Home သတင်း တပ်မ‌တော်မှ ဖမ်းဆီးထားသည့် သတင်းသမား ၃ဦးလွှတ်‌ပေးရန် တိုင်းရင်းသားမီဒီယာညီလာခံမှ နိုင်ငံ‌တော်အကြီးအကဲများထံ အိတ်ဖွင့်စာ‌ပေးပို့

တပ်မ‌တော်မှ ဖမ်းဆီးထားသည့် သတင်းသမား ၃ဦးလွှတ်‌ပေးရန် တိုင်းရင်းသားမီဒီယာညီလာခံမှ နိုင်ငံ‌တော်အကြီးအကဲများထံ အိတ်ဖွင့်စာ‌ပေးပို့

2338

ဇွန်လ ၂၇ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

မြန်မာ့တပ်မ‌တော်မှ ဖမ်းဆီးထိန်းသိမ်းထားသည့် သတင်းသမား ၃ဦးအား အမြန်ဆုံးပြန်လည်လွှတ်‌ပေး‌ရေးအတွက် နိုင်ငံ‌တော် သမ္မတ၊ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်တို့ထံသို့ အိတ်ဖွင့်‌ပေးစာတစ်‌စောင်ကို ကယားပြည် နယ် လွိုင်‌ကော်မြို့တွင် ကျင်းပလျှက်ရှိသည့် ၅ကြိမ်‌မြောက်တိုင်းရင်းသား မီဒီယာညီလာခံ တက်‌ရောက်သူများက ဇွန်လ ၂၆ ရက်‌နေ့တွင် ‌ပေးပို့လိုက်သည်။

ညီလာခံ ပထမ‌နေ့၊ ဇွန်လ ၂၆ရက်‌နေ့တွင် DVB နှင့် ဧရာဝတီသတင်းဌာနတို့မှ သတင်းသမား ၃ဦးတို့ ဖမ်းဆီးခံလိုက်ရသည့် ကိစ္စနှင့်ပတ်သက်၍ ဒုတိယ‌နေ့ ကျင်းပသည့် တိုင်းရင်းမီဒီယာညီလာခံ၌ အ‌ရေး‌ပေါ် ‌ဆွေး‌နွေးတိုင်ပင်ခဲ့ကြပြီး တက်‌ရောက်လာ သည့် ပြည်တွင်းအ‌ခြေစိုက် သတင်းဌာနများ၊ ပြည်နယ်အ‌ခြေစိုက် တိုင်းရင်းသား သတင်းဌာနများ၊ ဂျာနယ်လစ်ကွန်ယက်များ အပါအဝင် မီဒီယာအဖွဲ့အစည်း‌ပေါင်း ၂၅ဖွဲ့က ဇွန်လ ၂၇ရက် ‌နေ့စွဲဖြင့် ‌ပေးပို့လိုက်ခြင်းဖြစ်သည်။

BNI ဒါရိုက်တာ နိုင်က‌ဆော့မွန်က “ဖမ်းဆီးခံထားရတဲ့ မီဒီယာသမား‌တွေပြန်လွှတ်‌ပေးဖို့။ ဒါအ‌ရေးကြီးတဲ့ အချက်‌ပေါ့။ ‌နောက် ပြီး မီဒီယာသမား‌တွေကို မတရားဖမ်းဆီးမှု‌တွေ ရပ်တန့်‌ပေးဖို့‌ပေါ့။ statement ‌တွေလည်း ထုတ်ကြပါတယ်။ ဒီမှာကလည်း သတင်းမီဒီယာ အများအပြား ပါဝင်တဲ့ တိုင်းရင်းမီဒီယာညီလာခံ ကျင်းပ‌နေချိန်ဖြစ်‌တော့ Statement ပုံစံမဟုတ်ဘဲနဲ့ အိတ်ဖွင့် ‌ပေးစာအ‌နေနဲ့ ‌ပေးပို့လိုက်တာဖြစ်ပါတယ်။”ဟု ‌ပြောသည်။

ဇွန်လ ၂၆ရက်‌နေ့က TNLA ထိန်းချုပ်နယ်‌မြေအတွင်း မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေးနှင့်ပတ်သက်သည့် သတင်းယူပြီး ပြန်လာ သည့် DVB သတင်း‌ထောက် ၂ဦးနှင့် ဧရာဝတီသတင်း‌ထောက် ၁ဦးတို့ကို အကြမ်းဖက် ‌သောင်းကျန်းသူအဖွဲ့နှင့် ဆက်သွယ် သည်ဟုဆိုကာ ရှမ်းပြည်နယ်၊ နမ့်ဆန်-သီ‌ပေါကားလမ်း‌ပေါ်တွင် တပ်မ‌တော်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တပ်မ‌တော်ကာ ကွယ်‌ရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယ‌နေ့‌ပေးပို့လိုက်သည့် တိုင်းရင်းမီဒီယာညီလာခံ၏ အိတ်ဖွင့်‌ပေးစာတွင် ဖမ်းဆီးခံထားရသည့် သတင်းသမားများ လွှတ်‌ပေး‌ရေး အပါအဝင် သတင်း‌ရေးသား ‌ဖော်ပြမှုကို အ‌ကြောင်းပြုပြီး သတင်းမီဒီယာဥပ‌ဒေနှင့်မဟုတ်ဘဲ အခြားဥပ‌ဒေများနှင့် တရားစွဲဆို ထားမှုများကို ရုပ်သိမ်း‌ပေး‌ရေးအပြင် သတင်းလွတ်လပ်ခွင့် ခြိမ်း‌ခြောက်‌နေမှုများအား ရပ်တန့်‌ပေး‌ရေး စသည့်အချက်များကိုပါ ထည့်သွင်း‌ဖော်ပြ တိုက်တွန်းထားသည်။

ဖမ်းဆီးခံထားရသည့် သတင်းသမားများ၏အ‌ခြေအ‌နေနှင့်ပတ်သက်ပြီး ယ‌နေ့အထိ တစ်စုံတစ်ရာ စုံစမ်းသိရှိရခြင်း မရှိ‌သေးသ လို အဆိုပါသတင်းသမားများမှာ သတင်းရင်းမြစ်ရှိရာ သွား‌ရောက်ပြီး သတင်းယူခြင်းသာဖြစ်‌ကြောင်း ဖမ်းဆီးခံ သတင်းသမား များ၏ သက်ဆိုင်ရာ သတင်းဌာနတို့မှ တာဝန်ရှိသူများက ရှင်းလင်း‌ပြောဆိုသည်။

DVB သတင်းဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုတိုး‌ဇော်လတ်က “မူးယစ်‌ဆေးဝါး မီးရှို့တဲ့အခမ်းအနားလုပ်မယ်ဆိုပြီး TNLA က ဖုန်းဆက်တယ်။ ကျ‌နော်တို့သတင်း‌ထောက်‌တွေ လွှတ်တယ်။ အပြန်မှာ အဲဒီလိုဖြစ်တာ‌ပေါ့။ နမ့်ဆန်ရဲစခန်းကို ဖုန်းဆက် ‌တော့လည်း အဲဒီကိုမ‌ရောက်ဘူး။ ကာကွယ်‌ရေးဦးစီးဌာနထုတ်ပြန်ချက်မှာ လားရှိုးရဲစခန်းကိုပို့မယ်ဆိုလို့ ဆက်‌တော့လည်း မရှိဘူး။ ‌နောက်ပြီး မြန်မာပြည်မှာ အပြည့်အဝ မငြိမ်းချမ်း‌သေးပါဘူး။ ငြိမ်းချမ်း‌ရေးမယူထား‌သေးတဲ့သူ‌တွေဆီ သတင်းသွားယူ တိုင်း ဒီလိုဖြစ်‌နေမယ်ဆိုရင် ဒါဟာ သတင်းမီဒီယာလွတ်လပ်ခွင့်မှာ ပြဿနာ‌တွေ ရှိလာနိုင်တယ်”ဟု ညီလာခံတွင် ထည့်သွင်း ‌ပြောဆိုသွားသည်။

ယခုလို ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး လွတ်လပ်စွာ သတင်းရယူခွင့်ရရှိ‌ရေးတို့အတွက် ခြိမ်း‌ခြောက်မှုများဖြစ်လာမည်ကို သတင်း သမားများဘက်မှ စိုးရိမ်မှုများ ပိုမိုရှိ‌နေသလို ယခုဖြစ်ရပ်များမှာ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေး လမ်း‌ကြောင်းကို အ‌နှောက်အယှက်ဖြစ်‌စေနိုင်‌ကြောင်းလည်း သတင်းမီဒီယာသမားက ‌ထောက်ပြ‌ပြောဆို‌နေကြသည်။

အလားတူ အိတ်ဖွင့်‌ပေးစာ ‌ပေးပို့သည့် ဇွန်လ ၂၇ရက်‌နေ့တွင်ပင် ပ‌လောင်ပြည်နယ်လွတ်‌မြောက်‌ရေးတပ်ဦး (PSLF/TNLA) က ၎င်းတို့ကျင်းပသည့် နိုင်ငံတကာ မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေး‌နေ့ အထိမ်းအမှတ် အခမ်းအနားသို့ သတင်းလာယူခဲ့‌သော မီဒီယာသမားများအား မြန်မာ့တပ်မ‌တော်က ဖမ်းဆီးထိန်းသိမ်းထားမှုအ‌ပေါ် သတင်းထုတ်ပြန်ကာ ကန့်ကွက်ရှုတ်ချခဲ့ပြီး ပြန်လွှတ်‌ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများ၊ မီဒီယာအဖွဲ့များနှင့် ပြည်သူလူထုထံ တိုက်တွန်းထားသည်။

လွိုင်‌ကော်မြို့တွင် ကျင်းပသည့် ၅ကြိမ်‌မြောက် တိုင်းရင်းမီဒီယာညီလာခံ ဒုတိယ‌နေ့တွင် သတင်းသမားများ ဖမ်းဆီးခံရသည့် အ‌ခြေအ‌နေများအပြင် သတင်းရယူပိုင်ခွင့်အ‌ခြေအ‌နေများ၊ တိုင်းရင်းသားမီဒီယာမူဝါဒ မူ‌ဘောင်ဖြစ်‌ပေါ်လာ‌ရေးကိစ္စရပ်များ၊ တိုင်းရင်းမီဒီယာတွင် အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်‌ရေး ချဉ်းကပ် ‌ဆောင်ရွက်မှုမြှင့်တင်ခြင်း၊ အမျိုးသမီးသတင်း‌ထောက် များ၏ အခွင့်အ‌ရေးများကို တိုးမြှင့်ခြင်းများကို ‌ဆွေး‌နွေးခဲ့ကြပြီး ညီလာခံကို ဇွန်လ ၂၈ရက်‌နေ့အထိ သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။