Home သတင်း OKRSOအဖွဲ့မှ ကရင်လူငယ်များကို လူမှုထူးချွန်ဆု‌ပေးအပ်သွားရန် စီစဉ်

OKRSOအဖွဲ့မှ ကရင်လူငယ်များကို လူမှုထူးချွန်ဆု‌ပေးအပ်သွားရန် စီစဉ်

2332

‌မေ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

ယခုနှစ်တွင် ကျ‌ရောက်သည့် ပြည်ပ‌ရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့-OKRSO ဖွဲ့စည်းခြင်း ၂၅ နှစ်ပြည့် ‌ငွေရတုအထိမ်းအမှတ်ပွဲတွင် ကရင်အမျိုးသား‌ရေးအ‌ပေါ် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး လူမှု‌ရေး အသိစိတ်ဓာတ် အပြည့်ရှိသည့် လူငယ်များကို လူမှုထူးချွန်ဆု‌ပေးအပ်သွားရန် စီစဉ်လျှက်ရှိ သည်ဟု အထိမ်း အမှတ်ပွဲဖြစ် ‌မြောက်‌ရေး ‌ကော်မတီအဖွဲ့ထံမှ သိရသည်။

‌မေလ ၂၁ ရက်ကပြုလုပ်ခဲ့သည့် OKRSO၏ ‌ငွေရတုပွဲဖြစ်‌မြောက်‌ရေးအစည်းအ‌ဝေး၌ ‌ငွေရတုသဘင် အထိမ်းအမှတ်ပွဲဖြစ် ‌မြောက်‌ရေး‌ကော်မတီဖွဲ့စည်းခဲ့ပြီး‌နောက် ပထမဦးဆုံးအကြိမ် ပြုလုပ်မည့် ၎င်း‌ငွေရတု အထိမ်းအမှတ်ပွဲ၌ ၎င်းဆုကို ‌ပေးအပ်သွားရန်အတွက် စည်း‌ဝေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဖြစ်‌မြောက်‌ရေး ‌ကော်မတီ၏ တွဲဘက်အတွင်း‌ရေးမှူး ‌စောအဲသိုက ‌ပြောသည်။

၎င်းက “ဒီ‌ငွေရတုသဘင်ပွဲမှာ အမှတ်တရအ‌နေနဲ့ လူမှု‌ရေးအသိစိတ်ဓာတ်နဲ့ အမျိုးသား‌ရေးကို တစိုက်မတ်မတ် လုပ်‌ဆောင်‌နေတဲ့ လူငယ်‌တွေကိုဂုဏ်ပြုချင်တယ်။ အသိအမှတ်ပြုသွားချင်တယ်။ ပြီး‌တော့ သူတို့ရဲ့လုပ်‌ဆောင် ‌နေတဲ့ လူမှု‌ရေးလုပ်ငန်းပိုင်း‌တွေမှာ အားအင်‌တွေတက်သွား‌အောင် ၂၁ ရက်‌နေ့က ဖြစ်‌မြောက်‌ရေး‌ကော်မတီ ဖွဲ့ပြီး‌တော့ ဒီဆုကိုပါ ‌ပေးဖို့ စီစဉ်လိုက်တာ‌ပေါ့ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ လူမှုထူးချွန်ဆု‌ပေးအပ်ရန်အတွက် သက်ဆိုင်ရာ ကရင်လူမှုအဖွဲ့အစည်းများအား လူမှုထူးချွန်ဆု‌ပေး အပ်လိုသည့် ကရင်လူငယ်များကို
အဆိုတင်သွင်းနိုင်ရန် ယမန်‌နေ့ ‌မေလ ၂၆ရက်‌နေ့ ရက်စွဲဖြင့် OKRSOမှ ဖိတ်‌ခေါ်စာများ စတင်‌ပေးပို့လိုက်ပြီးဟု သိရသည်။

၎င်းဖိတ်‌ခေါ်စာတွင် သက်ဆိုင်ရာ ကရင်လူမှုအဖွဲ့အစည်းများအ‌နေဖြင့် မိမိဆန္ဒအ‌လျောက် ထူးချွန်ဆု‌ပေးအပ်လိုသည့် ကရင်လူငယ်များ၏ ကိုယ်‌ရေးရာဇဝင်အချက်အလက်များနှင့်‌ပေးအပ်သင့်သည့် အချက်အလက်များကို မြန်မာဘာသာဖြင့် A4 စာမျက်နှာတစ်မျက်နှာထက် မ‌ကျော်‌သော တင်ပြချက်ဖြင့် okrso2014@gmail.com အီး‌မေးလ်တစ်ခုထဲကိုသာ ဇွန်လ ၂ဝရက်‌နေ့ ‌နောက်ဆုံးထား၍ ‌ပေးပို့သွားရမည်ဟု ‌ဖော်ပြပါရှိသည်။

ထိုသို့ အဆိုတင်သွင်း‌ပေးပို့လာသည့် အချက်အလက်လူဦး‌ရေအ‌ပေါ်တွင်မူတည်၍ ‌ပေးအပ်သင့်သည့် လူငယ်များကို OKRSO အဖွဲ့၏ နာယက အဖွဲ့ဝင်များမှာ စိစစ်‌ရွေးချယ်သွားမည်ဖြစ်ပြီး ၎င်းဆုရရှိသည့် လူငယ်များကို ဇူလိုင်လအတွင်း ထိုင်း နိုင်ငံဘန်‌ကောက်မြို့တွင် ကျင်းပရန်စီစဉ်ထားသည့် ၎င်းတို့‌ငွေရတုပွဲအခမ်းအနား၌ ဂုဏ်ပြုလွှာ နှင့် အသိမှတ်ပြုအမှတ်တံဆိပ်ကို ‌ပေးအပ်သွားမည်ဟု OKRSOက ဆိုသည်။

ပြည်ပ‌ရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့-OKRSOကို ပြည်ပ‌ရောက် ကရင်လူမျိုးများ ၏ လက်လှမ်းမမီသည့် လူမှု‌ရေး၊ ပညာ‌ရေးအခက်အခဲများကို ကူညီလုပ်‌ဆောင်‌ပေးရန်နှင့် စာ‌ပေ၊ ယဉ်‌ကျေးမှုများ ကို မြှင့်တင်သွားရန်အတွက် ရည်ရွယ်၍ ၁၉၉၂ ခုနှစ်၊ ဇွန်လ ၁၄ရက်‌နေ့တွင် ဘန်‌ကောက်မြို့တစ်‌နေရာ၌ စတင်ဖွဲ့စည်းခဲ့သည်။