Home သတင်း မြိုင်ကြီးငူစစ်‌ဘေး ‌ရှောင်စခန်း၌ အ‌ဆောက်အဦးပြန်တည်‌ဆောက်ရန် အ‌ရေး‌ပေါ်လိုအပ်

မြိုင်ကြီးငူစစ်‌ဘေး ‌ရှောင်စခန်း၌ အ‌ဆောက်အဦးပြန်တည်‌ဆောက်ရန် အ‌ရေး‌ပေါ်လိုအပ်

2409

‌မေ ၂၂ ရက်၊ ၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်း၌ မိုးတွင်း ကာလ လုံခြုံမှုရှိ‌ရေးအတွက် အ‌ခြေခံ အ‌ဆောက်အဦးနှင့် တဲများ ပြန်လည် ပြင်ဆင်ရန် အိမ်မိုးဖက်နှင့် ဝါးများ အ‌ရေး‌ပေါ်လိုအပ်လျက် ရှိသည်ဟု စခန်းတာဝန်ရှိသူ တစ်ဦး ဖြစ်သည့် ‌စောပိုင်(စဝ်ပါ်)က ‌ကေအိုင်စီသို့ ‌မေ ၂၂ ရက်‌နေ့တွင် ‌ပြောသည်။

သူက “ မိုးတွင်း‌ရောက်လာပြီးဆို‌တော့ အ‌ဆောက်အဦး‌တွေပြင်ဖို့ အ‌ရေး‌ပေါ်လိုအပ်တယ်။ မပြင်ရင်‌နေလို့ မရ ဘူး။ ရိက္ခာလည်း လိုအပ်သလို
‌နေဖို့အ‌ဆောက်အဦးပိုင်းမှာလည်း လိုအပ်တယ်။ အင်ဖက်‌တွေ၊ ‌တောင်ထန်း ‌တွေက ဘုန်းကြီး တဝက်ဝယ်ထားတယ်။ မ‌လောက်‌သေးဘူး။ တချို့က ဖက်‌တွေ၊ ဝါး‌တွေ လာ‌တောင်း‌တော့ အပြင်မှာ ကိုယ့်ဘာသာကိုယ်ပဲ သွားရှာ‌တော့လို့‌ပြောလိုက်တယ်။ အားကိုးစရာရှိတဲ့ မိသားစု‌တွေက‌တော့ သွားရှာ နိုင်တယ်။ မရှိတဲ့ မိသားစု‌တွေက‌တော့ ကျ‌နော်တို့လည်း အမျိုးမျိုးစဉ်းစား‌ပေးရတာ‌ပေါ့” ဟု ‌ပြော သည်။

စစ်‌ဘေး‌ရှောင်များအ‌ဆောက်အဦး ပြန်လည်ပြင်ဆင်နိုင်‌ရေးအတွက် အလှူရှင်များအပြင် ပြည်နယ်အစိုးရမှ ကူညီ‌ပေးရန် လိုလား‌သော်လည်း လက်ရှိအချိန်ထိ အ‌ခြေခံအ‌ဆောက်အဦး ပြင်ဆင်နိုင်‌ရေးနှင့် ပတ်သက်၍ အစိုးရဘက်မှ လုံးဝအကူညီ‌ပေးမှု မရှိ‌သေး‌ကြောင်း ၎င်းကဖြည့်စွက် ‌ပြောသည်။

အဆိုပါ မြိုင်ကြီးငူ စစ်‌ဘေး‌ရှေင်များအ‌နေဖြင့် စားနပ်ရိက္ခာများလည်း လိုအပ်‌နေသလို အလှူရှင်များက စာနပ် ရိက္ခာအပြင် ခိုလှုံ‌နေသည့် အ‌ဆောက်အဦးအတွက် အမိုးအကာများ လာ‌ရောက်လှူဒါန်း‌သော်လည်း လုံ‌လောက်မှု မရှိ‌သေး‌ကြောင်း စခန်းတာဝန်ရှိသူများက ‌ပြောသည်။

မဲ့သ‌ဝေါ‌ကျေးရွာမှ စစ်‌ဘေး‌ရှောင် တစ်ဦးဖြစ်သူ ‌နော်လားက “ အ‌နောက က‌လေးငယ်‌တွေကလွဲပြီး အားကိုး ရမယ့်လူမရှိ‌တော့ သစ်‌တွေ၊ ဝါး‌တွေ သွားမရှာနိုင်ဘူး။ အ‌နောရွာမှာ‌နေတုန်းက က‌လေးနားကပ်‌တွေ တစ် ‌ယောက် တစ်စုံ ဝယ်ထားတယ်။ အဲဒါကို ထု‌ရောင်းပြီး‌တော့ စားစရာ ‌ဆေးဖိုးဝါးခ အတွက်သုံးတယ်။ ‌နောက်ပြီး ကျမတို့ ‌နေတဲ့ တဲပြန်ပြင်ဖို့ ဝါး‌တွေ၊ ဖက်‌တွေ ဝယ်နိုင်တာ‌ပေါ့ ပိုက်ဆံကုန်ရင်‌တော့ ထမင်းနဲ့ ဆားနဲ့ပဲ စားရ ‌တော့မယ် ထင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလကတည်းက မဲ့သ‌ဝေါ‌ဒေသ တိုက်ပွဲများ‌ကြောင့် စစ်‌ဘေး‌ရှောင်များသည် မြိုင်ကြီးငူတွင် ၈ လ‌ကျော်ကြာ လာ‌ရောက်ခိုလှုံ‌နေရသလို လက်ရှိအချိန်တွင် လူဦး‌ရေ ၅ဝဝဝ‌ကျော်နှင့် အိမ်‌ထောင်စု ၁ဝဝဝ‌ကျော်ရှိပြီး ‌မြေမြုပ်မိုင်း‌ကြောင့် ‌နေရပ်ပြန်မရဲသည့်အပြင် တိုက်ပွဲ မငြိမ်‌သေးသည့် အတွက် ‌ကြောင့်လည်း ပါဝင်သည်ဟု အသီးသီး ‌ပြောဆို‌နေကြသည်။