ဝ မှ အများဆုံး ဘတ် ၂,၀၀ဝ အထိ ရရှိကြသည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်တွင် KRC လမ်းညွန်မှု‌အောက်ရှိ ဒုက္ခသည်စခန်း ၇ခုနှင့် အမှတ် (၁)၊ အမှတ် (၂) ကရင်နီ ဒုက္ခသည်စခန်း နှစ်ခုအပါအဝင် ဒုက္ခသည်စခန်း ၉ ခုတွင် TBCအဖွဲ့မှ ‌ထောက်ပံ့ထားသည့် လူထုအ‌ခြေပြုအဖွဲ့ လုပ်သား ဦး‌ရေ စုစု‌ပေါင်း ၁၀,၀၀ဝ ( ၁‌သောင်း) ‌ကျော်ရှိသည့်အနက် KRC လမ်းညွှန်မှု‌အောက်ရှိ ဒုက္ခသည်စခန်း ၇ ခုမှ လူထုအ‌ခြေပြုအဖွဲ့လုပ်သား ၂,၈၀ဝ ‌ကျော်ရှိသည်ဟု KRCက ‌ပြောသည်။

TBC ၏ ထုတ်ပြန်ထားသည့် စာရင်းအရ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ဘန့်ဒုံယန်း၊ ထမ့်ဟင်နှင့် အမှတ်(၁)၊ (၂) ကရင်နီဒုက္ခသည်စခန်း စသည့် စခန်း ၉ ခုတွင် လက်ရှိ မြန်မာဒုက္ခသည်ဦး‌ရေ ၁၂၀,၀၀ဝ ‌ကျော် ခိုလှုံလျှက်ရှိသည်။