Home သတင်း ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့ ပထမဆုံးအကြိမ် လွှတ်‌တော်‌လေ့လာ‌ရေးခရီး သွား‌ရောက်

ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့ ပထမဆုံးအကြိမ် လွှတ်‌တော်‌လေ့လာ‌ရေးခရီး သွား‌ရောက်

1818

ဇွန် ၂၂ ရက်၊ ၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့-KWEGမှ ‌နေပြည်‌တော်ရှိ ပြည်သူ့ လွှတ်‌တော်နှင့် အမျိုးသားလွှတ်‌တော် ၂ ရပ်ကို ဇွန်လ ၂ဝ ရက်‌နေ့တွင် ပထမဦးဆုံးအကြိမ် လွှတ်‌တော်‌လေ့လာ‌ရေးခရီးစဉ် သွား‌ရောက်ခဲ့သည်ဟု အဖွဲ့တာဝန်ရှိသူက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ခရီးစဉ်တွင် ကရင်ပြည်နယ် ဖားအံ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် လှှိုင်းဘွဲ စသည့် မြို့နယ် ၄ မြို့နယ်ရှိ ‌ကျေးရွာ‌ခေါင်း‌ဆောင် ၄၇ဦး ပါဝင်ကာ လွှတ်‌တော်များ လုပ်‌ဆောင်ချက်နှင့် ‌ဒေသဖွံ့ဖြိုး‌ရေး အ‌ထောက် အကူ ပြုရန် ရည်ရွယ်သွား‌ရောက်‌လေ့လာခြင်းဖြစ်သည်ဟု KWEG အရပ်သား ကာကွယ်ခြင်းစီမံချက် တာဝန်ခံ ‌နော်လားလယ်ထွန်းက ‌ပြောသည်။

“ကျမတို့အဖွဲ့မှာ ‌ကျေးရွာ ‌စောင့်ကြည့်‌ရေးအတွက် ၄ မြို့နယ်မှာဖွဲ့ထားတဲ့ ‌ခေါင်း‌ဆောင်‌တွေရှိတယ်။ အဲဒီ‌ခေါင်း ‌ဆောင်‌တွေ ပါတယ်။ ‌လေ့လာ‌ရေး ခရီး‌ပေးသွားတာကလည်း သူတို့ရွာဖွံ့ဖြိုးဖို့အတွက် လွှတ်‌တော်ကိုယ်စား လှယ်‌တွေနဲ့ ဘယ်လို ချိတ်ဆက်ရမလဲ၊ သူတို့ လိုအပ်ရင် ဘယ်ကိုစာတင်ရမလဲ၊ အမြင်ကျယ်သွား‌အောင် ‌ခေါ်သွားတာ ဖြစ်တယ်” ဟု ‌နော်လား လယ်ထွန်းက ‌ပြောသည်။

အဆိုပါ ‌လေ့လာ‌ရေး ခရီးစဉ်တွင် နိုင်ငံ‌တော်ဘတ်ဂျက် ခွဲ‌ဝေချပြမှု ပုံစံ၊ ဖွံ့ဖြိုး‌ရေး လုပ်‌ဆောင်လိုပါက လွှတ်‌တော် ကိုယ်စားလှယ်များထံ တင်ပြရသည့် ပုံစံအဆင့်ဆင့်ကို လွှတ်‌တော်တာဝန်ရှိသူများက ရှင်းလင်း ‌ပြောပြခဲ့သည်။ ခရီးစဉ်တွင် ငြိမ်းချမ်း‌ရေး၊ က‌လေးသူငယ်အခွင့်အ‌ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ လွှတ်‌တော်‌ကော်မတီများနှင့် ‌တွေ့ဆုံ‌မေးမြန်းရန် စီစဉ်ခဲ့‌သော်လည်း ကိုယ်စားလှယ်များ မအားသည့်အတွက် ‌မေးခွန်းများ‌မေးခွင့်မရခဲ့ဟု ‌လေ့လာ‌ရေးခရီးစဉ်သွား‌ရောက်ခဲ့သူများက ‌ပြောသည်။

လှှိုင်းဘွဲမြို့နယ် ဝိုင်း‌ထော်ရွာမှ ကရင်အမျိုးသမီး‌ခေါင်း‌ဆောင် နန်း‌ရွှေမြိုင်က “ဒီလိုလွှတ်‌တော်‌နေရာမျိုးမှာ သွား ‌ရောက်‌လေ့လာခွင့်ရမယ်ဆိုတာ မထင်ထားဘူး။ အ‌တွေ့အကြုံလည်းရတယ်။ လွှတ်‌တော် ကိုယ်စားလှယ်‌တွေနဲ့ ရင်းနှီးမှုရလာတယ်။ ကျမတို့ရွာမှာဆိုရင် ဖွံ့ဖြိုး‌ရေးပိုင်းအများကြီးလိုတယ်။ ရွာပြန်‌ရောက်ရင်‌တော့ ကိုယ်သိထားတဲ့ဟာ အုပ်ချုပ်‌ရေးမှူး ‌တွေကို ‌ပြောပြပြီး ပြန်တိုင်ပင်မယ်” ဟု ‌ပြောသည်။

ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့သည် ကရင်အမျိုးသမီးများအတွက် အမျိုးသမီးအခွင့်အ‌ရေး ကျား၊မ တန်းတူညီမျှ‌ရေးများနှင့် သက်ဆိုင်သည့် အသိပညာ‌ပေးခြင်း၊ လိုက်ပါကူညီ‌ဆောင်ရွက်‌ပေးခြင်း စသည့်တို့ကို လုပ်‌ဆောင်လျှက်ရှိပြီး လက်ရှိ ကရင်ပြည်နယ် မြို့နယ် ၄ ခုရှိ ‌ကျေးရွာ ၂ဝ ‌ကျော်တွင် အရပ်သား ကာကွယ် ‌စောင့်‌ရှောက်‌ရေး ပညာ‌ပေးလုပ်ငန်းများ လုပ်‌ဆောင်‌နေ‌ကြောင်း အဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။