Home သတင်း ကရင်စာသင် ဆရာ၊ ဆရာများ ခွဲခြားဆက်ဆံခံရပါက တိုင်ကြားရန် ‌ရေးရာဝန်ကြီး‌ပြော

ကရင်စာသင် ဆရာ၊ ဆရာများ ခွဲခြားဆက်ဆံခံရပါက တိုင်ကြားရန် ‌ရေးရာဝန်ကြီး‌ပြော

12745

ဇွန် ၁၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း အ‌ခြေခံပညာ‌ကျောင်းများ၌ ကရင်စာသင်ဆရာ၊ ဆရာမများကို ခွဲခြား ဆက်ဆံမူများရှိပါက ဆိုင်ရာမြို့နယ်၊ ခရိုင် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌတို့မှ တဆင့် မိမိထံ တိုင်ကြားနိုင်‌ကြောင်း ဇွန် ၁ဝ ရက်‌နေ့ တွင် တိုက်ကြီးမြို့နယ်၊ ‌ရေတာက‌လေး ‌ကျေးရွာ၌ ကရင်စာသင် ဆရာ၊ ဆရာမများ နှင့် ‌တွေ့ဆုံပွဲတွင် တိုင်းစာယဉ်ဥက္ကဌ၊ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက ‌ပြောသည်။

သူမက “ကျမ သတင်း‌တွေကြား‌နေရတယ်။ ကရင်စာ‌ပေသင်‌နေတဲ့ ဆရာ၊ ဆရာမ‌တွေ အ‌ပေါ်မှာ ဒီမြန်မာစာကို သင်‌နေတဲ့ ဆရာ၊ ဆရာမ‌တွေက‌နေပြီး‌တော့ ခွဲခြားဆက်ဆံတာ မျိုး‌တွေဖြစ်‌နေတယ်ဆိုတဲ့ အရာကို ကြားရပါ တယ်။ ဒီအခမ်းအနားမ စခင်မှာ ဒီ‌ဒေသက ‌ကျောင်းအုပ်ဆရာမကြီး‌တွေ ဆရာ၊ ဆရာမ‌တွေကို ‌တွေ့ဆုံရှင်းပြခဲ့ တယ်။ လူများစုတိုင်းရင်းသားများ သည် လူနည်းစုတိုင်းရင်းသား‌တွေရဲ့ အခွင့်အ‌ရေးကို အထင်‌သေးလို့ မရဘူး၊ ခွဲခြားဆက်ဆံလို့ မရဘူးဆိုတဲ့ အရာတခုကို ရှင်းပြခဲ့ပါတယ်။ ဒီကြားထဲမှာ ခွဲခြားတာ‌တွေရှိခဲ့မယ်ဆိုရင် မြိုနယ် ဥက္ကဌ၊ ခရိုင် ဥက္ကဌ ‌တွေက‌နေတစ်ဆင့် ကျမဆီကို တိုင်ကြားစာပို့လို့ ရတယ်” ဟု ‌ပြောသည်။

ထို့အပြင် ကရင်စာသင် ဆရာ၊ ဆရာမများအ‌နေဖြင့် သင်ကြား‌ရေးအပိုင်း တန်းတူအခွင့်အ‌ရေးရှိလာသည်နှင့် အတူ ကရင်‌ကျောင်းသူ၊ ‌ကျောင်းသားများကို ကရင်စာ‌ပေ ပိုမိုတတ်‌မြောက်‌အောင်သင်ကြား‌ပေးရန်နှင့် အခြား ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များကို သင်ကြားနိုင်ရန် ကြိုတင်‌လေ့လာပြင်ဆင် ထားရန်လို‌ကြောင်း ကရင်‌ရေးရာဝန်ကြီး ကဆက်‌ပြောသည်။

တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ‌ရေတာက‌လေး‌ကျေးရွာ ဘုရား‌ကျောင်း၌ ဇွန် ၁ဝ ရက်‌နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ် သည့် ကရင် ‌ရေးရာဝန်ကြီးနှင့် ကရင်စာသင်ဆရာ၊ ဆရာမများ ‌တွေ့ဆုံပွဲသို့ ခရိုင်နှင့် မြို့နယ်အဆင့် စာယဉ် တာဝန်ရှိသူများ ဆရာ၊ ဆရာမများ ‌ဒေသခံများအပါအဝင် စုစု‌ပေါင်း ၁၂ဝ ဦးခန့် တက်‌ရောက်ခဲ့သည်။
လက်ရှိ ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း အ‌ခြေခံပညာ‌ကျောင်းများတွင် ကရင်စာသင်ကြားရာ၌ အစိုးရ ဝန်ထမ်း ဆရာ၊ ဆရာမများ ပါဝင်သလို စာယဉ်များမှ စီစဉ်‌ပေးသည့် ပြင်ပ ဆရာ၊ ဆရာမများလည်း ပါဝင်သင်ကြားလျှက် ရှိ‌ကြောင်း တိုင်း စာယဉ်တာဝန်ရှိသူများက ‌ပြောသည်။

တိုက်ကြီးမြို့နယ်အတွင်း အချို့‌ကျေးရွာများ၌ ကရင်စာသင် ဆရာ၊ ဆရာမများကို ခွဲခြားဆက်ဆံသည့် သ‌ဘော ‌ဆောင်သည့် ဖြစ်စဉ်အချို့ ရှိခဲ့သလို ဆိုင်ရာမြို့နယ် ပညာ‌ရေးဝန်ထမ်းများကို ကရင်‌ရေးရာဝန်ကြီးက ‌တွေ့ဆုံရှင်းလင်း ‌ပြောကြားထားသည်ဟု ရန်ကုန် ‌မြောက်ပိုင်းခရိုင် စာယဉ် ဥက္ကဌ ‌စော‌မောင်တိုးက ‌ကေအိုင်စီသို့ ဇွန် ၁၃ ရက်‌နေ့ တွင် ‌ပြောသည်။

လက်ရှိရန်ကုန်တိုင်း ‌ဒေသကြီးအတွင်း ယခုပညာသင်နှစ်တွင် အ‌ခြေခံပညာစာသင်‌ကျောင်းများ၌ ကရင်စာသင် ကြား‌ပေး လျှက်ရှိပြီး လာမည့် ဇူလိုင် လဆန်းပိုင်းတွင် သင်ရိုးသစ် KG တန်းအတွက် ဆရာ၊ ဆရာမများ မွမ်းမံ သင်တန်းကို ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ကျမ်းစာ‌ကျောင်းဝင်းခန်းမ၌ ပြုလုပ်သွားရန်ရှိ‌ကြောင်း တိုင်းစာယဉ် တာဝန်ရှိသူများထံမှ သိရသည်။