Home သတင်း BGF တပ်ဖွဲ့ ဖမ်းထားသည့် ရွာသားများကို အမြန်ဆုံးပြန်လွတ်‌ပေးရန် မိသားစုဝင်များလိုလား

BGF တပ်ဖွဲ့ ဖမ်းထားသည့် ရွာသားများကို အမြန်ဆုံးပြန်လွတ်‌ပေးရန် မိသားစုဝင်များလိုလား

2224

‌မေလ ၃၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်မ‌ရောမြို့နယ် ကြီးအုပ်‌ကျေးရွာအုပ်စု ကရင်လိုင်‌ကျေးရွာ ဒါလီသစ်‌တောကြိုးဝိုင်းတွင် ‌မေလ ၂၃ ရက် ‌နေ့က ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ် (BGF) အမှတ် ၁၀၂၁ တပ်ရင်း၏ ဖမ်းဆီးခြင်းခံရပြီး ပြန်လည်လွတ် ‌မြောက် လာခြင်းမရှိ‌သေးသည့် ကရင်လိုင်‌ကျေးရွာသား ‌ဒေသခံ ၂ ဦးအား အမြန်ဆုံးပြန်လွတ်‌ပေးရန် မိသားစုဝင်များက လို လား လျှက်ရှိ‌ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ကရင်လိုင်‌ကျေးရွာသား ဦးတင်ထွန်‌လေး၏ ဇနီးဖြစ်သူ ‌နော်ဖ‌လေးဝါးက “ဘာအ‌ကြောင်း ကိစ္စမှန်းမသိ ဖမ်းထားတာ ရက်ကြာလာ‌တော့ ဘယ်လို‌နေ ဘယ်လိုစားရမှန်းမသိ စိတ်ပူတယ်။ ဘယ်သူမှ အ‌ကြောင်းမကြားလာ‌တော့ အရမ်းသွား‌တွေ့မရဲဘူး။ တစ်‌နေ့လုပ်မှ တစ်‌နေ့စားရတာပါ။ ‌ယောက်ျားလဲမရှိ‌တော့ က‌လေး‌တွေလည်း‌ကျောင်းမအပ်နိုင် ‌သေးဘူး။ စာဝတ်‌နေ‌ရေးလည်း အခက်အခဲရှိတယ်။ အမြန်ဆုံးပြန်လွတ်‌ပေးဖို့ အထက်လူကြီ‌တွေကို ‌တောင်းဆိုချင်ပါ တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဒါလီသစ်‌တောကြိုးဝိုင်းအတွင်း ရာဘာစိုက်ပျိုးရန် ခုတ်ထွင်ရှင်းလင်းမှုများပြုလုပ်‌နေသည့် က ရင်လိုင်‌ကျေးရွာသား ၄ ဦးကို နယ်ခြား‌စောင့်တပ် BGF အမှတ် ၁၀၂၁ တပ်ရင်းမှ တပ်ဖွဲ့ဝင် အင်အား ၂ဝ ‌ကျော် ‌ရောက်ရှိ လာပြီး အဆိုပါ ‌ဒေသခံများအား လက်ထိပ်ခတ်ကာ ‌ခေါ်‌ဆောင်သွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခံ မိသားစုဝင်များဘက်က ‌ပြောသည်။

နယ်ခြား‌စောင့်တပ်၏ ဖမ်းဆီးခြင်းခံထားရသူ ၄ ဦးအနက် ၂ ဦးသာ ပြန်လည်လွတ်‌မြောက်လာ‌သေးပြီး ဆက်လက်ဖမ်း ဆီး ခံထားရဆဲဖြစ်သည့် ကရင်လိုင်ရွာမှ ‌စောတင်ထွန်း‌လေးနှင့် ဦးတရုတ်တို့ ၂ ဦးအတွက် မိသားစု ဝင်များအ‌နေဖြင့် ၎င်းတို့ အား အမြန်ဆုံးပြန်လွတ်‌ပေးရန် ‌တောင်းဆို‌နေကြခြင်းဖြစ်သည်။

‌ဒေသခံများ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ BGF အမှတ် ၁၀၂၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌စောဘီလူးက “ BGF မဖြစ်ခင်က တည်းက ထိန်းသိမ်းခဲ့တဲ့ ‌မြေ‌နေရာမှာ လာပြီးလုပ်လို့ ‌ခေါ်ပြီး‌တော့ နားလည်‌အောင်ရှင်းပြတာပဲ ဖမ်းဆီးတာ မဟုတ်ဘူး။ အဲ ဒီမှာရှိတဲ့ ရွာတိုင်းကို ‌ပေးစိုက်ထားတာ သူများ‌တွေ ရာဘာခြစ်စားကုန်ပြီး။ အဲဒီရွာကပဲ စိုက်လိုက်၊ ‌ရောင်း စားလိုက်နဲ့၊ မ ထိန်းသိမ်းပဲ သူများ‌ရောင်းစားလို့ ကုန်တာကြာပြီး။ အဲ‌နေရာ တစ်ကွက်ပဲ ကျန်ပါတယ်။ ‌ကျေးရွာ တာဝန်ရှိသူ ‌တွေအ‌နေနဲ့ လာပြီး‌တွေ့ဆုံတာ မရှိဘူး ။ အချိန်မ‌ရွေး ပြန်လွတ်လို့ရတယ်” ဟု ‌မေလ ၃ဝ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းဒါလီကြိုးဝိုင်းအတွင်း ရွာသားများ သစ်ပင်သွား‌ရောက်စိုက်ပျိုးသည့် ‌မြေ‌နေရာကို အစိုးရက တရားဝင်ချထား‌ပေးသည့် ‌မြေဧရိယာအတွင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြသလို BGF ဘက်ကလည်း ၂၀၁၂ ခုနှစ်အတွင်းက တပ်‌မြေ အဖြစ် သတ်မှတ်ထားသည့် ‌မြေဧရိယာ ၆၀ဝ အတွင်း ပါဝင်သည်ဟု ‌ပြောဆိုသည့်အတွက် အငြင်းအပွား ‌မြေ‌နေ ရာများ ဖြစ်သည်ဟု သိရသည်။

၂၀၁၅ ခုနှစ် ဒါလီသစ်‌တောကြိုးဝိုင်းတွင် နိုင်ငံ‌တော်မှ ‌ဒေသခံ ၃ဝ ဦးကို စိုက်ပျိုး‌မြေ ၈၆၄ ဧက စိုက်ပျိုးခွင့်‌ပေးခဲ့ခြင်းဖြစ် သည်ဟုသိရပြီး ‌ဒေသခံများက ကျွန်း၊ ပျဉ်းကတိုး၊ မ‌ဟော်ဂနီပင်များ စိုက်ပျိုးရန်အတွက် ယခင်လကတည်းက BGFမှ တား ဆီးမှုများပြုလုပ်ခဲ့‌သေး‌ကြောင်းလည်း စိုပြည်စိမ်းလန်း မြန်မာတစ်ဝှမ်း ကြီးငယ် သစ်ပင် စိုက်ပျိုး‌ရေးအဖွဲ့ ဥက္ကဌ ‌စောဖုန်း နိုင်က ‌ပြောသည်။

ယင်းကိစ္စအ‌ပေါ် ကျိုက်မ‌ရောမြို့နယ် သစ်‌တောဦးစီးဌာနမှ ဦးစီးမှူးဦးဆန်းဝင်းထွန်းက “ဒါလီသစ်‌တောကြိုးဝိုင်းမှာ ၁၆၊ ၂ဝ၊ ၂၁၊ ၂၃၊ အကွက်‌တွေမှာ ၂၀၁၄ ခုနှစ်က ရာဘာစိုက်ပျိုးဖို့ ‌ဒေသခံ ၃ဝ ဦး ‌လျှောက်ထားတယ်။ ဧကပြည့်မီ‌အောင် စိုက်ပျိုး ဖို့ ညွှန်ကြားထားတယ်။ ၈ဝ၅ ဧက‌တောင်းခံထားတာ ကွင်းဆင်းစစ်‌ဆေးတဲ့အခါမှာ ၃.၂၅ ဧကပဲ စိုက်ထားတယ်။ ၇ဝ ရာ ခိုင်နှုန်းမပြည့်လို့ စာချုပ်မချုပ်‌ပေး‌သေးဘူး။ BGFရဲ့ တိုက်ရိုက်စိုးမိုးမှု ဧရိယာ နယ်‌မြေ‌တော့မသိဘူး ။ ရွာရဲ့အ‌နေအထားနဲ့ အဖွဲ့အစည်းရဲ့အ‌နေထား မ‌ပြောနိုင်‌သေးဘူး” ဟု ‌မေလ ၃၁ ရက်‌နေ့တွင် ‌ကေအိုင်စီသို့‌ပြောသည်။

ဒါလီသစ်‌တောကြိုးဝိုင်း ဧရိယာအတွင်း ဖြစ်ပွားသည့် ကိစ္စနှင့်ပတ်သက်၍ မွန်‌ဒေသ‌မြေယာ အသုံးချမှု ကွန်ယက်အဖွဲ့မှ ‌မေလ ၂၉ ရက်‌နေ့က မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီးထံသို့ စာ‌ရေးတင်ပြထား‌ကြောင်း လည်း သိရသည်။