Home သတင်း ၄၇ ကြိမ်‌မြောက် စာ/ယဉ် စု‌ပေါင်းသင်တန်းဆင်းပွဲ မွန်ပြည်နယ်တွင် ပထမဆုံးအကြိမ် ကျင်းပပြီးစီး

၄၇ ကြိမ်‌မြောက် စာ/ယဉ် စု‌ပေါင်းသင်တန်းဆင်းပွဲ မွန်ပြည်နယ်တွင် ပထမဆုံးအကြိမ် ကျင်းပပြီးစီး

2417

‌မေ ၁၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်း (ကရင်ပြည်နယ်စာယဉ်)က ဦး‌ဆောင် ပြုလုပ်သည့် ၄၇ ကြိမ်‌မြောက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲကို မွန်ပြည်နယ်၊ ‌ပေါင်မြို့ နယ်၊ ဆင်ရွာ၌ ၂၀၁၇ ခုနှစ်၊ ‌မေ ၁ဝ ရက်‌နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးသွားပြီး ဖြစ်သည်။

အဆိုပါ စာယဉ်စု‌ပေါင်းသင်တန်းဆင်းပွဲကို ‌မေ ၆ ရက်မှ ၉ ရက်‌နေ့ထိ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု အနုပညာ ဆိုင်ရာ ပြိုင်ပွဲ အသီးသီးကျင်းပခဲ့ပြီး ‌မေ ၁ဝ ရက်‌နေ့တွင် သင်တန်းဆင်းပွဲနှင့် ထူးချွန်ဆု ‌ပေးပွဲပူးတွဲကျင်းပခဲ့ သလို တစ်နှစ်ထက်တနှစ် သင်တန်းသားအ‌ရေအတွက်နှင့် သင်တန်းအမျိုးအစား ကဏ္ဍအလိုက် တိုးတက်လာ သည့်အတွက် များစွာ‌ကျေနပ်မိသည်ဟု သင်တန်းမှူး ‌စောလျား‌ဖေါင်မနိုက်ထွန့်က ယခုလို ‌ပြောသည်။

၎င်းက“ မနှစ်က သင်တန်းသား ၃,၀၀ဝ ဝန်းကျင်ရှိပြီး ဒီနှစ် ၃၄၀ဝ ‌ကျော်အထိ ‌ရောက်လာလို့ သင်တန်းသား ၄၀ဝ ‌ကျော်တိုးလာတယ်။ သင်တန်းသား‌တွေဟာ စာ‌ပေ‌ရော ယဉ်‌ကျေးမှုမှာပါ စွမ်းရည်‌တွေ တိုးတက်လာ တယ်။ သင်တန်းကို လာ‌ရောက်ဖို့လည်း နှစ်စဉ် ‌နေရာ‌ဒေသစုံကို လက်လှမ်းမီသ‌လောက် ဖိတ်‌နေ ဆဲပါပဲ။ တကယ်လို့ မွန်ပြည်နယ်သာမက တနသင်္ာရီတိုင်းဖြစ်ဖြစ်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီဖြစ်ဖြစ် သင်တန်းဆင်းပွဲ ကျင်းပခွင့်ကို ကမ်းလှမ်းလာရင်လည်း ဝမ်း‌မြောက်စွာနဲ့ ကျင်းပခွင့်‌ပေးမှာပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စု‌ပေါင်းသင်တန်းဆင်းပွဲ အခမ်းအနားသို့ ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ ပြည်နယ်နှင့် မြို့နယ် အသီးသီးရှိ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီဝင်များ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်၊ မွန်ပြည်နယ် လွှတ်‌တော် ဥက္ကဌ ‌ဒေါ်တင်အိ၊ မွန်ပြည်နယ် ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင် နှင့် သင်တန်းသားများ၊ ဧည့်သည်‌တော်များအပါအဝင် စုစု‌ပေါင်း ၄,၀၀ဝ ဦး‌ကျော်တက်‌ရောက်ခဲ့သည်။

ထို့အပြင် သင်တန်းဆင်းပွဲတွင် စာ‌ပေယဉ်‌ကျေးမှုနှင့် ပတ်သက်သည့် ကရင်စာ‌ပေထူးချွန်ဆု၊ ပန်းချီဆု၊ ‌တေးသီ ချင်းဆု၊ ရိုးရာတူရိယာ အတီးဆု၊ ဒုံးအကဆု စသဖြင့် အသီးသီးချီးမြှင့်ခဲ့သလို ကရင်အနုပညာ‌လောက အတွက်လည်း ‌တေး‌ရေး၊ ‌တေးဆို၊ သရုပ်‌ဆောင် ထူးချွန်ဆုများကိုလည်း အသီးသီး ‌ပေးအပ်ခဲ့သည်။ သင်တန်းဆင်းပွဲ ဒုံးပြိုင်ပွဲတွင် အုပ်စု (က) တွင် ပထမဆုကို အိုင်သိုင်ကလိုင့်(ရ‌သေ့ပျံ)ဒုံးနှင့် အုပ်စု(ခ)တွင် ပုလိန်ရွာ ဒုံးအဖွဲ့တို့ ပထမဆု အသီးသီး ရရှိခဲ့သည်။

အဆိုပါ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုစု‌ပေါင်းသင်တန်းဆင်းပွဲ ၄၆ ကြိမ်‌မြောက်ကို ကရင်ပြည်နယ်၊ မြို့နယ် ငါးခုအတွင်းရှိ ‌ကျေးရွာများတွင် သာလှည့်ပတ်ကျင်းပခဲ့‌သော်လည်း ယခု ၄၇ ကြိမ်‌မြောက် သင်တန်းဆင်းပွဲကို မွန်ပြည်နယ်၌ ပထမဦးဆုံး အကြိမ် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး လာမည့် ၄၈ ကြိမ်‌မြောက် သင်တန်းဆင်းပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့၊ ‌ကော့ပရံရွာ၌ ပြုလုပ်သွားမည်ဖြစ်‌ကြောင်း ပြည်နယ် စာယဉ်တာဝန်ရှိသူများထံမှ သိရသည်။